YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 63:1-6

ဆာလံ 63:1-6 JBMLE

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို ကြိုး​စား၍ ရှာ​ပါ၏။ ရေ​မ​ရှိ သွေ့​ခြောက်​သော​လွင်​ပြင်၌ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ငတ်​ပါ၏။ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​သည်​လည်း ကိုယ်​တော်​ကို လွမ်း​ဆွတ်​ပါ၏။ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​ကို​မြင်​ခြင်း​ငှာ၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ထို​သို့ ကိုယ်​တော်​ကို ဖူး​မျှော်​ပါ​ပြီ။ က​ရု​ဏာ​တော်​သည် အ​သက်​ထက်​သာ၍ ကောင်း​သော​ကြောင့်၊ အ​ကျွန်ုပ်၏​နှုတ်​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ရ​ပါ​မည်။ ထို​သို့ အ​သက်​ရှင်​စဉ်​တွင် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ပါ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လက်​ကို​ချီ​ပါ​မည်။ အိပ်​ရာ​ပေါ်​မှာ ကိုယ်​တော်​ကို အောက်​မေ့၍၊ ညဉ့်​ယံ​တို့၌ ကိုယ်​တော်​ကို ဆင်​ခြင်​လျက်​နေ​သော​အ​ခါ၊ ဆီ​ဥ​ကို​လည်း​ကောင်း၊ ဆူ​သော​အ​သား​ကို​လည်း​ကောင်း စား၍​ဝ​သ​ကဲ့​သို့၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည်​ဝ၍ ရွှင်​လန်း​သော​နှုတ်​ခမ်း​နှင့် အ​ကျွန်ုပ်၏​နှုတ်​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။