ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်နမူနာ
တနင်္ဂနွေနေ့
ဤအံ့ဩဖွယ်ကောင်းသောနေ့တွင် လက်ဝါးကပ်တိုင်တော်၊ ဗလာသင်္ချိုင်းမှစ၍ ၎င်းတို့က ကျွန်တော်တို့ကို ပေးသောအရာများနှင့်ပတ်သက်၍ အချိန်ယူဆင်ခြင်ကြပါစို့။ သို့သော်၊ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလော့ဟူသည့် မဟာစေခိုင်းတော်မူချက်အကြောင်းကိုလည်း ဆင်ခြင်ကြပါစို့။ ခရစ်တော်က မိမိတပည့်တော်တို့အား လက်ဆင့်ကမ်းခဲ့သည့် ကောင်းမြတ်သောသတင်းအစစ်မှာ ရယူရန်သာ မဟုတ်ဘဲ လက်ဆင့်ကမ်းရသည့် ကျေးဇူးတော်ဆိုင်ရာ ကောင်းမြတ်သောသတင်း ဖြစ်သည်။ သခင်ယေရှုသည် မိမိတပည့်တော်တို့အား အခြားတပည့်များကိုလည်း မွေထုတ်ပြီး အသီးသီးကြရန် တာဝန်ပေးထားခဲ့သည်။ လူတို့သည် တစ်ဆင့်ပြီးတစ်ဆင့် အခြားသူတို့ကို တပည့်တော်ဖြစ်အောင် လုပ်ဆောင်လာခဲ့သည့်အတွက် ဤအမှုသည်ဖြစ်မြောက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ဤသို့ဖြင့် နှစ်ပေါင်း (၂၀၀၀) အတွင်း လက်ဆင့်ကမ်းလာခဲ့ကြသည်။ သို့သော်၊ ခေတ်ကာလတိုင်းတွင် အထူးသဖြင့် ကျွန်တော်တို့၏ ခေတ်ကာလတွင် ကောင်းမြတ်သော သတင်းသည် ပို၍အားနည်းလာပုံ ရှိပါသည်။ မှန်ကန်စွာ အသီးသီးမည့်အစား ကျွန်တော်တို့သည် အစေ့မပါသော စပျစ်သီးကိုသာ စိုက်ပျိုးနေကြသည်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း၊ ခံရစားရသည့်ကျေးဇူးတော်ကို ချီမွမ်းခြင်းစသည့် အမှုတို့ကို ယနေ့ အချိန်ယူပြုကြသောအခါ ထိုကျေးဇူးတော်ကို လက်ဆင့်ကမ်းနိုင်သည့်အစွမ်းသတ္တိကို ပို၍ရရှိနိုင်ရန်နှင့် မဟာစေခိုင်းခြင်းအတွက် အသက်ရှင်နိုင်ရန် ဆုတောင်းကြပါစို့။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိမိအသက်တာသည် တစ်ပတ်သာကျန်နေသည်ဟု သိလျှင် ထိုနောက်ဆုံးအပတ်ကို မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုသည် လူသားအဖြစ်ကို ခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့် နောက်ဆုံးအပတ်သည် အနာဂတ္တိစကားကို ပြည့်စုံစေခြင်း၊ အတွင်းကျကျ ဆုတောင်းခြင်း၊ လေးလေးနက်နက် ဆွေးနွေးခြင်း၊ အထိမ်းအမှတ်ဖြစ်သောအမှုများ ပြုခြင်း၊ ကမ္ဘာကိုပြောင်းလဲစေသည့် အရာများလုပ်ဆောင်ခြင်းစသည့် အောက်မေ့ဖွယ်ကောင်းသော အပြုအမူများနှင့် ပြည့်ခဲ့ပါသည်။ ဤဖတ်ရှုခြင်းအစီအစဉ်ကို ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ တနင်္ဂလာနေ့မှစတင်ဖတ်ရှုနိုင်ရန် ပြင်ဆင်ထားပြီး ထိုသန့်ရှင်းသောအပတ်တွင် ဖြစ်ပျက်သည့် အရာများကို ခရစ်ဝင်ကျမ်း (၄) ကျမ်းထဲမှ ကောက်နုတ်ထားလျက် ထိုကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးသည်။
More
ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ LifeChurch.tv အကြောင်းကို ပိုမိုသိရှိလိုပါက၊ www.timeofgrace.org www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။