YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက် (၄၀) နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions

14 ၏ နေ့ 11

မည်သူပြုခဲ့သနည်း

ယေရှုခရစ်တော်ကို လက်ဝါးကပ်တိုင်ပေါ်တွင် ရက်စက်စွာ တင်သတ်ခဲ့သည့်အမှုအတွက် အပြစ်တင်ရမည့်လူများစွာရှိသည်။ ဣသရေလလူမျိုးတို့၏ ဘာသာရေးခေါင်းဆောင်တို့က ညသန်းခေါင်တွင် သူ့ကို ဖမ်းဆီးခဲ့သည်။ ယုဒက နန်းခြင်းဖြင့် သူ့ကို သစ္စာဖောက်ခဲ့သည်။ ယဒုလူမျိုးတို့၏ ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ဉာဏ်ဆင်လျက် သူ့အပေါ်စီရင်ချက်ချခဲ့သည်။ ရောမအစိုးရ၏ တရားဝင်နည်းစနစ်က လူအုပ်ကို တိတ်ဆိတ်စေရန် သူ့ကို သေဒဏ်ပေးအပ်ခဲ့သည်။

သို့သော်၊ ဤအမှုအားလုံး၏ နောက်ကွယ်တွင် ခမည်းတော်ဘုရားသခင်၏ သူ့အပေါ်အပြစ်ပေးလိုသောလက်ရာတော်ရှိကြောင်း သိလျှင် တကယ်အံ့ဩပါလိမ့်မည်။ ဤအရာကား အမှန်ဖြစ်သည်။ ခရစ်တော်၏ ဝေဒနာခံစားခြင်းနှင့် အသေခံခြင်းတို့၏ အကြောင်းတရားထဲမှ အလွန်အရေးပါသောအရာ၏ နောက်ကွယ်အမှန်ကို မြင်စေရန် ပရောဖက်ဟေရှာယက ဖော်ပြပါအတိုင်းရေးထားသည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​နှိပ်​စက်​ခြင်း​ငှာ အ​လို​တော်​ရှိ၍ နာ​စေ​တော်​မူ၏။ သူ​သည် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ပြီး​မှ၊ အ​မျိုး​အ​နွယ်​တော်​ကို မြင်​ရ​လိမ့်​မည်။ အ​သက်​တော်​လည်း​ရှည်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အ​ကြံ​တော်​သည်​လည်း သူ၏​လက်၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​လိမ့်​မည် (ဟေ၊ ၅၃:၁၀)။ ကိုယ်တော်ကို သတ်သောအပြစ်ရှိသူထဲတွင် ကျွန်ုပ်တို့လည်း ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော်၊ ကျွန်ုပ်တို့အပြစ်က ထိုအမှုကို ကျွန်ုပ်တို့ပူးပေါင်းလုပ်ဆောင်သူဖြစ်စေခဲ့သည်။ ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့ကိုယ်စား သူ့ကိုအပြစ်ပေးပြီး လောကတစ်ခုလုံး၏အပြစ်ကို သူ့အားခံစေရန် ရိုက်နှက်ခြင်း၊ တူဖြင့် သံရိုက်ထည့်ခြင်းစသည်တို့ကို သူခံရာတွင် သူ့ကို ကျောခိုင်းထားခြင်းဖြစ်သည်။

သို့သော်၊ ခရစ်တော်၏ ဒဏ်ချက်ကြောင့် ကျွန်ုပ်တို့သည် အနာရောဂါ​ပျောက်ကင်း​ခြင်း​ခွင့်​ကို ရရှိ​ကြ​သည်။ ဤသို့သော အလွန်အံ့ဩဖွယ်ကောင်းသည့် လဲလှယ်မှုအားဖြင့် ကျွန်ုပ်တို့၏အပြစ်သည် သူ့အပေါ်ရောက်သွား၍ သူ၏သန့်ရှင်းခြင်းသည် ကျွန်ုပ်တို့အပေါ်ရောက်ခဲ့သည်။ ခရစ်တော်ကို ယုံကြည်သောအခါ ခမည်းတော်သည် မိတ်ဆွေကို တစ်ခါမျှအပြစ်မပြုဖူးသောသူ၊ သားတော်ကဲ့သို့သန့်ရှင်းသောသူအဖြစ်သတ်မှတ်တော်မူသည်။

ကျမ်းစာများ

နေ့ 10နေ့ 12

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကို ဖော်ပြသောဒုက္ခခံတော်မူရာ ရက် (၄၀) ပွဲတော်ကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးပါသည်။

More

ဤအစီအစဉ်ကိုပြင်ဆင်ပေးသော Time of Grace အမှုတော်လုပ်ငန်းကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - www.timeofgrace.org