ထူးဆန်းမေတ္တာနမူနာ
မိမိအကောင်းဆုံးဘဝဆိုသည်… မိမိတမလွန်ဘဝပါပဲ
အခုချိန်မှာ၊ မိတ်ဆွေဟာ ထူးခြားတဲ့ ရွေးချယ်မှုတစ်ခု ရှိတယ်ဆိုတာ သဘောပေါက်လာပြီလို့ ယုံကြည်မျှော်လင့်ပါတယ်။ မိမိမှာရှိတဲ့ ကျန်ရှိနေတဲ့အရာတွေကို ဘုရားသခင်ထံ ဖူးမျှော်ဖို့ (သို့) စိတ်တက်ကြွစွာ ခရစ်တော်ထံ ပြေးစေဖို့သာ ဖြစ်ပါတယ်။
ဘုရားသခင်၌မဟုတ်ဘဲ လောကီအရာ၌သာ မိမိပြည့်စုံမှုရှာဖွေခြင်းဟာ မိုက်မဲခြင်းပဲလို့ သဘောပေါက်နေပြီလား။ မိမိစိတ်နှလုံးကို လုံးလုံးအပ်နှံခြင်းမှတစ်ပါး ဘုရားသခင့်စိတ်တော်တွေ့ဖို့နည််း မရှိဘူးလို့ နားလည်သွားပြီးလား။ ကျွန်တော်တို့ရဲ့ သန့်ရှင်းတဲ့ဖခင်နှင့် မိတ်ဆွေဖြစ်သည့် ဘုရားသခင်နှင့် စစ်မှန်သည့် မိတ်သဟာယဖွဲ့ခြင်းရဲ့ တင့်တယ်ခြင်းနှင့် နက်နဲလှတဲ့ ပျော်ရွှင်ခြင်းကို ရိပ်မိပါသလား။ မိမိဘဝလုံခြုံမှုကို လိုချင်တာထက် ဘုရားသခင်ကို တောင့်တလိုချင်ပါသလား။
ဒီမေးခွန်းတွေကို ဟုတ်ကဲ့လို့ ဖြေနိုင်ပေမဲ့ မြစ်စီးဆင်းမှုကို လိုက်နာခြင်းထက် အခြားနည်းလမ်းတွေ ရှိပါသလားလို့ မေးမြန်းနေပါက၊ ဥပမာတစ်ခု တင်ပြပါရစေ။
မိတ်ဆွေ ထိတွေ့ဖူးသူတိုင်း-မိမိရှေ့မှာ စိတ်တိုချင်အောင် ကားကို နှေးကွေးစွာ မောင်းနေတဲ့သူ၊ ဈေးရှင်းတာထက် စကားစမြည်းပြောဖို့ ပိုစိတ်ဝင်စားနေတဲ့ စကားပေါတဲ့ဈေးသည်၊ စကားစမြည်းမပြောနိုင်တဲ့ စိတ်တိုစရာကောင်းတဲ့ အတဲ့အမျိုးတွေ အပါဝင်ကို ခရစ်တော်အဖြစ် အမှန်တကယ်ထင်မြင်ပါက၊ မိမိဘဝကို ဘယ်လိုပြောင်းလဲနိုင်မလဲ။
(မ၊၂၅) မှာ၊ အရှင်ယေရှုဘုရားက လူအချို့တို့ကို မိမိတို့ပြုသောအမှုဖြင့် ကောင်းချီးပေးခဲ့တယ်။ ဖြောင့်မတ်သောသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက်ဖို့ ပေးပါသနည်း။ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော်အား ပြုပါသနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း။ အနာစွဲတော်မူသည်ကိုလည်းကောင်း၊ ထောင်ထဲမှာ နေတော်မူသည်ကိုလည်းကောင်း၊ အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ ရောက်ပါသနည်း လို့ စိတ်ရှုပ်စွာ မြေးမြန်းခဲ့ပါတယ်။
ကိုယ်တော်ရဲ့အဖြက တကယ်အံ့ဩဖို့ကောင်းပါတယ်။ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီလို့ မိန့်တော်မူခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဆင်းရဲနွမ်းပါးသူများနှင့် ဒုက္ခရောက်နေသူများကို ပြုစုစောင့်ရှောက်ပုံဟာ ဘုရားသခင်အဖို့ မိမိမေတ္တာကို ပြသတယ်လို့ အရှင်ယေရှုဘုရားကို ပြောဆိုခဲ့တယ်။ ကိုယ်တော်က ကျွန်တော်တို့ကို ဆင်းရဲနွမ်းပါးသူများအား ခရစ်တော်ကိုယ်တော်တိုင်ကဲ့သို့ ပြုစုစေဖို့ မျှော်လင့်ထားပါတယ်။
မိတ်ဆွေက၊ နေ့တိုင်းဆက်ဆံနေသူတွေကို ခရစ်တော်ကိုယ်တော်တိုင်ကဲ့သို့ ဆက်ဆံနေပါသလား။ မိမိပတ်ဝန်းကျင်မှာရှိတဲ့ အငယ်ဆုံးသောသူတွေကို မိတ်ဆွေအဖို့ စိတ်အနှောင့်အယှက်တစ်ခုလို ခံစားနေပါသလား။ ခရစ်တော်၏ မဟာမေတ္တာတော်ကို မျှဝေစေဖို့ အခွင့်အရေးများကို မြင်နိုင်ရန် မိမိစိတ်နှလုံးကို ပြောင်းလဲစေဖို့ ဘယ်လိုစတင်လုပ်နိုင်မလဲ။
နောက်ဆုံးအနေနဲ့၊ ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး ဆွေးနွေးထားတဲ့အချက်တွေကို စဉ်းစားလိုက်ပါ။
သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
ဤအစီအစဉ်ကို နှစ်သက်ပါသလား။ နှစ်သက်နေပါက၊ စာအုပ်တစ်အုပ်ကို ရယူဖို့ရန် ဝင်ရောက်စုံစမ်းလိုက်ပါ။
ဤအစီအစဉ်အကြောင်း
ဆရာ ဖရန့်စစ်ချမ် (Francis Chan) ၏ နယူးယောက်တိုင်းစ်၌ အရောင်းရဆုံးစာအုပ် တစ်အုပ်ဖြစ်သည့် ထူးဆန်းမေတ္တာ ( Crazy Love) မှ ကူးယူဖော်ပြထားသည့် ကျွန်ုပ်တို့အဖို့ ဘုရားသခင်၏ အံ့သြဖွယ်မေတ္တာတော်ကို နက်ရှိုင်းစွာ မြှုပ်နှံထားလျက် ထိုကဲ့သို့မေတ္တာတော်အတွက် ကျွန်ုပ်တို့၏ သင့်လျော်သောတုံ့ပြန်မှု မည်သို့ရှိသင့်သည်ကို ဖော်ပြထားသည်။ သို့ရာတွင်၊ သူသည် ထိုနေရာတွင် ရပ်မနေဘဲ၊ ဘုရားသခင်၏ ကြီးမြတ်မှု၊ ထာဝရဘုန်းအာနုဘော်နှင့် ဤသင်္ခါရလောကရှိ ကျွန်ုပ်တို့၏ ယာယီအသက်တာတို့ကြား ကြီးမားသောခြားနားချက်ကို ပြန်လည်သုံးသပ်စေဖို့ ကျွန်ုပ်တို့ကို စိန်ခေါ်နေပါသည်။
More