YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက် (၄၀) နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions

14 ၏ နေ့ 14

မိတ်ဆွေသည်လည်း အသက်ရှင်လိမ့်မည်

ကျွန်ုပ်တို့အားလုံးသည် မိမိအသက်တာတွင် တည်ငြိမ်မှုရှိသည်ကို လိုလားကြပါသည်။ အားလုံးသည် မပြောင်းလဲဘဲ သည်အတိုင်းရှိနေပြီး ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်သည်ဟု ကျွန်ုပ်တို့ယူဆတတ်ကြသည်။ အလုပ်မှနှုတ်ထွက်ရခြင်း (သို့) အလုပ်ပြုတ်ခြင်း၊ ကားတိုက်မှုဖြင့် ဒဏ်ရာရခြင်း၊ အနာရောဂါတစ်စုံတစ်ခုကြောင့် ဆေးရုံတက်ရခြင်းစသည့်အနှောင့်အယှက်ဖြစ်စေတတ်သော ပြောင်းလဲမှုကို ကျွန်ုပ်တို့စိုးရိမ်ကြပါသည်။

ဤထက်ပို၍စိုးရိမ်စရာကောင်းသည့်အချက်မှာ ဘိုးဘွားရိပ်သာမှတစ်ဆင့် နာတာရှည်ဆေးရုံတွင်သွားနေရခြင်း ဖြစ်သည်။ အနာရောဂါပျောက်ကင်းစေနိုင်သော အရှင်သခင်ယေရှုက မာသ၏ ဖျားနာလျက်ရှိသောမောင် လာဇရုကို ကယ်တင်ရန် ရောက်လာခြင်းနောက်ကျသောအခါ မာသ၏ အိပ်မက်ဆိုးသည် တကယ်ဖြစ်လာခဲ့သည်။ မာသက သခင်ယေရှုအား သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါဟု လျှောက်ခဲ့သည်။ ယေရှုကလည်း သင်​၏​မောင်​သည် ထမြောက်​မည်​ဟု သူ့အား မိန့်​တော်မူ​သည်။ (ယော၊ ၁၁း၂၁-၂၃)။

ထိုစကားသည် သေတတ်သောလူတစ်ဦးထံမှလာသောစကားဖြစ်လျှင် အချည်းနှီး ဖြစ်သည်။ သို့သော်၊ ထိုစကားသည် အပြစ်တရား၊ သေခြင်းတရားနှင့် ငရဲတို့ကို ပိုင်သသောအရှင်သခင် ယေရှုထံမှလာခြင်း ဖြစ်သည်။ ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် သေခြင်းကို ပြုပြင်နိုင်သည့်အခွင့်အာဏာကို ကိုယ်တော်အား ရရှိစေသည်။ ကိုယ်တော်သည် သေဆုံးခဲ့သောလာဇရုကို သင်္ဂျိင်းဂူထဲမှ အသက်ရှင်လျက် ထွက်လာရန် အမိန့်ပေးခြင်းအားဖြင့် ထိုတန်ခိုးတော်ကို ပြသတော်မူသည်။ ထိုသို့သေဆုံးသူကို ပြန်ရှင်စေခဲ့ခြင်းသည် နောက်ဆုံးသောကာလတွင် ကိုယ်တော်ပြုမည့်အရာ၏ သက်သေသာဓကတစ်ခု ဖြစ်သည်။

ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ အကြီးဆုံးသောစိုးရိမ်မှုကို ငြိမ်းအေးစေပါသည်။ ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် မိတ်ဆွေ၏ အပြစ်ခွင့်လွှတ်ခြင်းအမှုအတွက် အာမခံ ဖြစ်သည်။ ခရစ်တော်​ယေရှု​၌​ရှိ​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း ​မ​ခံရပါ။ ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် မိတ်ဆွေကိုအာမခံ ပေးသည်။ ကိုယ်တော်သည် အသက်ရှင်လျက်ရှိတော်မူသည်။ မိတ်ဆွေသည်လည်း အသက်ရှင်ဦးမည်။

ကျမ်းစာများ

နေ့ 13

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကို ဖော်ပြသောဒုက္ခခံတော်မူရာ ရက် (၄၀) ပွဲတော်ကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးပါသည်။

More

ဤအစီအစဉ်ကိုပြင်ဆင်ပေးသော Time of Grace အမှုတော်လုပ်ငန်းကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - www.timeofgrace.org