ထူးဆန်းမေတ္တာနမူနာ
စိတ်နှလုံးအကြွင်းမဲ့ ချစ်သောအခါ
အရှင်ယေရှုဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်တဲ့သူတစ်ယောက်ကို တွေ့ဖူးပါသလား။ ကျွန်တော် တွေ့ဖူးခဲ့ပါတယ်။ အဲဒီသူကတော့ ကျွန်တော့်ဇနီးသည်ရဲ့ အဖွား ဒေါ် ခလာရာ (Clara) ပါ။
နံနက်တိုင်းမှာ ဒေါ်ခလာရာက မိမိအိပ်ယာဘေးမှာ ဒူးထောက်ပြီး အဖိုးတန်နာရီပေါင်းများစွာနဲ့ အရမ်းချစ်တဲ့ ကယ်တင်ရှင်နဲ့အတူ အချိန်ပေးခဲ့ပါတယ်။ နောက်နေ့တွေမှာလည်း၊ သူမရဲ့ အိပ်ရာထောင့်ကို လှမ်းကြည့်ပြီး ဝမ်းသာအားရ မျက်ရည်တွေကျလျက် နောက်နေ့မနက်မှာ ဘုရားသခင်ရှေ့တော်၊ ဒူးထောက်ဆုတောင်းဖို့အချိန်ကို မျှော်လင့်စောင့်စားနေခဲ့ပါတယ်။
အမေကြီး ဒေါ်ခလာရာက ကျွန်တော်တို့ ရူးသွပ်စွာ ချစ်ရသူအပေါ် ပြုမူပုံရှိသလို၊ ဘုရားသခင်ထံလည်း ချစ်ခဲ့ပါတယ်။
လူတစ်ယောက်ကို တကယ်ချစ်ရင်၊ ထိုချစ်တဲ့သူနဲ့အတူရှိစေဖို့ အရမ်းဝေးလှတဲ့နေရာဆီ တကူးတက သွားရဲတယ်။ ခဏလောက်သာ အတူတူရှိစေဖို့ နာရီပေါင်းများစွာ ကားမောင်းရဲတယ်။ စကားပြောဖို့ သန်းခေါင်းချိန်ထိ အချိန်ပေးရဲတယ်။ မိုးရေထဲမှာ အတူတူလမ်းလျှောက်ခြင်းဟာ စိတ်အနှောက်အယှက် မဖြစ်ဘဲ၊ ကဗျာဆန်သလိုလို ဖြစ်တယ်။ မိမိချစ်တဲ့သူအတွက် မိမိပိုက်ဆံအားလုံးကို သုံးဖို့ မနှမြောပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဝေးနေတဲ့အခါ နာကျင်ရသလို စိတ်ဆင်းရဲစရာလည်း ကောင်းပါတယ်။ သူ့အကြောင်းသာ စဉ်းစားပြီး အတူရှိဖို့ အခွင့်အခါကိုလည်း အမြဲရှာတတ်ပါတယ်။
ဧဝံဂေလိတရားသည် ဘုရားသခင်ဖြစ်သည် ဆိုတဲ့ ဆရာကြီးဂျွန်ပိုက်ပါ (John Piper) ရဲ့စာအုပ်ထဲမှာ၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ပါသလားလို့ စိန်ခေါ်မေးခွန်းမေးခဲ့ပါတယ်။
