YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထူးဆန်းမေတ္တာနမူနာ

Crazy Love With Francis Chan

7 ၏ နေ့ 4

အမည်ခံခရစ်ယာန်တွေရဲ့ ဝိသေသလက္ခဏာ

မိတ်ဆွေက အရှင်ယေရှုဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်နေပါသလား။ သို့မဟုတ် စိတ်နှစ်ခွရှိသူ၊ စိတ်မပါတစ်ပါလုပ်ဆောင်တဲ့ အမည်ခံခရစ်ယာန်လို ပိုမိုမှန်နေပါသလား။

သမ္မာကျမ်းစာက ကိုယ်ကိုကိုယ် စစ်ကြောကြလော့လို့ ဖော်ပြတာကြောင့် အမည်ခံခရစ်ယာန်တွေရဲ့ ဝိသေသလက္ခဏာတွေကို ပြောပြပါဦးမယ်။ ဒီဥပမာတွေကို ဖတ်ရှုတဲ့အခါ၊ မိတ်ဆွေရဲ့ စရိုက်နှင့် အကျင့်တရားကို သေချာစွာ စမ်းစစ်ဖို့ တိုက်တွန်းအားပေးချင်ပါတယ်။

အမည်ခံခရစ်ယာန်တွေက၊

  • ဘုရားကျောင်းကို ပုံမှန်တက်ပါတယ်။ ကောင်းတဲ့ခရစ်ယာန်တွေဟာ ဘုရားကျောင်းသွားတဲ့ဓလေ့ ရှိတယ်လို့ ယုံကြည်ယူဆတဲ့အတွက် ဘုရားကျောင်းသွားကြပါတယ်။
  • မိမိလူနေမှုအဆင့်အတန်းကို မထိခိုက်ရင် ခရစ်ယာန်ပရဟိတတွေနဲ့ အသင်းတော်အဖို့ အလှူလှူပါတယ်။ သူတို့မှာ အပိုနည်းနည်းရှိတာမို့ အလှူပေးခြင်းက လုံခြုံစိတ်ချမှုတစ်ခုမို့ လှူကြပါတယ်။
  • ခရစ်ယာန်ပုံသဏ္ဌာန်နှင့် လောကီပုံသဏ္ဌာန် နှစ်ခုစလုံးကို ဆောင်ချင်လျက်၊ သူတို့ရဲ့ စိတ်နှလုံးနဲ့ အသက်ကို ဘုရားသခင် ဘယ်လိုထင်မြင်တာထက် လူတွေက သူတို့ရဲ့ အကျင့်တရားကို ဘယ်လိုမြင်သလဲ ဆိုတာကို ပိုမိုအလေးထားကြပါတယ်။
  • မိမိအပြစ်မှ မလွတ်မြောက်ချင်ဘူး။ အပြစ်စီရင်ခြင်းမှသာ လွတ်မြောက်ချင်ကြပါတယ်။
  • ခရစ်တော်အဖို့ အစွန်းရောက်သူရဲ့ ဇာတ်လမ်းတွေကြားရင် နှလုံးထိပေမဲ့ ကိုယ်တိုင် မလုပ်ဆောင်ကြဘူး။ အမည်ခံခရစ်ယာန်တွေက ယေရှုနောက်လိုက်သူများအားလုံးအတွက် မျှော်လင့်ထားတဲ့အကျင့်ကို အစွန်းရောက်လို့ ခေါ်ဝေါ်တတ်ကြပါတယ်။
  • မိမိအိမ်နီးချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနှင့် သူငယ်ချင်းတွေထံ မိမိယုံကြည်ခြင်းကို ဝေမျှချင်တဲ့စိတ် သိပ်မရှိဘူး။ သူတစ်ပါးရဲ့ ငြင်းပယ်ခြင်းကို မခံချင်သလို၊ ဘာသာရေးကိစ္စကို ပြောဆိုခြင်းဖြင့် သူတစ်ပါးအဖို့ စိတ်အနှောင့်အယှက် မဖြစ်စေချင်ကြပါဘူး။
  • သူတို့ကိုယ်သူတို့ လောကီသားနဲ့ နှိုင်းယှဉ်ခြင်းဖြင့် သူတို့ရဲ့ အကျင့်စာရိတ္တ (သို့) မိမိဖြောင့်မြတ်ခြင်းကို တိုင်းတာပါတယ်။ လမ်းဘေးရှိ လမ်းသရဲလောက် မဆိုးလောက်ပါဘူးလို့ ထင်မြင်တဲ့အတွက် ကျေနပ်ကြပါတယ်။
  • သခင်ယေရှုကို ချစ်တယ်လို့ ဆိုကြပြီး သူတို့ဘဝမှာ ပါပေမဲ့၊ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ်။ သူတို့ရဲ့ အချိန်၊ ငွေကြေး၊ အတွေးအမြင်များကို ကိုယ်တော်အား အနည်းငယ်ပေးပေမဲ့ အသက်သခင်အနေနဲ့ အခွင့်မပေးချင်ပါဘူး။
  • ဘုရားကို ချစ်ပေမဲ့၊ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် မချစ်ကြပါဘူး။
  • သူတစ်ပါးကို ချစ်ပေမဲ့၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ မချစ်ကြပါဘူး။

အပေါ်ပါ အမည်ခံခရစ်ယာန်တွေရဲ့ ဝိသေသလက္ခဏာတွေ မိမိအသက်တာမှာ ရှိပါသလား။ ဘုရားသခင်က မိမိစိတ်နှလုံးကို နှိမ့်ချစေပြီး ဒီတစ်ပတ်တစ်လျှောက်လုံး ထိုစရိုက်တစ်ခုကို စတင်ပယ်ရှားစေဖို့ ဆုတောင်းလိုက်ပါ။

နောက်ဆုံးအနေနဲ့၊ ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး ဆွေးနွေးထားတဲ့အချက်တွေကို စဉ်းစားလိုက်ပါ။

သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Crazy Love With Francis Chan

ဆရာ ဖရန့်စစ်ချမ် (Francis Chan) ၏ နယူးယောက်တိုင်းစ်၌ အရောင်းရဆုံးစာအုပ် တစ်အုပ်ဖြစ်သည့် ထူးဆန်းမေတ္တာ ( Crazy Love) မှ ကူးယူဖော်ပြထားသည့် ကျွန်ုပ်တို့အဖို့ ဘုရားသခင်၏ အံ့သြဖွယ်မေတ္တာတော်ကို နက်ရှိုင်းစွာ မြှုပ်နှံထားလျက် ထိုကဲ့သို့မေတ္တာတော်အတွက် ကျွန်ုပ်တို့၏ သင့်လျော်သောတုံ့ပြန်မှု မည်သို့ရှိသင့်သည်ကို ဖော်ပြထားသည်။ သို့ရာတွင်၊ သူသည် ထိုနေရာတွင် ရပ်မနေဘဲ၊ ဘုရားသခင်၏ ကြီးမြတ်မှု၊ ထာဝရဘုန်းအာနုဘော်နှင့် ဤသင်္ခါရလောကရှိ ကျွန်ုပ်တို့၏ ယာယီအသက်တာတို့ကြား ကြီးမားသောခြားနားချက်ကို ပြန်လည်သုံးသပ်စေဖို့ ကျွန်ုပ်တို့ကို စိန်ခေါ်နေပါသည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော David C Cook ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.dccpromo.com/crazy_love/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။