ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်နမူနာ
အင်္ဂါနေ့
ဤစပျစ်ဥယျာဉ်ပုံဥပမာတွင် ကျွန်တော်တို့သည် မည်သူဖြစ်သည်ကို သေချာသိဖို့ လိုအပ်ပါသည်။ ကျွန်တော်တို့သည် အကိုင်းအခက်များ ဖြစ်ကြသည်။ ကျွန်တော်တို့၏ တစ်ခုတည်းသော တာဝန်မှာ စပျစ်ပင်ဖြစ်တော်မူသော ယေရှု၌ သေချာချိတ်ဆက်တည်နေရခြင်း ဖြစ်သည်။ ထိုသို့ပြုခြင်းအားဖြင့် အသီးသီးခြင်းဟူသည့် ကျွန်တော်တို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်ကို ပြည့်စုံစေနိုင်ပါသည်။ စပျစ်ဥယျဉ်ထဲတွင် လုပ်ဆောင်ရမည့် အခြားအလုပ်အားလုံးကို ဥယျဉ်မှူးဖြစ်တော်မူသော ဘုရားသခင်သည် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ၎င်းမှာ ကျွန်တော်၏ အလုပ် မဟုတ်ပါ။ မိတ်ဆွေ၏ အလုပ်လည်း မဟုတ်ပါ။ ကျွန်တော်တို့အလုပ်မှာ ကိုယ်တော်သည် ကျွန်တော်တို့ကို ပြုစုလုပ်ဆောင်နိုင်ရန် စပျစ်ပင်တွင်ချိတ်ဆက်တည်နေရခြင်း ဖြစ်သည်။ မိတ်ဆွေသည် မည်သူဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်အမှုအတွက်ခေါ်ယူတော်မူခြင်းခံရသည်ကိုလည်းကောင်း ယနေ့ဆင်ခြင်ပါ။ ကိုယ်တော်၌ စွဲကပ်နေခြင်း၊ တည်နေခြင်း၊ ချိတ်ဆက်ထားခြင်း၊ ကပ်ငြိခြင်းနှင့် စွဲမြဲနေခြင်းတို့ကိုသာ မိတ်ဆွေပြုရမည်ဖြစ်၍ အခြားမည်သည့်အရာမျှ ပြုစရာမလိုပါ။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိမိအသက်တာသည် တစ်ပတ်သာကျန်နေသည်ဟု သိလျှင် ထိုနောက်ဆုံးအပတ်ကို မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုသည် လူသားအဖြစ်ကို ခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့် နောက်ဆုံးအပတ်သည် အနာဂတ္တိစကားကို ပြည့်စုံစေခြင်း၊ အတွင်းကျကျ ဆုတောင်းခြင်း၊ လေးလေးနက်နက် ဆွေးနွေးခြင်း၊ အထိမ်းအမှတ်ဖြစ်သောအမှုများ ပြုခြင်း၊ ကမ္ဘာကိုပြောင်းလဲစေသည့် အရာများလုပ်ဆောင်ခြင်းစသည့် အောက်မေ့ဖွယ်ကောင်းသော အပြုအမူများနှင့် ပြည့်ခဲ့ပါသည်။ ဤဖတ်ရှုခြင်းအစီအစဉ်ကို ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ တနင်္ဂလာနေ့မှစတင်ဖတ်ရှုနိုင်ရန် ပြင်ဆင်ထားပြီး ထိုသန့်ရှင်းသောအပတ်တွင် ဖြစ်ပျက်သည့် အရာများကို ခရစ်ဝင်ကျမ်း (၄) ကျမ်းထဲမှ ကောက်နုတ်ထားလျက် ထိုကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးသည်။
More
ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ LifeChurch.tv အကြောင်းကို ပိုမိုသိရှိလိုပါက၊ www.timeofgrace.org www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။