YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 2

2
ဒေ​သ​နာ​ကို​မှတ်​မိ​စွဲ​လမ်း​ခြင်း
1ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သော ဒေ​သ​နာ​တော်​ကို မ​မေ့​မ​လျော့​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး၌​သာ၍​မှတ်​မိ​စွဲ​လမ်း​ခြင်း ရှိ​ရ​ကြ​မည်။- 2ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် ထား​တော်​မူ​သော ဗျာ​ဒိတ်​တော်​သည်​တည်၍ ပြစ်​မှား​လွန်​ကျူး​ခြင်း​အ​မှု အ​မျိုး​မျိုး​တို့​သည် ခံ​ထိုက်​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​သည်​မှန်​လျှင်၊- 3အ​စ​အ​ဦး၌ သ​ခင်​ဘု​ရား​ဟော​တော်​မူ၍ ဒေ​သ​နာ​စ​ကား​တော်​ကို ကြား​ရ​သော​သူ​တို့​သည်၊ ယုံ​လောက်​သော သက်​သေ​အား​ဖြင့် ငါ​တို့​အား​ဆင့်​ဆို၍ ဟော​ပြော​သော၊ ဤ​မျှ​လောက် ကြီး​စွာ​သော ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ အ​ပြစ်​ဒဏ်​နှင့် အ​ဘယ်​သို့ လွတ်​ကြ​လိမ့်​မည်​နည်း။- 4ထို​သက်​သေ​ခံ​သော​သူ​တို့​နှင့်​အ​တူ ဘု​ရား​သ​ခင်​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အား​ဖြင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော​တန်​ခိုး အ​ထူး​ထူး အ​ပြား​ပြား​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း ဝေ​ငှ​သော ဆု​ကျေး​ဇူး​အား​ဖြင့်​လည်း​ကောင်း သက်​သေ​ခံ​တော်​မူ​ပြီ။
ကယ်​တင်​ခြင်း​သို့​ပို့​ဆောင်​သူ
5ငါ​တို့​ပြော​ဆို​သော နောင်​ကပ်​က​မ္ဘာ​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ကောင်း​ကင်​တ​မန်​တို့၌ အပ်​ပေး​တော်​မူ​သည်​မ​ဟုတ်၊- 6ကျမ်း​စာ​တစ်​ချက်၌ တစ်​ယောက်​သော​သူ​က၊ လူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ကိုယ်​တော်​သည် အောက်​မေ့​တော်​မူ​ရ​သ​နည်း။ လူ​သား​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ရ​သ​နည်း။- 7သူ့​ကို ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ် နှိမ့်​တော်​မူ​ပြီ။ သူ၏​ခေါင်း​ကို ဘုန်း​အ​သ​ရေ​နှင့် ပတ်​ရစ်​တော်​မူ​ပြီ။ ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​များ​ကို အုပ်​စိုး​စေ၍၊- 8ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သူ၏​ခြေ​အောက်၌ ချ​ထား​တော်​မူ​ပြီ​ဟု သက်​သေ​ခံ​သ​တည်း။ ခပ်​သိမ်း​သော အ​ရာ​တို့​ကို ချ​ထား​တော်​မူ၏​ဟု​ဆို​သော်၊ မ​ချ​မ​ထား​ဘဲ ကျန်​ရစ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ရ။ ယ​ခု​မူ​ကား၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ချ​ထား​လျက်​ရှိ​သည်​ကို ငါ​တို့ မ​မြင်​ရ​ကြ​သေး။-#ဆာ၊ ၈း၄-၇။ 9ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ်​နှိမ့်​ပြီး​မှ၊ အ​သေ​ခံ​ရ​သော​ကြောင့် ခေါင်း​တော်၌ ဘုန်း​အ​သ​ရေ ပတ်​ရစ်​လျက်​ရှိ​သည်​ကို ငါ​တို့​မြင်​ကြ၏။- 10အ​ကြောင်း​မူ​ကား၊ များ​စွာ​သော သား​တို့​ကို​ကယ်​တင်၍၊ ဘုန်း​စည်း​စိမ်​စံ​စား​ရာ​သို့ ပို့​ဆောင်​သော​အ​ရှင်​သည်၊ ဒု​က္ခ​ဝေ​ဒ​နာ​အား​ဖြင့် စုံ​လင်​ခြင်း​သို့ ရောက်​ရ​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း၍ အုပ်​စိုး​တော်​မူ​သော​ဘု​ရား​သည် စီ​ရင်​တော်​မူ​အပ်၏။
11သန့်​ရှင်း​စေ​တတ်​သော​သူ​နှင့် သန့်​ရှင်း​စေ​အပ်​သော​သူ​များ​တို့​သည် တစ်​ပါး​တည်း​သော ပ​က​တိ​ရှိ​ကြ၏။ ထို​ကြောင့်၊ သန့်​ရှင်း​စေ​တတ်​သော​သူ​သည် သန့်​ရှင်း​စေ​အပ်​သော​သူ​တို့​ကို ညီ​အစ်​ကို​ဟူ၍ ခေါ်​ခြင်း​ငှာ ရှက်​ကြောက်​တော်​မ​မူ။ ထို​သို့​ခေါ်​သော​အ​ချက် ဟူ​မူ​ကား၊- 12သ​တင်း​တော်​ကို အ​ကျွန်ုပ်​ညီ​အစ်​ကို​တို့​အား အ​ကျွန်ုပ်​ကြား​ပြော​ပါ​မည်။ ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း၍ သီ​ချင်း​ဆို​ပါ​မည်​ဟု လာ​သ​တည်း။-#ဆာ၊ ၂၂း၂၂။ 13တစ်​ချက်​ကား၊ ငါ​သည်​ဘု​ရား​သ​ခင်​ကို ကိုး​စား​မည်​ဟု လာ​သ​တည်း။ တစ်​ဖန်​ကား၊ ငါ​မှ​စ၍ ငါ့​အား ဘု​ရား​သ​ခင် ပေး​တော်​မူ​သော​သူ​ငယ်​တို့​သည် ရှိ​ကြ၏​ဟု လာ​သ​တည်း။#ဟေ​ရှာ၊ ၈း၁၈။
14-15ထို​သူ​ငယ်​တို့​သည် အ​သွေး​အ​သား​နှင့် ဆက်​ဆံ​ကြ​သော​ကြောင့်၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော​အား​ဖြင့်၊ သေ​ခြင်း​တ​ရား​ကို အ​စိုး​ရ​သော​သူ​တည်း​ဟူ​သော မာရ်​နတ်၏​တန်​ခိုး​ကို ချိုး​ဖဲ့​ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ဘေး​ကို​ကြောက်၍ တစ်​သက်​လုံး ကျွန်​ခံ​ရ​သော သူ​တို့​ကို ကယ်​လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​ငယ်​တို့၏ နည်း​တူ အ​သွေး​အ​သား​ကို ဆောင်​ယူ​တော်​မူ၏။- 16အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ကောင်း​ကင်​တ​မန်​တို့​ကို မ​စ​တော်​မူ​သည်​မ​ဟုတ်၊ အာ​ဗြ​ဟံ​အ​မျိုး​ကို မ​စ​တော်​မူ၏။- 17ထို​ကြောင့်၊ ခ​ရစ်​တော်​သည် လူ​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း​ကို စီ​ရင်၍၊ ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့၌ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ဖြစ်​အံ့​သော​ငှာ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့် လုံး​လုံး​တူ​ရ​သော အ​ကြောင်း​ရှိ၏။- 18ထို​သို့ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ကိုယ်​တော်​တိုင်​ခံ၍ ဒု​က္ခ​ဆင်း​ရဲ​ခြင်း၌ ကျင်​လည်​သော​ကြောင့်၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မှု​နှင့် တွေ့​ကြုံ​သော​သူ​တို့​ကို မ​စ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