YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်နမူနာ

The Story of Easter

7 ၏ နေ့ 4

ကြာသပတေးနေ့

ခရစ်တော်၏သေခံတော်မူခြင်းကို မျက်ဝါးထင်ထင်မြင်ရသည့် ကိုယ်တော်၏ပထမတပည့်တော်တို့၏နေရာတွင် သင့်ကိုယ်ကိုအစားထိုးကြည့်ပါ။ သင်သည် အသည်းကွဲနေပါလိမ့်မည်။ ဦးနောက်ထဲတွင် အမျိုးမျိးစဉ်စားနေပါလိမ့်မည်။ ဤအဖြစ်မှာ ဂျူးလူမျိုးတို့၏ရှင်ဘုရင်ဖြစ်သူအပေါ်၌ ဖြစ်ရမည့် အဖြစ်မျိုးလုံးဝမဟုတ်ပါ။ ကိုယ်တော်သည် အားလုံးကို မှန်လာအောင်လုပ်ပေးမည့်သူ၊ ကြိုးပဲ့သည့်အရာကို ပြုပြင်မည့်သူ၊ ပျောက်သည့်အရာကို ပြန်လည်ဖော်ထုတ်မည့်သူဖြစ်သင့်သည်။ သို့သော် ယခုမှာ အားလုံးသည် ကြိုးပဲ့၊ ဆုံးရှုံးသွားသည်။ တစ်စုံတစ်ခုမျှ မမှန်သကဲ့သို့ဖြစ်နေသည်။ လက်ဝါးကပ်တိုင်နှင့် ဗလာသင်္ချိင်းအကြားရှိအချိန်ကာလအတွင်းအသက်ရှင်နေသည်ဟု ယနေ့အောက်မေ့လျက် အချိန်ယူဆင်ခြင်ကြည့်ပါ။ မျှော်လင့်ခြင်းပျောက်ကွယ်သွား၍ ကျေးဇူးတော်ပြန်ရောက်မလာသည့်အချိန်တွင် မည်သို့ခံစားရသနည်း။ ထိုခံစားမှုဖြင့် ထိုသို့သောအခြေအနေ၌ နေ့စဉ်အသက်ရှင်နေရသော သင်၏အသိမိတ်ဆွေအတွက် ဆုတောင်းပေးပါ။ သူတို့ကို ဘုရားသခင်နှင့်မိတ်ဆက်ပေးနိုင်ရန် ယခုအပတ်တနင်္ဂနွေနေ့တွင်စောင့်ထိန်းမည့် ရှင်ပြန်ထမြောက်ရာနေ့သို့ သူတို့ကိုမည်သို့ဖိတ်ခေါ်နိုင်သည်ကို ပြသပေးတော်မူမည့်အကြောင်း ဘုရားသခင်အားဆုတောင်းပါ။
နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

The Story of Easter

မိမိအသက်တာသည် တစ်ပတ်သာကျန်နေသည်ဟု သိလျှင် ထိုနောက်ဆုံးအပတ်ကို မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုသည် လူသားအဖြစ်ကို ခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့် နောက်ဆုံးအပတ်သည် အနာဂတ္တိစကားကို ပြည့်စုံစေခြင်း၊ အတွင်းကျကျ ဆုတောင်းခြင်း၊ လေးလေးနက်နက် ဆွေးနွေးခြင်း၊ အထိမ်းအမှတ်ဖြစ်သောအမှုများ ပြုခြင်း၊ ကမ္ဘာကိုပြောင်းလဲစေသည့် အရာများလုပ်ဆောင်ခြင်းစသည့် အောက်မေ့ဖွယ်ကောင်းသော အပြုအမူများနှင့် ပြည့်ခဲ့ပါသည်။ ဤဖတ်ရှုခြင်းအစီအစဉ်ကို ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ တနင်္ဂလာနေ့မှစတင်ဖတ်ရှုနိုင်ရန် ပြင်ဆင်ထားပြီး ထိုသန့်ရှင်းသောအပတ်တွင် ဖြစ်ပျက်သည့် အရာများကို ခရစ်ဝင်ကျမ်း (၄) ကျမ်းထဲမှ ကောက်နုတ်ထားလျက် ထိုကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးသည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ LifeChurch.tv အကြောင်းကို ပိုမိုသိရှိလိုပါက၊ www.timeofgrace.org www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။