ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက် (၄၀) နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ
မစိုးရိမ်ပါနှင့်
ခံ့ညားလေးစားထိုက်၍ ကျေးဇူးတင်တတ်သော ခရစ်ယာန်တို့က သံလွင်ခက်တနင်္ဂနွေနေ့မှ ရှင်ပြန်ထမြောက်နေ့အထိရှိ ထူးခြားသောရှစ်ရက်ကာလကို သန့်ရှင်းသောရက်သတ္တပတ်ဟု ခေါ်ကြသည်။ ၎င်းမှာ ဖန်ဆင်းတော်မူခြင်းအမှုထက်ပင်သာလွန်သော ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်ဖြစ်မြောက်ရာကာလဖြစ်သည်။ လူသားတို့၏ အဆိုးဆုံးရန်သူဖြစ်ကြသည့် အပြစ်၊ စာတန်မာရ်မတ်၊ သေခြင်း၊ တရားစီရင်ခြင်းနှင့် ငရဲတို့ကို ကောင်းစွာ အောင်မြင်သော ကယ်တင်ရှင်၏ အမှုတော်ကို ခြုံငုံသည့်ကာလပင် ဖြစ်သည်။
သို့သော်၊ ယေရှု၏ တပည့်တော်တို့အတွက်မှာမူ ထိုရက်သတ္တပတ်သည် အလွန်တင်းမာသည့်အချိန် ဖြစ်သည်။ သူတို့အားယေရှုပြောကြားခဲ့သောစကားတို့သည် ထိုအချိန်တွင် သူတို့အတွက် အဓိပ္ပာယ်မရှိသောစကားကဲ့သို့ ဖြစ်ပြီး သူတို့နားလည်းနိုင်သည့်အရာကိုမူ သူတို့မကြားလိုသောအရာပင် ဖြစ်ကြသည်။ ထိုထူးခြားသောရက်သတ္တပတ်၏ ကြာသပတေးနေ့တွင် သူတို့သည် နောက်ဆုံးသောပဿခါပွဲကို ယေရှုနှင့်အတူ စားသောက်ခဲ့ပြီး ပထမဦးဆုံးပွဲတော်အဖြစ် ကိုယ်ခန္ဒာတော်နှင့် သွေးတော်ကို မုန့်နှင့်စပျစ်ဝိုင်တို့နှင့်တကွ ခံယူရရှိခဲ့သည်။ ယေရှုသည် သူတို့၏ ဖုန်ပေနေသည့်ခြေတို့ကို တစ်ဦးနောက် တစ်ဦး ဆေးကြောခြင်းအားဖြင့် အစေခံသောခေါင်းဆောင်ပုံကို လေးလေးနက်နက် ပြသခဲ့သည့်။
ထိုညနေခင်းအချိန်အများစုတွင် ကိုယ်တော်သည် သူတို့ကို ကြာရှည်စွာ သွန်သင်လျက်နေခဲ့သည်။ ၎င်းမှာ တပည့်တော်များကိုလည်းကောင်း၊ ကိုယ်တော်နှင့် နိုင်ငံတော်အတွက် ပွင့်လင်းစွာ အစေခံမည့်သူများကိုလည်းကောင်း စောင့်ဆိုင်းနေသည့် တိုက်ခိုက်မှုနှင့် အခက်အခဲတို့၏ တည်ငြိမ်သောရှေ့ပြေးလက္ခဏာ ဖြစ်သည်။ သို့သော်၊ ယုံကြည်ခြင်းဖြင့် ယေရှုနှင့်အတူ ပေါင်းစပ်သူများအားလုံးအတွက် နောက်ဆုံးသောအောင်ပွဲကို ငြိမ်သက်စွာနှင့် အေးဆေးစွာ ကြေညာသောအချိန်လည်း ဖြစ်သည်။ ကိုယ်တော်က သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။ (ယော၊ ၁၆:၃၃)
ဖော်ပြပါအချက်မှာ၊ ယနေ့ ညည်းညူလျက် ကြောက်လျက်နေသည့် ယုံကြည်သူအားလုံးအတွက် မျှော်လင့်ချက်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်သည် ခရစ်တော်၌ ဝှက်ထားခြင်းခံရသည်ဟု သမ္မာကျမ်းစာက ဆိုထားသည်။ ပြင်ပအားဖြင့် ကျွန်ုပ်တို့သည် ယိုယွင်းပျက်စီးနေပုံရှိသည်။ သို့သော်၊ ၎င်းမှာ စိတ်၏ လှည့်စားမှုသာဖြစ်သည်။ အမှန်မှာ ကျွန်ုပ်တို့၏ အသက်၊ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းနှင့် ကျွန်ုပ်တို့၏ ဆက်ဆံခြင်းတို့သည် အံ့ဩဖွယ်ကောင်းသောခရစ်တော်လက်တော်ထဲ၌ ရှိသည်။ သင်၏ အသက်တာသည် ဒုက္ခနှင့် ပြည့်နေလျှင်လည်း မစိုးရိမ်ပါနှင့်။ ခရစ်တော်သည် အောင်နိုင်ပြီ။ ကိုယ်တော်သည် အောင်ပွဲခံခဲ့ပြီဖြစ်၍ မိတ်ဆွေသည်လည်း အောင်ပွဲခံပြီ။ သက်ပြင်းချလိုက်ပါတော့။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကို ဖော်ပြသောဒုက္ခခံတော်မူရာ ရက် (၄၀) ပွဲတော်ကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးပါသည်။
More
ဤအစီအစဉ်ကိုပြင်ဆင်ပေးသော Time of Grace အမှုတော်လုပ်ငန်းကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - www.timeofgrace.org