YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်နမူနာ

The Story of Easter

7 ၏ နေ့ 5

သောကြာနေ့

ရှင်ပေါလုက ဖိလိပ္ပိဩဝါဒစာ အခန်းကြီး (၃) တွင်၊ ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏ ​ရှင်ပြန်​ထမြောက်​ခြင်း​တန်ခိုး​ကို​လည်းကောင်း၊ ကိုယ်တော်​၏ ​ဒုက္ခ​ဝေဒနာ​ကို ​မျှဝေ​ခံယူ​ခြင်း​ကို​လည်းကောင်း သိရှိ​၍ ကိုယ်တော်​၏ ​အသေခံ​ခြင်း​၌ တစ်​သဏ္ဌာန်​တည်း​ဖြစ်​ခြင်း​အခွင့်​ကို ​ရရှိ​ရန် အလိုရှိသည်ဟု ရေးထားသည်။ ကိုယ်တော်၌ဖြစ်ခဲ့သော ကြောက်မက်ဖွယ်ဖြစ်ရပ်ကို တွေ့ကြုံခံစားလိုသော်လည်း ထိုသို့ခံစားရန် မဖြစ်နိုင်သကဲ့သို့ ထင်ရလျက်ပင် ဤဖြစ်စဉ်တွင် တွေ့ရသည့် အံ့ဩဖွယ်ကောင်းသည့် အချက်မှာ ကျွန်တော်တို့သည် ခရစ်တော်ကို အမှန်တကယ် သိရသောအခွင့် ရှိသည်ဟုသည့်အချက် ဖြစ်သည်။ ထိုအကြမ်းဖက်မှုအားလုံးတို့ကြားမှ ထွန်းလင်းနေသည့် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်းနှင့် ကျေးဇူးပြုခြင်းတို့ကို ကြည့်သောအခါ မိတ်ဆွေသည် ကိုယ်တော်၏ အသေခံခြင်း၌ တစ်သဏ္ဌာန်တည်းဖြစ်ခြင်း၏ လုပမှုကို မြင်နိုင်ပါသည်။ ကိုယ်တော်၏ အသက်တာသည် ဘုရားသခင်ကို လုံးလုံးယုံကြည်ကိုးစားထားသည့် ရိုးရှင်းသော အသက်တော် ဖြစ်သည်။ ကိုယ်တော်မှာ မိမိတပည့်တော်အား အပ်နှံခဲ့သည့် မိမိမယ်တော်မှတစ်ပါး ဤလောကတွင် အခြားဝန်တာထားစရာ တစ်စုံတစ်ခုမျှ မရှိခဲ့ပါ။ ကိုယ်တော်ပိုင်ဆိုင်သည့် တစ်ခုတည်းသောအရာမှာ ခန္ဒာတော်မှ ကျွတ်ကျ၍ အစောင့်တပ်သားတို့က မဲချခွဲဝေယူကြသော အဝတ်တော်သာ ဖြစ်သည်။ ထိုသို့သောရိုးရှင်းမှု၊ ကြည်လင်ပြတ်သားသောအာရုံစိုက်မှု၊ ဘုရားသခင်၏ ရည်ရွယ်ချက်အပေါ် မိမိကိုယ်ကိုယ်မြုပ်နှံထားမှုနှင့် မိမိခမည်းတော်ကို လုံးလုံးယုံကြည်ကိုးစားမှုတို့သည် ကျွန်တော်တို့အတွက် စံထားမျှော်လင့်စရာ ဖြစ်သည်။
နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

The Story of Easter

မိမိအသက်တာသည် တစ်ပတ်သာကျန်နေသည်ဟု သိလျှင် ထိုနောက်ဆုံးအပတ်ကို မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုသည် လူသားအဖြစ်ကို ခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့် နောက်ဆုံးအပတ်သည် အနာဂတ္တိစကားကို ပြည့်စုံစေခြင်း၊ အတွင်းကျကျ ဆုတောင်းခြင်း၊ လေးလေးနက်နက် ဆွေးနွေးခြင်း၊ အထိမ်းအမှတ်ဖြစ်သောအမှုများ ပြုခြင်း၊ ကမ္ဘာကိုပြောင်းလဲစေသည့် အရာများလုပ်ဆောင်ခြင်းစသည့် အောက်မေ့ဖွယ်ကောင်းသော အပြုအမူများနှင့် ပြည့်ခဲ့ပါသည်။ ဤဖတ်ရှုခြင်းအစီအစဉ်ကို ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ တနင်္ဂလာနေ့မှစတင်ဖတ်ရှုနိုင်ရန် ပြင်ဆင်ထားပြီး ထိုသန့်ရှင်းသောအပတ်တွင် ဖြစ်ပျက်သည့် အရာများကို ခရစ်ဝင်ကျမ်း (၄) ကျမ်းထဲမှ ကောက်နုတ်ထားလျက် ထိုကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးသည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ LifeChurch.tv အကြောင်းကို ပိုမိုသိရှိလိုပါက၊ www.timeofgrace.org www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။