YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်နမူနာ

The Story of Easter

7 ၏ နေ့ 3

ဗုဒ္ဓဟူးနေ့

သခင်ယေရှုတွင် နောက်ဆုံးတောင်းလျှောက်လိုသည့် အရာတစ်ခု ရှိသည်။ နောက်နေ့တွင် မိမိ၌ မည်သို့ဖြစ်မည်ကို ကိုယ်တော်သိထားတော်မူသော်လည်း ကိုယ်တော်သည် နောက်ဆုံးဆုတောင်းသောအခါ မိမိအတွက်မဟုတ်ဘဲ မိတ်ဆွေအတွက်နှင့် ကျွန်တော်တို့အားလုံးအတွက် ဆုတောင်းခဲ့သည်။ မိမိတပည့်တော်များအတွက်လည်း သခင်ယေရှု ဆုတောင်ပေးခဲ့ပါသည်။ သခင်ယေရှု၏ ဆုတောင်းချက်သည် ကျွန်တော်တို့အပေါ်ရှိသော ဘုရားသခင်၏ အလိုတော်ကို ဖော်ပြခြင်း ဖြစ်သည်။ ဤအပတ်တွင်၊ သခင်ယေရှု၏ ဆုတောင်းချက်အတိုင်း ဖြစ်မြောက်လာဖို့ ကြိုးစားပါ။ ထိုသို့ဖြစ်လာစေရန် ကိုယ်တော်၏ ဆုတောင်းချက်ကို တစ်ချောင်းခြင်းဆီ ဖတ်ရှုပါ။ ယခုအပတ် တနင်္ဂနွေနေ့မှာ ကမ္ဘာတစ်ဝန်းလုံးရှိ အသင်းတော်များတွင် ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအထိမ်းအမှတ်ပွဲတော်ကို ကျင်းပကြသောအခါ ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ​ဖြစ်ရန်နှင့် တစ်ဦးနှင့် တစ်ဦး တစ်လုံးတစ်ဝတည်း ​ဖြစ်ရန် နည်းလမ်းကို ရှာဖွေကြပါစို့။ သခင်ယေရှု၏ ဆုတောင်းချက်ကို မိမိ၏ ဆုတောင်းချက် ဖြစ်စေ၍ ကျွန်တော်တို့၏ တစ်လုံးတစ်ဝတည်း​ဖြစ်ခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ မေတ္တာတော်အားဖြင့်လည်းကောင်း လောကီသားတို့သည် ကိုယ်တော်၏ ဘုန်းတော်ကို မြင်ရလျက် ကိုယ်တော်ကို သိရှိနိုင်ဖို့ ကြိုးစားကြပါစို့။
နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

The Story of Easter

မိမိအသက်တာသည် တစ်ပတ်သာကျန်နေသည်ဟု သိလျှင် ထိုနောက်ဆုံးအပတ်ကို မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုသည် လူသားအဖြစ်ကို ခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့် နောက်ဆုံးအပတ်သည် အနာဂတ္တိစကားကို ပြည့်စုံစေခြင်း၊ အတွင်းကျကျ ဆုတောင်းခြင်း၊ လေးလေးနက်နက် ဆွေးနွေးခြင်း၊ အထိမ်းအမှတ်ဖြစ်သောအမှုများ ပြုခြင်း၊ ကမ္ဘာကိုပြောင်းလဲစေသည့် အရာများလုပ်ဆောင်ခြင်းစသည့် အောက်မေ့ဖွယ်ကောင်းသော အပြုအမူများနှင့် ပြည့်ခဲ့ပါသည်။ ဤဖတ်ရှုခြင်းအစီအစဉ်ကို ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ တနင်္ဂလာနေ့မှစတင်ဖတ်ရှုနိုင်ရန် ပြင်ဆင်ထားပြီး ထိုသန့်ရှင်းသောအပတ်တွင် ဖြစ်ပျက်သည့် အရာများကို ခရစ်ဝင်ကျမ်း (၄) ကျမ်းထဲမှ ကောက်နုတ်ထားလျက် ထိုကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးသည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ LifeChurch.tv အကြောင်းကို ပိုမိုသိရှိလိုပါက၊ www.timeofgrace.org www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။