YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက် (၄၀) နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions

14 ၏ နေ့ 13

ကြီးမားသောအမှု

အီဂျစ်ပြည်ရှိ ပိရမိစ်များကို ဖာရောဘုရင်မင်းဆက်တို့၏ သင်္ချိင်းဂူအဖြစ် တည်ဆောက်ထားခဲ့သည်။ Djoser မင်း၊ Khufu မင်းနှင့် Khafra မင်းတို့၏ အလောင်းတော်များကို မမ်မီပတ်တီးဖြင့် သေချာစွာ ကျပ်စည်းထားပြီး ၎င်းတို့၌ မြှုပ်နှံသင်္ဂြိုဟ်ထားကြသည်။ သို့သော်၊ ယခု၊ ထိုမင်းတို့ကို သင်္ဂြုဟ်ထားသောလိုဏ်တို့သည် ဗလာဖြစ်နေသည်။ ယေရှုခရစ်တော်သည် အဆိုးဆုံးပြစ်မှုကျူးလွန်သူတစ်ဦးအဖြစ် အသေသတ်ခြင်းခံခဲ့ရပါသည်။ သို့သော်၊ ကိုယ်တော်ကို ကျောက်တွင်ထွင်းထားသောသင်္ချိုင်းဂူအသစ်၌ မင်းညီမင်းသားကဲ့သို့ မြှုပ်နှံခဲ့ကြပါသည်။ ကိုယ်တော်၏သင်္ချိုင်းဂူသည်လည်း ဗလာဖြစ်နေသော်လည်း ထိုမင်းတို့နှင့် လုံးဝ ခြားနားသည့်အကြောင်းကြောင့် ဖြစ်သည်။ ဖာရောဘုရင်မင်းဆက်တို့၏ သင်္ချိုင်းဂူကို သူခိုးတို့ကဖောက်ထွင်းခိုးယူရှင်းလင်းခဲ့သည်။ သခင်ယေရှုမှာမူ အသက်ပြန်ရှင်လျက် ကိုယ်တော်တိုင် ထိုဂူထဲမှ ထွက်လာခဲ့ပါသည်။

ခရစ်ယာန်မဟုတ်သော သူတို့သည် ရှင်ပြန်ထမြောက်ရာအကြောင်းကို ယုံကြည်ကြမည်မဟုတ်ဟု မိတ်ဆွေထင်မှတ်ပါလိမ့်မည်။ သို့သော်၊ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို အလောင်းတော်ကိုယ်၌ကပြန်လည်အသက်ရှင်ထမြောက်လာခြင်းထက် အခြားသောအချက်အလက်များရှိနိုင်သည်ဟူသော ထင်မြင်ချက်ကို ပြန့်ပွားစေနေသည့် ခရစ်ယာန်ဆရာများစွာရှိကြောင်း မိတ်ဆွေသိလျှင် အံ့ဩပါလိမ့်မည်။ အမှန်စင်စစ်၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် တကယ်ပင် သေဆုံးခဲ့သည်။ သွေးခုန်ခြင်း၊ အသက်ရှူခြင်းနှင့် ဦးနှောက်လှိုင်းသွားလာခြင်းစသည့်တို့ လုံးဝ မရှိတော့ချေ။ သို့သော်၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် တကယ်ပင် ပြန်ရှင်ခဲ့သည်။

ဤအရာသည် ကြီးမားသောအမှု ဖြစ်သည်။ ယေရှုခရစ်တော်သည် ကိုယ်ခန္ဓာဖြင့် ရှင်ပြန်ထမြောက်လာခြင်းသည် သားတော်အသက်ရှင်ထင်ရှားသည့်အချိန်တွင် ပြုလုပ်ခဲ့သောအမှုအားလုံးကို အသိအမှတ်ပြုသည့် ခမည်းတော်ဘုရားသခင်၏ သက်သေသာဓက ဖြစ်သည်။ ခရစ်တော်​သည် ထမြောက်​တော်မမူ​ခဲ့​လျှင် ငါ​တို့​၏​ဟောပြော​ခြင်း​သည် အချည်းနှီး​ဖြစ်​ပြီး သင်​တို့​၏​ယုံကြည်​ခြင်း​သည်​လည်း အချည်းနှီး​ဖြစ်​သည် (၁ကော၊ ၁၅း၁၄)။ ခရစ်တော်၏ ကိုယ်ခန္ဓာတော်သည် သေလျက် ရှိသေးသည်ဆိုလျှင် မိတ်ဆွေသည် အပြစ်တရားအောက်တွင် ရှိသေးသည်။ မိမိ၏ ပြစ်မှားမှုကိုလည်း ယူဆောင်သွားခြင်းမရှိခဲ့ပါ။ မိမိ၏ ကိုယ်ခန္ဒာသည်လည်း သင်္ချိုင်းဂူထဲမှ မည်သည့်အခါမျှ ထွက်လာလိမ့်မည်မဟုတ်ပါ။

သို့သော် ခရစ်တော်သည် ထမြောက်တော်မူခဲ့သည်။ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းများသည်လည်း ထိုနည်းတူ ဖြစ်ကြသည်။ ယုံကြည်သူတစ်ဦးအဖြစ် ဓမ္မဩဝါဒကို ဝန်ခံသောအခါ၊ ကိုယ်ခန္ဓာတော်၏ထမြောက်ခြင်းကို ကျွန်ုပ်ယုံကြည်ပါ၏ဟု ကျွန်ုပ်တို့ဝန်ခံပြောဆိုကြသည်။ မိတ်ဆွေသည် ၎င်းကို ယုံကြည်သလား။ ထိုသို့ယုံကြည်သောသူသည် အပြစ်ခွင့်လွှတ်ခြင်းခံရပြီး ထာဝရအသက်ရှင်ခွင့် ရသည်။

ကျမ်းစာများ

နေ့ 12နေ့ 14

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကို ဖော်ပြသောဒုက္ခခံတော်မူရာ ရက် (၄၀) ပွဲတော်ကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးပါသည်။

More

ဤအစီအစဉ်ကိုပြင်ဆင်ပေးသော Time of Grace အမှုတော်လုပ်ငန်းကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - www.timeofgrace.org