YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက် (၄၀) နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions

14 ၏ နေ့ 12

မိတ်ဆွေသည် ထာဝရအသက်ရှင်ခွင့် ရသည်

လူသားတို့၏ သဘောသဘာဝအရ အရေးကြီးသောအရာများကို အချောင်ရယူလိုသောဆန္ဒ ရှိကြသည်မဟုတ်ပါလား။ ကျွန်ုပ်တို့ ကားမောင်းကြစဉ် ရှေ့ကား၏ နောက်မီးအနီရောင်ရုတ်တရက်လင်းသောအခါ အရာဝတ္ထုနှစ်ခု ပွတ်တိုက်ခြင်းနိယာမသည် ယနေ့ဖြစ်မြောက်ပါမလားဟု စဉ်းစားမနေဘဲ ချက်ချင်း ဘရိတ်ကို သာနင်းကြသည် မဟုတ်ပါလား။ သို့မဟုတ်၊ နံနက်အချိန်တွင် မိတ်ဆွေနိုးသောအခါ၊ ယနေ့ ကမ္ဘာ့ဆွဲငင်အားလျော့ပျောက်လျက် အာကာသဘက်သို့ လွင့်သွားမလားဟု စဉ်းစားမနေဘဲ မိမိ၏ခြေသည် မြေကြီးပေါ်မှာ တည်မြဲတည်ကြောင်းသာအောက်မေ့လျက် ကြမ်းခင်းပေါ်လျှောက်သွားမည် မဟုတ်ပါလား။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အသက်ကို တည်ငြိမ်စေသည့် စကြဝဠာစနစ်အပေါ် များစွာဂရုမစိုက်ဘဲ နေတတ်ကြသည်။ သို့သော်၊ အကယ်၍ ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

ခရစ်တော်သည် မထမြောက်ခဲ့လျှင် အုတ်မြစ်မရှိသောအဆောက်အအုံသည် လေမုန်းတိုင်းလာသောအခါ အက်ကွဲ ပြိုလဲသကဲ့သို့ ခရစ်ယာန်ဘာသာနှင့်ပတ်သက်၍ မိတ်ဆွေသိသောအရာအားလုံးသည်လည်း စတင်အက်ကွဲပြိုလဲပါလိမ့်မည်။ ခရစ်တော်သည် မထမြောက်ခဲ့လျှင် ကြောက်စရာအကောင်းဆုံးအဖြစ်မှာ မိမိ၏အပြစ်သည် ခွင့်လွှတ်ခြင်းမခံရဘဲ နေသဖြင့် မိတ်ဆွေသည် ထိုအပြစ်များကြောင့် စီရင်ခြင်းခံရမည်ဟူသောအဖြစ်ပင်။ ခရစ်တော်၌ သေဆုံးသောသူတို့သည်လည်း ပျက်စီး​ကြ​လေ​ပြီ။ ‌တမန်တော်ကြီးရှင်ပေါလုက၊ ငါ​တို့​သည် ခရစ်တော်​၌ ယခု​ဘဝ​အတွက်​သာ မျှော်လင့်​စရာ​ရှိ​ခဲ့​လျှင် လူ​အပေါင်း​တို့​ထက် ပို၍​သနား​စရာ​ကောင်း​သော​သူ​ဖြစ်​ပေ​လိမ့်မည်ဟု ဆိုခဲ့သည်။

သို့သော်၊ သမ္မာကျမ်းစာက၊ ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။ (၁ကော၊ ၁၅း၂၀)။ ယေရှုခရစ်တော်သည် ရှင်ပြန်ထမြောက်ခြင်း၏ ပထမဦးဆုံးစံနမူနာဖြစ်သည်။ ကိုယ်တော်သည် မိမိသင်္ချိုင်းဂူထဲမှ ဝိညာဉ်ရောကိုယ်ခန္ဒာပါ ထွက်မြောက်လာခဲ့သောကြောင့် မိတ်ဆွေနှင့် ကျွန်တော်သည် ထာဝရအသက်ရှင်ခွင့်ရကြသည်။ ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် မိတ်ဆွေ၏ အပြစ်ခွင့်လွှတ်ခံရကြောင်း အာမခံ ပေးသည်။ ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် မိတ်ဆွေကို အာမခံပေးသည်။

ကျမ်းစာများ

နေ့ 11နေ့ 13

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကို ဖော်ပြသောဒုက္ခခံတော်မူရာ ရက် (၄၀) ပွဲတော်ကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးပါသည်။

More

ဤအစီအစဉ်ကိုပြင်ဆင်ပေးသော Time of Grace အမှုတော်လုပ်ငန်းကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - www.timeofgrace.org