ကျွန်တော်တို့၏ မျိုးဆက်နှင့် မျိုးဆက်တိုင်းအဖို့ အရေးကြီးတဲ့မေးခွန်းက၊ မိတ်ဆွေဟာ နာဘေးမရှိ၊ လောကမှာ ရှိခဲ့တဲ့မိတ်ဆွေတွေ အကုန်လုံးရှိမယ်၊ မိတ်ဆွေ ကြိုက်ခဲ့တဲ့ အစားစာတွေ အကုန်ရှိမယ်၊ မိတ်ဆွေကို ပျော်ရွှင်စေတဲ့ အရာမှန်သမျှရှိမယ်၊ မြင်တွေခဲ့သမျှ သဘာဝအလှတရားမျိုးစုံရှိမယ်၊ ခံစားခဲ့ရတဲ့ ရုပ်ဝတ္ထုပျော်စရာအလုံးစုံရှိမယ်၊ တစ်ယောက်နဲ့ တစ်ယောက် ခိုက်ရန်ပြုတာတွေ မရှိဘူး၊ သဘာဝဘေးအန္တရာယ်တွေမရှိစတဲ့ အဲ့လိုမျိုးဖြစ်တည်နေတဲ့ ကောင်းကင်ဘုံမှာ ခရစ်တော်မရှိဘူးဆိုရင် မိတ်ဆွေ တကယ်ပဲ စိတ်ကျေနပ်စရာ ဖြစ်နိုင်မယ်ထင်သလား ဆိုတာပါပဲ။
အဲဒီစာတွေကို ဖတ်ပြီး ကျွန်တော်အဆင်ပြေနိုင်မယ်နော်လို့ ပြောမယ့်သူ များကောင်းများနိုင်တယ်။ အမေကြီး ဒေါ်ခလာရာကဲ့သို့ ဘုရားသခင်ကို နက်ရှိုင်းစွာ ချစ်မြတ်နိုးပါက၊ ခရစ်တော်မပါဘဲ ကောင်းကင်ဘုံ၌ ဘယ်တော့မှ ကျေနပ်နိုင်မည်မဟုတ်လို့ ကိုယ်တိုင်သိပါတယ်။
မိတ်ဆွေဟာ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်တဲ့သူကို တွေ့ဖူးပါသလား။ ရှိပါက၊ ယနေ့ သူ့ကို ဖုန်းဆက်ပြီး သခင်ဘုရားနှင့် မိတ်သဟာယဖွဲ့ခြင်းကို ပိုမိုနက်ရှိုင်းစေဖို့ ဘယ်လိုလုပ်မလဲလို့ မေးမြန်းပြီး၊ မိမိကယ်တင်ရှင်အဖို့ မိမိမေတ္တာကို ဘယ်လိုတိုးပွားနိုင်မလဲလို့ အကူညီတောင်းကြည့်လိုက်ပါ။
နောက်ဆုံးအနေနဲ့၊ ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး ဆွေးနွေးထားတဲ့အချက်တွေကို စဉ်းစားလိုက်ပါ။
သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆရာ ဖရန့်စစ်ချမ် (Francis Chan) ၏ နယူးယောက်တိုင်းစ်၌ အရောင်းရဆုံးစာအုပ် တစ်အုပ်ဖြစ်သည့် ထူးဆန်းမေတ္တာ ( Crazy Love) မှ ကူးယူဖော်ပြထားသည့် ကျွန်ုပ်တို့အဖို့ ဘုရားသခင်၏ အံ့သြဖွယ်မေတ္တာတော်ကို နက်ရှိုင်းစွာ မြှုပ်နှံထားလျက် ထိုကဲ့သို့မေတ္တာတော်အတွက် ကျွန်ုပ်တို့၏ သင့်လျော်သောတုံ့ပြန်မှု မည်သို့ရှိသင့်သည်ကို ဖော်ပြထားသည်။ သို့ရာတွင်၊ သူသည် ထိုနေရာတွင် ရပ်မနေဘဲ၊ ဘုရားသခင်၏ ကြီးမြတ်မှု၊ ထာဝရဘုန်းအာနုဘော်နှင့် ဤသင်္ခါရလောကရှိ ကျွန်ုပ်တို့၏ ယာယီအသက်တာတို့ကြား ကြီးမားသောခြားနားချက်ကို ပြန်လည်သုံးသပ်စေဖို့ ကျွန်ုပ်တို့ကို စိန်ခေါ်နေပါသည်။
More