YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 1

1
သား​တော်​အား​ဖြင့်​ပေး​သော​ဗျာ​ဒိတ်
1ရှေး​လွန်​လေ​ပြီး​သော​အ​ခါ ပ​ရော​ဖက်​များ​အား​ဖြင့် ဘိုး​ဘေး​တို့​အား အ​ထပ်​ထပ်​အ​နည်း​နည်း ဗျာ​ဒိတ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ဤ​နောက်​ဆုံး​ကာ​လ​အ​ခါ မိ​မိ​သား​တော်​အား​ဖြင့် ငါ​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ပြီ။- 2ထို​သား​တော်​ကို အ​လုံး​စုံ​တို့၏ အ​မွေ​ခံ​သ​ခင်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ သား​တော်​အား​ဖြင့်​လည်း လော​က​ဓာတ်​တို့​ကို တည်​တော်​မူ၏။- 3ထို​သား​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်၏ ပုံ​သ​ဏ္ဌာန်​ဖြစ်၍၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော မိ​မိ​အ​မိန့်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စ​တော်​မူ​သော​သူ​ဖြစ်​လျက်၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​လျှင်၊ မြင့်​သော​အ​ရပ်​မှာ တန်​ခိုး​အာ​နု​ဘော်​တော်၏ လက်​ယာ​ဘက်၌ ထိုင်​တော်​မူ၏။
သား​တော်​၏​ကြီး​မြတ်​ခြင်း
4ကောင်း​ကင်​တ​မန်​တို့​ရ​သော ဘွဲ့​နာ​မ​ထက် ထူး​မြတ်​သော ဘွဲ့​နာ​မ​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​တ​မန်​တို့​ထက် ကြီး​မြတ်​သော​သူ ဖြစ်​တော်​မူ၏။- 5အ​ကြောင်း​မူ​ကား၊ သင်​သည်​ငါ့​သား​ဖြစ်၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟူ၍​လည်း​ကောင်း၊ ငါ​သည်​သူ၏ အ​ဘ​ဖြစ်​မည်၊ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ အ​ဘယ်​မည်​သော ကောင်း​ကင်​တ​မန်​ကို တစ်​ခါ​မျှ မိန့်​တော်​မူ​သ​နည်း။-#ဆာ၊ ၂း၇။
6တစ်​နည်း​ကား၊ သား​ဦး​ကို ဤ​လော​က​သို့ သွင်း​တော်​မူ​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင် တ​မန်​အ​ပေါင်း​တို့​သည် ထို​သူ​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​စေ​ဟု လာ​သ​တည်း။- 7တစ်​နည်း​ကား၊ မိ​မိ​တ​မန်​တို့​ကို လေ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​အ​စေ​အ​ပါ​တို့​ကို မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း၊ ဖြစ်​စေ​တော်​မူ​ထ​သော​ဟု ကောင်း​ကင်​တ​မန်​တို့​ကို ရည်​ဆောင်၍ ဆို​သ​တည်း။-#ဆာ၊ ၁၀၄း၄။ 8သား​တော်​ကို​ကား၊ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ပ​လ္လင်​သည် နိ​စ္စ​ထာ​ဝ​ရ​ပ​လ္လင် ဖြစ်​ပါ၏။ ကိုယ်​တော်၏ နိုင်​ငံ​သည် တ​ရား​သ​ဖြင့် စီ​ရင်​သော​နိုင်​ငံ​ဖြစ်​ပါ၏။- 9ကိုယ်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို နှစ်​သက်၍၊ မ​တ​ရား​သော​အ​မှု​ကို မုန်း​တော်​မူ၏။ ထို​ကြောင့် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၏ အ​ပေါင်း​အ​ဖော်​တို့​ထက် ကိုယ်​တော်​ကို ချီး​မြှောက်၍၊ ဝမ်း​မြောက်​ခြင်း​ဆီ​နှင့် ဘိ​သိက်​ပေး​တော်​မူ​ပြီ​ဟု လာ​သ​တည်း။#ဆာ၊ ၄၅း၆-၇။
10တစ်​ဖန် ကျမ်း​စာ​လာ​သည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ရှေ့​ဦး​စွာ၌ မြေ​ကြီး​ကို တည်​တော်​မူ​ပြီ။ မိုး​ကောင်း​ကင်​သည်​လည်း လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ ဖြစ်​ပါ၏။- 11ထို​အ​ရာ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သော်​လည်း ကိုယ်​တော်​သည် အ​မြဲ​တည်​တော်​မူ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့​ရောက်​၍၊ ကိုယ်​တော်​သည် ဝတ်​လုံ​ကို လိပ်​သ​ကဲ့​သို့ လိပ်​တော်​မူ​သ​ဖြင့် ပြောင်း​လဲ​ခြင်း​ရှိ​ကြ​သော်​လည်း၊- 12ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ​ပါ။ အ​သက်​တော်​လည်း မ​ကုန်​မ​ဆုံး​ရ​ပါ​ဟု လာ​သ​တည်း။-#ဆာ၊ ၁၀၂း၂၅-၂၇။ 13ထို​မှ​တစ်​ပါး၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု၊ အ​ဘယ်​မည်​သော ကောင်း​ကင်​တ​မန်​ကို တစ်​ခါ​မျှ မိန့်​တော်​မူ​ဖူး​သ​နည်း။-#ဆာ၊ ၁၁၀း၁။ 14ကောင်း​ကင်​တ​မန်​များ​တို့​ကား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မွေ​ခံ​လ​တ္တံ့​သော သူ​တို့​ကို ပြု​စု​စေ​ခြင်း​ငှာ၊ စေ​လွှတ်​တော်​မူ​သော အ​စေ​ခံ​နာမ်​ဝိ​ညာဉ် ဖြစ်​ကြ​သည် မ​ဟုတ်​လော။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။