YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက် (၄၀) နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions

14 ၏ နေ့ 8

အမှုပြီးပြီ

လူ့သမိုင်းတွင် အရေးကြီးဆုံးသောနေ့ (၂) ရက်ထဲမှ (၁) ရက်သည် ရောမစစ်သားများအတွက် သာမာန်သောနေ့ရက်ကဲ့သို့ဖြစ်ခဲ့သည်။ ပဿခါဥပုဒ်နေ့မတိုင်မီ (၁) ရက်တွင် တရားခံ (၃) ယောက်ကို ယေ​ရု​ရှ​လင်မြို့မှာ အများရှေ့တွင် သေဒဏ်ပေးခြင်းဟူသည့် မနှစ်မြို့ဖွယ်တာဝန်ကို သူတို့ထမ်းဆောင်နေရသည်။ သူတို့သည် ထိုတာဝန်ကို တရားခံတို့၏ ခြေလက်တို့တွင် သံရိုက်ထည့်ခြင်းစသည်တို့ဖြင့် အနိဋ္ဌာရုံမြင်ကွင်းတွင် ကျွမ်းကျင်စွာ ဆောက်ရွက်ခဲ့သည်။

တရားခံနှစ်ဦးတို့သည် နာကျင်မှုနှင့် မုန်းတီးမှုတို့ကြောင့် အော်ဟစ်ကြသည်။ အလယ်မှာရှိသောတစ်ဦးမှာမူ မိမိ၏ဝေဒနာကို တိတ်ဆိတ်စွာ ခံပြီး တစ်ခါသာနှုတ်ကို ဖွင့်လျက် မိမိကိုညှဉ်းဆဲသောသူများအား ခွင့်လွှတ်ပေးရန် မိမိခမည်းတော်ထံတောင်းလျှောက်ခဲ့သည်။ ယေရှုသေခါနီးတွင် သူတို့ကို လက်ဝါးကပ်တိုင်ပေါ်တင်သတ်ရန် တာဝန်ရထားသော တပ်မှုးသည် မိမိရှေ့တွင် တွဲလောင်းချိတ်ထားခြင်းခံရသူမှာ မည်သူဖြစ်ကြောင်းကို တဖြည်းဖြည်း သဘောပေါက်လာသည်။ ကိုယ်တော်​ဘက်​သို့ ​မျက်နှာမူ​လျက် ရပ်​နေ​သော​တပ်မှူး​သည် ကိုယ်တော်​အသက်​ချုပ်ငြိမ်း​တော်မူ​ပုံ​ကို တွေ့မြင်​သောအခါ၊ ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်​ဟု ဆို​လေ​သည်။ (မာ၊ ၁၅:၃၉)

ထိုနေ့တွင်၊ ထိုတပ်မှူးသည် သေဒဏ်ခံရသူတို့ထံမှ မိမိ၏ ဝေစုအနေဖြင့်ရရှိသော အဝတ်အစား၊ အပြစ်ကင်းသောသူသာမက ဘုရားသခင်ကိုယ်တော်တိုင်၏ သားတော်ဖြစ်သူကို သတ်ခြင်းဟူသည့် ကြီးလေးသောပြစ်မှု၊ မိမိကဲ့သို့သော လူသတ်သမားကိုပင် အပြစ်ခွင့်လွှတ်ခြင်းခံရနိုင်သည်ဟူသော ဝမ်းမြောက်ဖွယ်သတင်းဆိုသည့် အရာသုံးပါးပါလျက် မိမိ၏ စစ်တန်းလျားသို့ ပြန်သွားခဲ့သည်။

ဤအံ့ဩဖွယ်မြင်ကွင်းမှ မိတ်ဆွေရောကျွန်ုပ်ပါ ယူဆောင်သွားနိုင်သည့်အရာများစွာ ရှိသည်။ သို့သော်၊ ၎င်းတို့ထဲမှ နှစ်မျိုးသည် အခြားအရာအားလုံးထက်အရေးကြီးပါသည်။ ပထမမှာ၊ ခရစ်တော်၏ လက်ဝါးကပ်တိုင်ပေါ်အသေခံတော်မူခြင်းသည် ကျွန်ုပ်တို့တွင် မည်မျှအပြစ်များသည်ကို ပြသခြင်း ဖြစ်သည်။ ဒုတိယမှာ၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ပေါ်အသေခံတော်မူခြင်းသည် အားလုံးအတွက် ကိုယ်တော်ဆောင်ရွက်ပေးသည့် အပြစ်ခွင့်လွှတ်ခြင်းအောင်မြင်ခဲ့ကြောင်းပြသခြင်း ဖြစ်သည်။ အမှုပြီးပြီ။ စာတန်ကို အပြတ်ရှင်းပြီ။ ခရစ်တော်သည် မိတ်ဆွေကို လွတ်မြောက်စေပါပြီ။

ကျမ်းစာများ

နေ့ 7နေ့ 9

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကို ဖော်ပြသောဒုက္ခခံတော်မူရာ ရက် (၄၀) ပွဲတော်ကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးပါသည်။

More

ဤအစီအစဉ်ကိုပြင်ဆင်ပေးသော Time of Grace အမှုတော်လုပ်ငန်းကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - www.timeofgrace.org