YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထူးဆန်းမေတ္တာနမူနာ

Crazy Love With Francis Chan

7 ၏ နေ့ 5

ကျန်ကြွင်းတဲ့အရာတွေကို သန့်ရှင်းသောဘုရားသခင်ထံ ပူဇော်ခြင်း

(ယာ၊ ၂:၁၉) မှာ၊ ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်သည် ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ ဘုရားသခင်က ကျွန်တော်တို့ကို ဓမ္မပညာ ကောင်းစေဖို့သာ အလိုရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကိုယ်တော်ကို သိကျွမ်းပြီး ချစ်စေဖို့ အလိုတော် ရှိပါတယ်။ (၁ယော၊ ၂း၃-၄) မှာ၊ ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသားကို သုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။

ကျွန်တော့်ကို အရူးတစ်ယောက်လို့ ခေါ်ရင်ခေါ်ပါ၊ ဒါပေမဲ့၊ အဲဒီကျမ်းချက်တွေက၊ လူတစ်စုံတစ်ယောက်ဟာ ထိုသခင်ကို ငါသိ၏လို့ ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသားကို သုံးသောသူဖြစ်ပြီး ထိုသူ၌ သစ္စာမရှိလို့ ရှင်းလင်းစွာ ဖော်ပြတာမဟုတ်ပါလား။

ခရစ်တော်ရဲ့တပည့်မဖြစ်ဘဲ ခရစ်ယာန်တစ်ယောက် ဖြစ်လို့ရတယ်လို့ လူတချို့ ပြောဆိုကြတယ်။ ဒါဆိုရင်၊ ယေရှုဘုရားပြောခဲ့တဲ့ နောက်ဆုံးမိန့်မှာချက်မှာ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့လို့ အဘယ်ကြောင့်ပြောဆိုခဲ့ပါသလဲ။ ဒါပေမဲ့၊ ယေရှုက၊ ဟေး၊ အဲဒီအမိန့်တော်ဟာ နည်းနည်းများရင် ဘာမှလုပ်စရာမလိုဘဲ ကောင်းကင်ဘုံကို အေးအေးဆေးဆေး ဝင်စားနိုင်တဲ့ ခရစ်ယာန်ဖြစ်အောင် သင်းပေးကြပါလို့ လုံးဝ မပြောဆိုခဲ့ပါဘူး။

ဒါပေမဲ့၊ ဒီစာကိုဖတ်တဲ့အခါ စစ်မှန်တဲ့ယုံကြည်သူတွေက ကယ်တင်ခြင်းရှိမရှိကို သံသယစိတ် မဝင်စေချင်ဘူး။ သခင်ယေရှုကို ချစ်စေဖို့ ကျွန်တော်တို့ရဲ့ မအောင်မြင်မှုများထဲမှာ၊ ကိုယ်တော်၏ မဟာကျေးဇူးတော်က ကျွန်တော်တို့ကို လွှမ်းခြုံပေးပါတယ်။

တကယ်လို့ ကျွန်တော်တို့အားလုံးဟာ အမည်ခံခရစ်ယာန်ဝိသေသလက္ခဏာတွေပဲ ရှိကြရင်တောင်၊ ဘုရားသခင်ရဲ့ ဉာဏ်မမီနိုင်တဲ့ အဆုံးမရှိကျေးဇူးတော်မြတ် တည်နေပါသေးတယ်။ ဘုရားသခင်ကို လိုက်နာစဉ် ကျွန်တော်တို့ရဲ့ ကျရှုံးခြင်းနှင့် ပြစ်မှားခြင်းအဖို့ ခွင့်လွတ်ချမ်းသာရှိကြောင်း သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏ (မြည်၊ ၃း၂၂)။ ကိုယ်တော်၏ ကျေးဇူးတော်သည် လောက်ပေ၏ (၂ကော၊ ၁၂း၉)။ မိတ်ဆွေက အပြစ်ဒုစရိုက်ပြုမိရင် စစ်မှန်တဲ့ခရစ်ယာန် မဖြစ်တော့ဘူးလို့ ကျွန်တော်မပြောပါဘူး။ ဒါမှန်ရင် ခရစ်တော်နောက်ကို ဘယ်သူမှမလိုက်နိုင်ပါဘူး။

ခရစ်တော်အဖို့ ချစ်ခြင်းမေတ္တာ၊ ခရစ်တော်၏ ပညာကို စောင့်ရှောက်ခြင်းစသည် မိမိဘဝမှာ ဝိညာဉ်ပကတိအကျိုးတွေကို မြင်နိုင်ပါသလား။ ရဲရင့်သတ္တိရှိရင်၊ ကျွန်တော်ရဲ့ အကျင့်တရားဟာ ခရစ်တော်နှင့် သူပေးခဲ့တဲ့ ပညတ်တော်များကို ရောင်ပြန်ဟပ်ခြင်း ရှိပါသလားဆိုတာ မိတ်ဆွေကို ကောင်းကောင်းသိသူတစ်ယောက်အား မေးမြန်းစေပါ။

နောက်ဆုံးအနေနဲ့၊ ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး ဆွေးနွေးထားတဲ့အချက်တွေကို စဉ်းစားလိုက်ပါ။

သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

Crazy Love With Francis Chan

ဆရာ ဖရန့်စစ်ချမ် (Francis Chan) ၏ နယူးယောက်တိုင်းစ်၌ အရောင်းရဆုံးစာအုပ် တစ်အုပ်ဖြစ်သည့် ထူးဆန်းမေတ္တာ ( Crazy Love) မှ ကူးယူဖော်ပြထားသည့် ကျွန်ုပ်တို့အဖို့ ဘုရားသခင်၏ အံ့သြဖွယ်မေတ္တာတော်ကို နက်ရှိုင်းစွာ မြှုပ်နှံထားလျက် ထိုကဲ့သို့မေတ္တာတော်အတွက် ကျွန်ုပ်တို့၏ သင့်လျော်သောတုံ့ပြန်မှု မည်သို့ရှိသင့်သည်ကို ဖော်ပြထားသည်။ သို့ရာတွင်၊ သူသည် ထိုနေရာတွင် ရပ်မနေဘဲ၊ ဘုရားသခင်၏ ကြီးမြတ်မှု၊ ထာဝရဘုန်းအာနုဘော်နှင့် ဤသင်္ခါရလောကရှိ ကျွန်ုပ်တို့၏ ယာယီအသက်တာတို့ကြား ကြီးမားသောခြားနားချက်ကို ပြန်လည်သုံးသပ်စေဖို့ ကျွန်ုပ်တို့ကို စိန်ခေါ်နေပါသည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော David C Cook ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.dccpromo.com/crazy_love/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။