YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက် (၄၀) နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions

14 ၏ နေ့ 4

အချိန်တန်ပြီ

ကျွန်ုပ်အိမ်သို့ သင်လာခဲ့လျှင် ပထမဆုံးသင်မြင်ရမည့်အရာများမှာ ကျွန်ုပ်၌ရှိသော နာရီများပင် ဖြစ်သည်။ ဧည့်ခန်းတစ်ခုအတွင်း၌ပင် (၆) လုံး ရှိသည်။ အားလုံးစက်နာရီများ ဖြစ်သည်။ ကျွန်ုပ်စိတ်နှလုံးချမ်းမြေ့ရသည်က တစ်ချက်ချက်မြည်သံ၊ နာရီထိုးသံတစ်မျိုးမျိုးကြောင့်ပင် ဖြစ်မည်။ စိတ်ထဲတွင်နောက်ကျမည်ကို ကြောက်ရွံ့နေခြင်းလည်းရှိကိုရှိနေပေမည်။ အရေးကြီးသည့်အရာတစ်ခုခုကို လွတ်သွားမှာကြောက်သည့်စိတ်ကို ဤနာရီအားလုံးက ဖြေဖျောက်ပေးခြင်းဖြစ်ကောင်းဖြစ်ပေမည်။

ယေရှုသည် အချိန်နာရီကို အစဉ်အမြဲ သိခဲ့သည်။ ကုသရမည့်အချိန်၊ သွန်သင်ရမည့်အချိန်၊ ပြစ်တင်ဆုံးမရမည့်အချိန်၊ အပန်းဖြေရမည့်အချိန်၊ ညစာစားပွဲဆင်နွဲရမည့်အချိန်တို့ကို သိခဲ့သည်။ ခမည်းတော်သည် ကိုယ်တော်သေမည့်အချိန်ကို အသိပေးတော်မူသည်။ ယေရှုသည် သူ၏ တပည့်တော်များအား လှည့်လည်သွန်သင်ခြင်းအမှုတော်ပြီးဆုံးလုနီးပြီကို ပြောပြလေသည်။ ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏ (မ၊ ၁၆:၂၁)။ သံလွင်ခက်တနင်္ဂနွေတွင်ယေ​ရု​ရှ​လင်​မြို့ထဲသို့ ရှင်ဘုရင်ဆန်ဆန် ဝင်လာခြင်းက မိမိ၏ နောက်ဆုံးဖြစ်သည်ကို ကိုယ်တော်သိထားခဲ့သည်။

သံလွင်ခက်တို့အလယ်တွင် ကြီးစွာသော အံဖွယ်ရာအမှု ဖြစ်ပျက်ခဲ့သည်။ လူအုပ်ကြီးသည် နှိမ့်ချသောမြည်းကလေးအပေါ်ရှိ ဆိတ်ငြိမ်နေသောသူကို သူတို့၏ မေရှိယအဖြစ် အသိအမှတ်ပြုကြသည်။ ဓမ္မဟောင်းကျမ်းပြည့်စုံခြင်းအကြောင်းလည်း ဖြစ်သည်။ သူတို့၏ ကောင်းချီးဩဘာသံက သူတို့အချိန်နာရီကို သိကြောင်းပြသနေသည်။ သူတို့၏ ရှင်ဘုရင်သည် သူတို့၏အသက်တာထဲသို့ တည့်တည့်မတ်မတ် ဝင်လာ၍ သူတို့ဆက်ကပ်အပ်နှံလာရန် တောင်းဆိုနေချိန်ဖြစ်သည်ကို သိကြသည်။

မိတ်ဆွေသည်လည်း အချိန်နာရီကို သိပါသလား။ မိတ်ဆွေကော အချိန်ကို သိပါသလား။ မိတ်ဆွေအတွက် ချီတုံချတုံဖြစ်နေခြင်းကို ရပ်တန့်၍ အခိုင်အမာ ပြောရမည့်အချိန်၊ ယေရှုခရစ်တော်သည် မိမိ၏အရှင်သခင်၊ ဘုရင်ပါဟု နောက်ထပ်တဖန်အခိုင်အမာပြောရမည့်အချိန်ပင် ဖြစ်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်မြတ်အားဖြင့်လည်းကောင်း၊ ရေ၌နှစ်ခြင်းပေးခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ညစာစားပွဲ၌ပေးသောကိုယ်တော်၏ ကိုယ်ခန္ဓာနှင့် အသွေးအားဖြင့်လည်းကောင်း၊ ယေရှုသည် ရှေးယခင်အချိန်က ပြုခဲ့သည့်အတိုင်း မိတ်ဆွေထံ ယနေ့ ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီ။ သံလွင်ခက်များက ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်ရန် ယခုပင် မိတ်ဆွေကို ခေါ်လျက်နေသည်။

ကျမ်းစာများ

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကို ဖော်ပြသောဒုက္ခခံတော်မူရာ ရက် (၄၀) ပွဲတော်ကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးပါသည်။

More

ဤအစီအစဉ်ကိုပြင်ဆင်ပေးသော Time of Grace အမှုတော်လုပ်ငန်းကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - www.timeofgrace.org