ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက် (၄၀) နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ
ပြာသုတ်ဗုဒ္ဓဟူးနေ့
နဖူးတွင် မီးခိုရောင်ပြာများ ပေရေ၍ ကြားရက်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်မှ ပြန်လာကြသည့် အလုပ်သမားများကို မိတ်ဆွေမြင်မိကောင်းမြင်မိပေလိမ့်မည်။ ခရစ်တော်ဒုက္ခခံတော်မူရာကာလဟု ခေါ်သောဥပုသ်ကာလအစကို ပြာသုတ်ရာဗုဒ္ဓဟူးနေ့ဟု သတ်မှတ်ရုံမျှမက အချို့ခရစ်ယာန်ဘုရားကျောင်းများတွင် ဝတ်ပြုသူများအား မိမိတို့၏အပြစ်၊ မိမိတို့သေမျိုးဖြစ်ကြောင်းအောက်မေ့စေရန်နှင့် ထိုအရာတို့ကို ဖယ်ရှားပစ်ရန် အလွန်ကြီးမားသည့် အဖိုးအခပေးရခဲ့ကြောင်း အောက်မေ့စေရန် ပြာရည်ပျစ်များကို လိမ်းကျံပေးကြသည်။
နဖူးပေါ်တွင် ပြာသုတ်ထားသည်ဖြစ်စေ၊ မသုတ်ထားသည်ဖြစ်စေ၊ သင်၌ ကယ်တင်ရှင် အလွန်လိုအပ်သည်ကို သိမှတ်ဝန်ခံပြီး ဘုရားသခင်ရှေ့တော်သို့ ဒူးထောက်နှိမ့်ချလျက် ဝင်ရောက်ရန် သင့်လျော်သောအချိန်အခါဖြစ်သည်။ အာဗြဟံက အကျွန်ုပ်သည် မြေမှုန့်နှင့် ပြာသက်သက် ဖြစ်ပါ၏ဟု တစ်ခါက ဆိုခဲ့ပြီး (က၊ ၁၈:၂၇)။ ကျွန်ုပ်တို့သည်လည်း ထိုနည်းတူ ဖြစ်ကြပါသည်။
ကျွန်ုပ်တို့ကို ဘုရားသခင် ဖန်ဆင်းခဲ့ပြီး ဘုရားရှင်၏ကမ္ဘာလောကတွင် ဘုရားသခင်၏တရားတော်အောက်မှာ ကျွန်ုပ်တို့နေထိုင်နေသည့်အလျောက် ဘုရားသခင်၏တရားစီရင်ခြင်းသို့ သင့်ရောက်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဆိုးရွားသောအနေအထားတွင် ရှိသည်။ ကျွန်ုပ်တို့သည် မွေးဖွားမလာမီကပင် အပြစ်ပါသော ဗီဇကို ဆင့်ကမ်းအမွေခံလာပြီး နေ့စဉ်အသက်ရှင်ရာတွင် ထိုအပြစ်ပေါ်၌ ပို၍များသောမကောင်းမှုကို ထပ်ဆင့်ဖြည့်နေသည်။ ကျွန်ုပ်တို့သယ်ဆောင်လာကြသောအပြစ်ကြောင့် သင်တို့သည် မြေမှုန်သို့ပြန်စေဟူသော ဘုရားသခင်၏စီရင်ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့အပေါ်ရောက်စေခဲ့သည်။ ထို့ထက်ဆိုးသည်က၊ ငရဲသို့ သင်တို့သွားစေဟူ၍ပင် ဖြစ်သည်။
သို့သော်၊ ဒုက္ခခံတော်မူရာရက် (၄၀) ပွဲတော်ကာလက ယေရှုခရစ်တော်၏ နာကျင်ခံစားရခြင်း၊ အပြစ်ဒဏ်ခံရခြင်း၊ ကျွန်ုပ်တို့ကိုယ်စားအသေခံခြင်းစသည့် မယုံနိုင်လောက်အောင် အံ့ဖွယ်ဖြစ်အင်တို့ကို ဆောင်ကြဉ်းပေးပါသည်။ ကိုယ်တော်သည် ဤလောက၏ အပြစ်ကို ယူဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်တော်ဖြစ်သည်။ မိတ်ဆွေတို့၏ အပြစ်ဒုစရိုက်၊ မိတ်ဆွေတို့ခံရမည့်အပြစ်ဒဏ်ကိုယူဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်တော်ပင် ဖြစ်သည်။ ပြာကိုလည်း ပါယူဆောင်သွားခဲ့ပါသည်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကို ဖော်ပြသောဒုက္ခခံတော်မူရာ ရက် (၄၀) ပွဲတော်ကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးပါသည်။
More
ဤအစီအစဉ်ကိုပြင်ဆင်ပေးသော Time of Grace အမှုတော်လုပ်ငန်းကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - www.timeofgrace.org