YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျွန်ုပ်တို့ကိုယ်စား - Time of Grace အမှုတော်လုပ်ငန်းမှ ခရစ်တော်ဒုက္ခခံတော်မူရာရက် (၄၀) နှင့်ဆိုင်သောဆင်ခြင်နှလုံးသွင်းစရာများနမူနာ

In Our Place: Lenten Devotions

14 ၏ နေ့ 3

ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း

ဗြိတိန်၏ မင်းခမ်းမင်းနားဖြင့် လှည့်လည်သောပွဲထက် ပို၍ခမ်းနားထည်ဝါသောပွဲမည်သည့်နိုင်ငံတွင်မျှ မရှိပါ။ ဘုရင်မ အဲလစ်ဇဘက်သည် နန်းသက်ရှည်ကြာစွာ စိုးစံခဲ့သည့်အတွက် သက်ကြီးသူများကသာ (၁၉၅၃) ခုနှစ်၊ နောက်ဆုံးနန်းတက်ပွဲကို မှတ်မိနိုင်ကြသည်။ သို့သော်၊ မကြာမီမှာပင် လောကသားတို့ နောက်ထပ်နန်းတက်ပွဲကို မြင်ရပေတော့မည်။ ဘုရင်အသစ်တစ်ပါးသည် တော်ဝင်စီတန်းလှည့်လည်ပွဲ၌ Lord’s High Steward ဘွဲ့ခံအရာရှိဆောင်လာသော သူတော်စင် Edward ၏ရွှေသားအတိသရဖူ၊ (အေဒီ၊ ၁၁၈၉ မှ) ရွှေဖနောင့်သံဆူး၊ တော်ဝင်လက်အိတ်၊ ရွှေအလုံးတော်၊ ရာဇယဋ္ဌိ အဆောင်အယောင် အပြည့်အဝဖြင့် လိုက်ပါလျက် ရောက်ရှိလာလိမ့်မည်။

ဤပွဲကား သံလွင်တောင်မှ ယေ​ရု​ရှ​လင်မြို့သို့ ရှင်ဘုရင်ယေရှုမြည်းစီးဝင်လာပုံနှင့် ကွာခြားလှပါသည်။ ကိုယ်တော်စီးစရာမှာ လူအုပ်အထက်ခေါင်းတစ်လုံးသာ မော်နိုင်သော တိရိစ္ဆာန်ငယ် မြည်းကလေးပဲ ဖြစ်သည်။ သို့သော်၊ လူအများကကိုယ်တော့်အား ဘုရင်အဖြစ် သိမှတ်ပြီး၊ ထာဝရဘုရား၏ နာမတော်၌ ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်းဟု သံပြိုင်ကြွေးကြော်ကြသည် (လု၊ ၁၉:၃၈)။ ကိုယ်တော့်ကို စောင့်စားလျက်ရှိသော ရာဇဝတ်ရုံတော်မှာ ရောမစစ်သားခြုံထည်ဟောင်းသာဖြစ်သည်။ ပေးအပ်ထားသော ရာဇယဋ္ဌိမှာကျူရိုးလှီလှီသာဖြစ်ပြီး ခေါင်းတော်ပေါ်၌ ဆောင်းသောသရဖူမှာ ရွှေမဟုတ်ဘဲ ဆူးသရဖူသာ ဖြစ်သည်။

ဆူးသရဖူမှမျက်နှာသို့ စီးကျလာသောသွေးမှာ လူသားသွေးဖြစ်သကဲ့သို့ ဘုရားသခင်၏ သွေးလည်း ဖြစ်သည်။ ထိုသို့သောအသွေးတော်ဖြစ်သည့်အလျောက် ရွေးနုတ်ဝယ်ယူနိုင်သော တန်ခိုးအာဏာ ရှိသည်။ လူသားတစ်ယောက်အနေဖြင့် ခရစ်တော်သည် ဘုရားသခင်၏ တရားရုံးတော်၌ ကျွန်ုပ်တို့ကို ကိုယ်စားပြုပေးနိုင်သည်။ ဘုရားသခင်အနေဖြင့်လည်း တစ်လောကလုံးရှိ ကယ်တင်ရှင်လိုအပ်နေသော အပြစ်သားများကို ကိုယ်စားပြုပေးနိုင်သည်။ ကိုယ်တော်၏ဒဏ်ချက်များအားဖြင့် ကျွန်ုပ်တို့သည် အနာရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို ​ရရှိ​ကြ​သည်။

သံလွင်တောင်သည် အရေးပါသော နောက်ထပ်ရာဇနန်းတက်လှည့်လည်ပွဲအဖြစ် အသုံးတော်ခံခဲ့သည်။ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သည် ထိုနေရာမှပင် ကောင်းကင်သို့ တက်သွားခဲ့လေသည်။ ယခုမှာ၊ ကိုယ်တော်၏ နှိမ့်ချခြင်းအစား ဘုန်းအသရေတော်သည် နေရာယူလေပြီ။ အပါးတော်တွင် ခစားသောကောင်းကင်တမန်သိန်းသန်းချီရှိ၍ စကြဝဠာတစ်ခုလုံးသည်လည်း မျက်မှောက်တော်၌ ရှိပြီး ဝိညာဉ်တော်နှင့်ပြည့်လျက် ရှိသည်။ ကိုယ်တော်သည် ညီအစ်ကိုမောင်နှမတော်တို့၏ ကောင်းကျိုးချမ်းသာအတွက် အရာအားလုံးကို အုပ်စိုးတော်မူသည်။ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်လည်း မင်းမျိုးမင်းနွယ်များဖြစ်ကြသည်။ ကောင်းကင်ဘုံစံ မင်းမျိုးမင်းနွယ်များ ဖြစ်ကြသည်။

ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

In Our Place: Lenten Devotions

ဤဖတ်ရှုခြင်းအစီအစဉ်သည် ကျွန်ုပ်တို့ကိုယ်စား ယေရှုခရစ်တော်ခံခဲ့သည့် ဒုက္ခဆင်းရဲခြင်း၊ အပြစ်ဒဏ်စီရင်ခြင်းနှင့်သေခြင်းတို့အကြောင်းကို ဖော်ပြသောဒုက္ခခံတော်မူရာ ရက် (၄၀) ပွဲတော်ကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးပါသည်။

More

ဤအစီအစဉ်ကိုပြင်ဆင်ပေးသော Time of Grace အမှုတော်လုပ်ငန်းကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - www.timeofgrace.org