YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက် (၄၀) နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions

14 ၏ နေ့ 10

အပြစ်ဒဏ်စီရင်ခြင်း မခံရ

ထာဝစဉ်ဘုရားသခင်ဖြစ်တော်မူသော သခင်ယေရှုသည် လူသားအဖြစ်ကို ခံယူလျက် ဤလောက်တွင် ကိုယ်တိုင်လာရောက်နေထိုင်ခဲ့ခြင်းမှာ အကျိုးအကြောင်းများစွာ ရှိသည်။ သို့သော်၊ ၎င်းတို့ထဲမှ အဓိကအကြောင်းမှာ ဟေဗြဲဩဝါဒစာကို ရေးခဲ့သူက ထိုစာ၏ဒုတိယခန်းတွင်ဖော်ပြထားသကဲ့သို့ သေခြင်း​ကို​ကြောက်ရွံ့​သော​သဘော​၌ တစ်သက်လုံး​ကျွန်ခံ​နေ​ရ​သော​သူ​တို့​ကို လွတ်မြောက်​စေရန်​ ဖြစ်​သည်။

ယေရှုသည် ဘုရားသခင်၏ ပညတ်တော်အားလုံးကို နာခံလျက် ၎င်းတို့ကို အပြည့်အဝစောင့်ရှောက်ခြင်းဖြင့် ကျွန်ုပ်တို့အသက်ရှင်ရမည့်အသက်တာကို အစားထိုးအသက်ရှင်ခဲ့သည်။ ကျွန်ုပ်တို့ခံထိုက်သည့်အပြစ်ဒဏ်ကို မိမိအပေါ်သို့သက်ရောက်စေရန် မိမိ၏ကိုယ်ခန္ဒာတော်ကို နှိပ်စက်ညှဉ်ပန်းခြင်းနှင့် ဝေဒနာခံစားခြင်းသို့ ပေးအပ်ခဲ့သည်။ နောက်ဆုံးတွင် မိမိအသက်ကိုပင် ပေးအပ်ခဲ့သည်။ ထိုသို့ ကရာနီပေါ်တွင်ဖြစ်မြောက်ခဲ့သည့် ကြီးစွာသောလဲလှယ်မှုကြောင့် ကျွန်ုပ်တို့၏သေခြင်းသည် သူ၏သေခြင်းဖြစ်ခဲ့ပြီး သူ၏အပြစ်ကင်းခြင်းသည် ကျွန်ုပ်တို့၏အပြစ်ကင်းခြင်း ဖြစ်ခဲ့သည်။

၎င်း၏ရလဒ်မှာ၊ ဘု​ရား​သ​ခင် ကယ်​လွှတ်​တော်​မူ​သော​ကြောင့် ယေ​ရှု​ခ​ရစ်၌​တည်၍၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် လွတ်​ကြ၏။ ယေ​ရှု​ခ​ရစ်၌ ​တည်၍ အ​သက်​ရှင်​စေ​သောဝိ​ညာဉ်​တော်၏ ​တ​ရား​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လည်း​ကောင်း၊ သေ​ခြင်း​တ​ရား၏​လက်​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​လွှတ်​ပြီ (ရော၊ ၈:၁-၂) ဟူ၍ ဖြစ်သည်။ မိတ်ဆွေသည် မည်သည့်အခါမျှ ဘုရားသခင်ကို ကြောက်စရာမလိုတော့ပါ။ ဘယ်ကြောင့်ဆိုသော် မိမိ၏အပြစ်အားလုံးသည် မိမိ၏အကျင့်အပေါ် မမူတည်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျ၊ အခမဲ့၊ ရှေးယခင်ကပင် ခွင့်လွှတ်ခြင်းခံရပြီ ဖြစ်သည်။ ၎င်းမှာ လုပ်အားခမဟုတ်ဘဲ အမွေဖြစ်သည်။ မိမိ၏ ဥစ္စာ ဖြစ်သည်။ ယုံကြည်သူအားလုံး ရရှိနိုင်သည်။

ဘုရားသခင်သည် တကယ်ပင် ထိုသို့ဖြစ်စေခဲ့သည်။ ပြစ်ဒဏ်​စီရင်​ခြင်း ​မ​ခံရဟုဆိုရာတွင် တကယ်ပင် ပြစ်ဒဏ်​စီရင်​ခြင်း ​မ​ခံရပါ။ ယခု၊ မိတ်ဆွေသည် အသက်ရှူချောင်နိုင်ပါပြီ။

ကျမ်းစာများ

နေ့ 9နေ့ 11

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကို ဖော်ပြသောဒုက္ခခံတော်မူရာ ရက် (၄၀) ပွဲတော်ကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးပါသည်။

More

ဤအစီအစဉ်ကိုပြင်ဆင်ပေးသော Time of Grace အမှုတော်လုပ်ငန်းကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - www.timeofgrace.org