ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက် (၄၀) နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ
မာန်ဒီသည် မည်သို့သောအဓိပ္ပာယ် ရှိသနည်း
ယေရှုသည် အဖမ်းခံရလျက် ဂျူးနှင့် ရောမတရားရုံး၌ ပစ်တင်စီရင်ခြင်းမခံရမီ ညနေခင်းတွင် ယေရုရှလင်မြို့ရှိ အထက်ခန်း၌ နှစ်စဉ်ပသခါစားပွဲကို တိတ်ဆိတ်စွာ အစပျိုးခဲ့သည်။ ယေရှုသည် ထိုလွတ်လပ်သောအဖိုးတန်နောက်ဆုံးအချိန်နာရီတို့ကို နားနားနေနေ သွန်သင်လျက် ကုန်ဆုံးစေခဲ့သည်။ ကိုယ်တော်ပြောခဲ့သောအရာနှင့် ပြုခဲ့သောအရာများစွာတို့ကြောင့် တပည့်တော်တို့သည် အထိတ်တလန့် ဖြစ်ကြသည်။ ကိုယ်တော်သည် ဒူးထောက်၍ သူတို့၏ခြေကို ဆေးခဲ့သည်။ မိမိသေရမည့်အကြောင်းနှင့် ရှင်ပြန်ထမြောက်ရမည့်အကြောင်းတို့ကိုလည်း ကြိုတင်ပြောခဲ့သည်။ ထို့နောက်၊ ကိုယ်တော်က သင်တို့သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ (ယော၊ ၁၃:၃၄)
ယခင်သူတို့ကို သွန်သင်တော်မူရာ၌ စစ်မှန်သောယုံကြည်သူတစ်ဦး၏ အမှတ်တံဆိပ်မှာ ခရစ်တော်၏နှုတ်ကပတ်တော်၌ စွဲမြဲလိုက်နာမှုရှိခြင်းဖြစ်သည်ဟု သူတို့အား ကိုယ်တော်ပြောကြားခဲ့သည်။ ယခုမှာမူ အချင်းချင်းချစ်ကြလော့ဟူသောပညတ်ချက်အသစ်ဖြစ်သည်သာမက အချိန်မရွေး သစ်နေသောပညတ်သစ်ကို ထပ်ဖြည့်ခဲ့သည်။ အသစ်ဖြစ်သောအရာမှာ ကျွန်ုပ်တို့၏ အပြစ်ပြုတတ်သော ဇာတိသဘောက အတ္တဆန်သောအတွေးအကြံများ၊ စကားများ၊ အပြုအမူများကို ဆက်၍တွေးစေ၊ ပြောစေ၊ ပြုစေသည်။ ခရစ်တော်၏ ခွင့်လွှတ်ခြင်းကျေးဇူတော်သည် ကျွန်ုပ်တို့အဖို့ နေ့စဉ်အသစ်ဖြစ်၍ ဝိညာဉ်ရေးရာ၌ လန်းဆန်းစေမည့်ခွင့်လွှတ်ခြင်းမိုးကို ရွာစေသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့ကို ခရစ်တော်ဆက်ဆံပြုမူခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် သူတစ်ပါးအား စိတ်ရှည်သည်းခံလျက် မြဲမြံသောအကြွင်းမဲ့ ချစ်မေတ္တာဖြင့် ဆက်ဆံပြုမူနိုင်ရန် အသစ်တဖန် ရွေးချယ်နိုင်ပါသည်။
လက်တင်စကားလုံး "mandatum" (ပညတ်ချက်) ကို စွဲ၍ ခရစ်တော်မသေဆုံးမီနေ့ဖြစ်သည့် နေ့ထူးနေ့မြတ်ကြာသပတေးကို အမည်ပေးပုံရသည်။ ထိတ်လန့်အံ့ဩဖွယ် ထိုညနေခင်းနှင့် ဘုရားသခင်၏ သိုးသူငယ်သည် သူ၏ မိတ်ဆွေများနှင့် ပသခါသိုးကို စားခဲ့ပုံ၊ သူတို့၏ ခြေကို ဆေးခဲ့ပုံ၊ သူတို့စိတ်သက်သာရေးအတွက် ဘုရားသခင်၏ ထူးခြားနက်နဲသောနှုတ်ကပတ်တော်ကို ဖွင့်ပြခဲ့ပုံတို့ကို ကျွန်ုပ်တို့ တွေးတောကြည့်ပါက ကျွန်ုပ်တို့စိတ် နိုးကြွစေပါသည်။ ချစ်ကြရန် စိတ်နိုးကြွစေပါသည်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကို ဖော်ပြသောဒုက္ခခံတော်မူရာ ရက် (၄၀) ပွဲတော်ကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးပါသည်။
More
ဤအစီအစဉ်ကိုပြင်ဆင်ပေးသော Time of Grace အမှုတော်လုပ်ငန်းကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - www.timeofgrace.org