YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်နမူနာ

The Story of Easter

7 ၏ နေ့ 6

စနေနေ့

အမျိုးသမီးတစ်ဦးသည် သူ့ဘူးကို ခွဲပြီးလျှင် သူ့ဆီမွှေးအားလုံးကို သွန်းလောင်းခဲ့သည်။ သူမသည် မိမိအတွက် တန်ဖိုရှိသည့်အရာအားလုံးကို ဖောဖောသီသီ သုံးဖြုန်းခဲ့သည်။ သူမသည် မိမိဘူးကို ခွဲခြင်းအားဖြင့် ထိုဆီမွှေးကို မိမိအတွက်နှင့် နောက်နောင်တွင်သုံးနိုင်သည့်အခွင့်ကို လုံးဝဖယ်ရှားခြင်း ဖြစ်သည်။ ယခင်၊ ယခုနှင့် အနာဂတ်တွင် မိမိပိုင်ဆိုင်သည့် အရာအားလုံးကို ကိုယ်တော်အားပေးခြင်း ဖြစ်သည်။ သူမ၏ မှတ်သားဖွယ်ဖြစ်သောမေတ္တာကို လူတို့အစဉ်အမြဲ အောက်မေ့မည်ဖြစ်ကြောင်း သခင်ယေရှု ပြောဆိုခဲ့သည်။ ထို့နောက်၊ နောက်ဆုံးသောပွဲတော်တွင် နောက်တစ်ဖန် ထိုနည်းတူသောစကား ထွက်ပေါ်ခဲ့သည်။ ကိုယ်တော်သည် ကျွန်တော်တို့အတွက် မိမိကိုယ်ခန္ဓာတော်ကို ချို့ဖဲ့၍ မိမိသွေးတော်ကို သွန်းလောင်းတော်မူခဲ့သည်။ ငါ့ကို အောက်မေ့ဖို့ရန် ဤသို့ပြုကြလော့ဟု မိန့်တော်မူခဲ့သည့် သခင်ယေရှု၏ စကားတော်ကို ယခုဖတ်သောအခါ မုန့်နှင့် စပျစ်ရည်ကိုသာ မအောက်မေ့ဘဲ ပွဲတော်အားဖြင့် ကျွန်တော်တို့ကိုမည်သည့် အမှုအတွက် ခေါ်တော်မူသည်ကို အောက်မေ့ပါ။ ကိုယ်တော်သည် ချိုးဖဲ့ခြင်း ခံရ၍ သွန်းလောင်းခြင်း ခံရသကဲ့သို့ ကျွန်တော်တို့ကိုလည်း ထိုသို့ပြုရန် ကျွန်တော်တို့ကို လက်ယပ်ခေါ်နေပါသည်။ အားလုံးအပ်နှံထားပါ။ မည်သည့်အရာကိုမျှ အရန်မထားပါနှင့်။ အခွင့်အားလုံးကို စွန့်လွှတ်ပါ။ ထိုသို့ပြုခြင်းသည် သခင်ယေရှုပြုတော်မူခဲ့သည့်အရာကို အမှန်ပင်အတုယူပြုလုပ်ခြင်း ဖြစ်သည်။ ထုံးတမ်းဓလေ့ကို မြတ်နိုင်းခြင်းမဟုတ်ဘဲ အထိမ်းအမှတ်ဖြစ်စေရန် ပြုလုပ်ခြင်း ဖြစ်သည်။ ထိုဘူးခွဲခြင်းနှင့်သွန်းလောင်းခြင်းအမှုသည် သင့်အသက်တာတွင် မည်သို့သောပုံသဏ္ဌာန် ရှိသနည်း။
နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

The Story of Easter

မိမိအသက်တာသည် တစ်ပတ်သာကျန်နေသည်ဟု သိလျှင် ထိုနောက်ဆုံးအပတ်ကို မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုသည် လူသားအဖြစ်ကို ခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့် နောက်ဆုံးအပတ်သည် အနာဂတ္တိစကားကို ပြည့်စုံစေခြင်း၊ အတွင်းကျကျ ဆုတောင်းခြင်း၊ လေးလေးနက်နက် ဆွေးနွေးခြင်း၊ အထိမ်းအမှတ်ဖြစ်သောအမှုများ ပြုခြင်း၊ ကမ္ဘာကိုပြောင်းလဲစေသည့် အရာများလုပ်ဆောင်ခြင်းစသည့် အောက်မေ့ဖွယ်ကောင်းသော အပြုအမူများနှင့် ပြည့်ခဲ့ပါသည်။ ဤဖတ်ရှုခြင်းအစီအစဉ်ကို ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ တနင်္ဂလာနေ့မှစတင်ဖတ်ရှုနိုင်ရန် ပြင်ဆင်ထားပြီး ထိုသန့်ရှင်းသောအပတ်တွင် ဖြစ်ပျက်သည့် အရာများကို ခရစ်ဝင်ကျမ်း (၄) ကျမ်းထဲမှ ကောက်နုတ်ထားလျက် ထိုကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးသည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ LifeChurch.tv အကြောင်းကို ပိုမိုသိရှိလိုပါက၊ www.timeofgrace.org www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။