YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်နမူနာ

The Story of Easter

7 ၏ နေ့ 1

တနင်္ဂလာနေ့

ဘုရားသခင်သည် ကျွန်ုပ်တို့အား အသက်ရှင်နေထိုင်စေလိုသည့်ပုံကို လူသားတစ်ဦးအနဖြင့် နမူနာပြခြင်းဟုသည့် ဤလောကတွင် သခင်ယေရှုသက်တော်ထင်ရှားခြင်း ရည်ရွယ်ချက်ထဲမှ တစ်ချက်ကို ဤအပိုဒ်တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။ သခင်ယေရှုက၊ သင်တို့၌ ငါပြုသကဲ့သို့ သင်တို့သည်လည်း ပြုကြလော့ဟု မိန့်တော်မူခဲ့သည်။ ကိုယ်တော်သည် ထိုသို့မိန့်မှာခဲ့သည်သာမက ကျွန်တော်တို့အား ထိုသို့ပြုနိုင်သည့် အစွမ်းသတ္တိကိုလည်း ပေးတော်မူသည်။ ကျွန်တော်တို့သည် ကိုယ့်စွမ်းနှင့် ကိုယ် ဘုရားသခင်၏ သားတော်ကဲ့သို့ အသက်ရှင်နိုင်ဖို့ ကြိုးစားရမည်ဟု သခင်ယေရှု မိန့်မှာခဲ့သည် မဟုတ်ပါ။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကိုယ်တော်၏ တန်ခိုးတော်ကို ကျွန်တော်တို့အားကိုးရသောအခွင့်ကို ပေးတော်မူသည်။ ခရစ်တော်သည် ကျွန်တော်တို့အတွက် ထားတော်မူသော စံနမူနာကို ယနေ့ဆင်ခြင်ကြပါစို့။ မိမိ၏ ဆက်ဆံရေးနှင့် မိမိ၏အခြအနေတို့တွင် ခြေဆေးခြင်းအမှုသည် မည်သို့သော ပုံစံရှိသနည်း။ သခင်ယေရှုသည် ကိုယ်တော်၏ မိတ်ဆွေများအား ပြုတော်မူသကဲ့သို့ ကျွန်တော်တို့သည် အခြားသောသူများကို ထိုသို့သောအခြေခံသဘောဖြင့် မည်သို့အစေခံနိုင်သနည်း။
နေ့ 2

ဤအစီအစဉ်အကြောင်း

The Story of Easter

မိမိအသက်တာသည် တစ်ပတ်သာကျန်နေသည်ဟု သိလျှင် ထိုနောက်ဆုံးအပတ်ကို မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုသည် လူသားအဖြစ်ကို ခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့် နောက်ဆုံးအပတ်သည် အနာဂတ္တိစကားကို ပြည့်စုံစေခြင်း၊ အတွင်းကျကျ ဆုတောင်းခြင်း၊ လေးလေးနက်နက် ဆွေးနွေးခြင်း၊ အထိမ်းအမှတ်ဖြစ်သောအမှုများ ပြုခြင်း၊ ကမ္ဘာကိုပြောင်းလဲစေသည့် အရာများလုပ်ဆောင်ခြင်းစသည့် အောက်မေ့ဖွယ်ကောင်းသော အပြုအမူများနှင့် ပြည့်ခဲ့ပါသည်။ ဤဖတ်ရှုခြင်းအစီအစဉ်ကို ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ တနင်္ဂလာနေ့မှစတင်ဖတ်ရှုနိုင်ရန် ပြင်ဆင်ထားပြီး ထိုသန့်ရှင်းသောအပတ်တွင် ဖြစ်ပျက်သည့် အရာများကို ခရစ်ဝင်ကျမ်း (၄) ကျမ်းထဲမှ ကောက်နုတ်ထားလျက် ထိုကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးသည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ LifeChurch.tv အကြောင်းကို ပိုမိုသိရှိလိုပါက၊ www.timeofgrace.org www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။