YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 28

28
ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း
(​မာ၊ ၁၆:၁-၁၀။ လု၊ ၂၄:၁-၁၂။ ယော၊ ၂၀:၁-၁၀။)
1ဥ​ပုသ်​နေ့​လွန်၍ ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် မိုး​လင်း​အံ့​ဆဲ​ဆဲ​အ​ချိန်၌၊ မာ​ဂ​ဒ​လ​မာ​ရိ​နှင့် အ​ခြား​သော မာ​ရိ​သည် သင်္ချိုင်း​တော်​ကို အ​ကြည့်​အ​ရှု​သွား​ကြ၏။- 2ထို​အ​ခါ မြေ​ကြီး​သည် ပြင်း​စွာ​လှုပ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​ဘုံ​မှ ဆင်း​လာ၍၊ တွင်း​ဝ၌​ပိတ်​သော​ကျောက်​ကို လှိမ့်​လှန်​ပြီး​လျှင်၊ ထို​ကျောက်​ပေါ်​မှာ ထိုင်​နေ၏။- 3သူ၏​မျက်​နှာ​သည် လျှပ်​စစ်​ကဲ့​သို့​ထင်၏။ အ​ဝတ်​သည်​လည်း မိုး​ပွင့်​ကဲ့​သို့ ဖြူ၏။- 4လူ​စောင့်​တို့​သည် ကောင်း​ကင်​တ​မန်​ကို ကြောက်​ရွံ့​သ​ဖြင့် တုန်​လှုပ်၍ သေ​မ​တတ်​ဖြစ်​ကြ၏။- 5ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။- 6ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။- 7အ​လျင်​အ​မြန်​ပြန်​သွား၍ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​အား ပြော​ကြ​လော့။ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​မည်။ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်၊ ငါ​ပြော​ပြီ​ဟု ထို​မိန်း​မ​တို့​အား ကောင်း​ကင်​တ​မန်​ဆို၏။- 8ထို​မိန်း​မ​တို့​သည်​လည်း ကြောက်​ရွံ့​သ​ဖြင့်​လည်း​ကောင်း၊ အ​လွန်​ဝမ်း​မြောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်္ချိုင်း​တော်​မှ အ​လျင်​အ​မြန်​သွား၍ တ​ပည့်​တော်​တို့​အား ထို​သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း​ငှာ ပြေး​ကြ၏။- 9လမ်း​မှာ​သွား​ကြ​စဉ် ယေ​ရှု​သည် ကြို​ဆို​တော်​မူ၍၊ သင်​တို့​အား မင်္ဂ​လာ​ဖြစ်​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။ ထို​မိန်း​မ​တို့​သည် ချဉ်း​ကပ်၍ ခြေ​တော်​ကို​ဖက်​ယမ်း​လျက် ပျပ်​ဝပ်​ကိုး​ကွယ်​ကြ၏။- 10ယေ​ရှု​က​လည်း ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သွား​ကြ​လော့။ ငါ့​ညီ​တို့​သည် ဂါ​လိ​လဲ​ပြည်​သို့ သွား​စေ​ခြင်း​ငှာ ဤ​သ​တင်း​စ​ကား​ကို ကြား​ပြော​ကြ​လော့။ ထို​ပြည်၌ သူ​တို့​သည် ငါ့​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
အ​စော​င့်​များ​ထံ​မှ​သ​တင်း
11ထို​မိန်း​မ​တို့​သည် သွား​ကြ​စဉ်​အ​ခါ လူ​စောင့်​အ​ချို့​တို့​သည် မြို့​ထဲ​သို့​ဝင်၍ ဖြစ်​လေ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​အား ပြန်​ကြား​ကြ၏။- 12ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် စု​ဝေး၍ တိုင်​ပင်​ပြီး​မှ စစ်​သူ​ရဲ​တို့​အား ငွေ​အ​များ​ကို ပေး၍၊- 13ည​အ​ခါ ငါ​တို့​အိပ်​ပျော်​စဉ်​တွင် ထို​သူ၏ တ​ပည့်​တို့​သည်​လာ၍ အ​လောင်း​ကို ခိုး​သွား​ကြ​သည်​ဟု သင်​တို့​ပြော​ကြ​လော့။- 14ထို​အ​ကြောင်း​ကို မြို့​ဝန်​မင်း​ကြား​ပြန်​လျှင်၊ ငါ​တို့​သည် သူ့​ကို​ဖျောင်း​ဖျ၍ သင်​တို့၌ အ​မှု​မ​ရှိ​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု၊- 15သွန်​သင်​သည်​နှင့်​အ​ညီ စစ်​သူ​ရဲ​တို့​သည် ငွေ​ကို​ယူ၍​ပြု​ကြ၏။ ထို​စ​ကား​ကို ယ​ခု​တိုင်​အောင် ယု​ဒ​လူ​တို့​သည် အ​နှံ့​အ​ပြား ပြော​ဆို​ကြ၏။
တ​ပ​ည့်​တော်​တို့​အား​မှာ​ကြား​ခြင်း
(​မာ၊ ၁၆:၁၄-၁၈။ လု၊ ၂၄:၃၆-၄၉။ ယော၊ ၂၀:၁၉-၂၃။ တ၊ ၁:၆-၈။)
16တစ်​ကျိပ်​တစ်​ပါး​သော တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​ပြည်​သို့ သွား၍ ယေ​ရှု​မှာ​ထား​တော်​မူ​သော တောင်​ပေါ်​သို့ တက်​ကြ​လျှင်၊ ကိုယ်​တော်​ကို​တွေ့​မြင်၍ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ၏။-#မ၊ ၂၆:၃၂။ မာ၊ ၁၄:၂၈။ 17အ​ချို့​တို့​သည် ယုံ​မှား​ခြင်း​ရှိ​ကြ၏။- 18ယေ​ရှု​သည် အ​နီး​အ​ပါး​သို့ ချဉ်း​တော်​မူ​ပြီး​လျှင်၊ ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ စီ​ရင်​ပိုင်​သော အ​ခွင့်​တန်​ခိုး​ရှိ​သ​မျှ​တို့​ကို ငါ​ခံ​ရ​ပြီ။- 19သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။-#တ၊ ၁:၈။ 20ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။
ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲ 28: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။