YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထူးဆန်းမေတ္တာနမူနာ

Crazy Love With Francis Chan

7 ၏ နေ့ 2

ဒီစာကို ဖတ်၍မပြီးခင်၊ ဒီအပိုင်းလေးက အပြီးမဖတ်နိုင်ဘဲလျက်

တစ်ခဏတာလေးမှာ၊ ဒီနေ့အတွင်း၊ ဒီစာကို ဖတ်နေစဉ်၊ ဒီစာကို ဖတ်၍မပြီးခင်၊ ဒီအပိုင်းလေးက အပြီးမဖတ်နိုင်ဘဲ၊ သေသွားတာမျိုး ဖြစ်နိုင်ပါတယ်။

ပုံမှန်လိုပဲ၊ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်အသက်ရှင်တယ်။ ဘုရားအတွက် ထည့်မတွေးကြဘူး။ ကျွန်တော်တို့ဘဝက အခိုးအငွေ့လို့ဆိုတာကို မေ့ထားကြတယ်။

အချိန်မရွေး အနိစ္စရောက်နိုင်တယ်ဆိုတာ တကယ်ယုံကြည်ပါသလား။ ဒီနေ့ပဲ၊ မိတ်ဆွေ သေကောင်းသေနိုင်တယ်ဆိုတာ တကယ်ယုံကြည်ပါသလား။ သို့မဟုတ် မိတ်ဆွေ ဘယ်တော့မှမသေနိုင်ဘူးလို့ ခံစားနေပါသလား။

လွန်ခဲ့သောနှစ်အနည်းငယ်က စလျက် နှလုံးတုန်ရင်ခုန်ခြင်းဝေဒနာ မခံစားရခင်ထိ၊ နှလုံးနဲ့ပတ်သက်ပြီး ဘာအခက်အခဲမှ မရှိခဲ့ဖူးဘူး။ ကြာလာတာနဲ့အမျှ၊ ဒီဝေဒနာက ပိုဆိုးလာပြီး ကျွန်တော့်ကို စိုးရိမ်စေတယ်။

အရိုးသားဆုံးပြောရရင်၊ ဒီလိုခံစားရတဲ့အကြောင်းအရင်းကို ကျွန်တော်သိပါတယ်။ ကျွန်တော်က စိတ်ဖိစီးမှုတွေနဲ့ ပြည်နှက်နေခဲ့လိုပါ။ ခရစ္စမတ်ကာလဖြစ်လျက်၊ အရာအားလုံးအတွက် တွေးပူ၊ ဂရုစိုက်မိလို့ပါ။

ခရစ္စမတ်အကြိုနေ့မှာ ဒီပြဿနာဟာ အရမ်းဆိုးလာတဲ့အတွက် ဘုရားကျောင်းဝတ်ပြုအစီစဉ်ပြီးရင် အရေးပေါ်ဆေးခန်းကို ပြလိုက်ပါဦးမယ်လို့ ကျွန်တော့်ဇနီးသည်ကို ပြောခဲ့တယ်။ ဒါပေမဲ့၊ ဘုရားရှိခိုးတဲ့အချိန်တွင်း ကျွန်တော်ရဲ့ စိုးရိမ်မှုနှင့် ဖိစီးမှုအားလုံးကို ဘုရားသခင်ထံ အပ်နှံခဲ့တယ်။ ကျွန်တော်ရဲ့ ရောဂါလက္ခဏာတွေက တဖြည်းဖြည်း သက်သာလာပြီး ဆရာဝန်ဆီ လုံးဝသွားမပြခဲ့ရတော့ဘူး။

ကျွန်တော့်ဘဝရေး၊ မိသားစုရေးနှင့် အလုပ်အခက်အခဲတွေက ကျွန်တော့်ကို လွှမ်းမိုးလိုက်တဲ့အခါ၊ —ဒီအခြေအနေတွေက သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့လို့ ဆိုတဲ့ ဘုရားသခင်ရဲ့ မိန့်မှာမှုထက် ပိုအရေးကြီးတယ်လို့ အမှန်ယုံကြည်လာစေတယ်။ တစ်နည်းဆိုရရင်၊ ကျွန်တော်ဘဝရဲ့ တာဝန်ဝတ္တရားကြီးမားမှုတွေက ဘုရားသခင်ကို မနာခံဖို့ အခွင့်အရေး ရှိသလိုပါပဲ။

ကျွန်တော်က ဒီသင်ခန်းစာကို ထပ်တလဲလဲ သင်ယူနေတာပါပဲ။ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်းကို ဖူးမြင်ပေမဲ့၊ ဘဝဟာ ကျွန်တော့်အကြောင်းမဟုတ်ဘဲ ဘုရားသခင်အကြောင်းဖြစ်တယ်ဆိုတာကို မေ့ပစ်လောက်အောင် မိုက်နေတုန်းပါပဲ။

ခဏတာတည်တဲ့ မိမိဘဝအကြောင်းကို မကြာခဏ တွေးတောဆင်ခြင်ပါသလား။ ဒီလိုတွေးတောဆင်ခြင်မိခြင်းက ဘဝကို ပိုမိုပွင့်လင်းစွာ၊ မေတ္တာများစွာနှင့် ယုံကြည်စွာနေထိုင်စေဖို့ ကူညီပေးတယ်မဟုတ်ပါလား။

နောက်ဆုံးအနေနဲ့၊ ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး ဆွေးနွေးထားတဲ့အချက်တွေကို စဉ်းစားလိုက်ပါ။

သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Crazy Love With Francis Chan

ဆရာ ဖရန့်စစ်ချမ် (Francis Chan) ၏ နယူးယောက်တိုင်းစ်၌ အရောင်းရဆုံးစာအုပ် တစ်အုပ်ဖြစ်သည့် ထူးဆန်းမေတ္တာ ( Crazy Love) မှ ကူးယူဖော်ပြထားသည့် ကျွန်ုပ်တို့အဖို့ ဘုရားသခင်၏ အံ့သြဖွယ်မေတ္တာတော်ကို နက်ရှိုင်းစွာ မြှုပ်နှံထားလျက် ထိုကဲ့သို့မေတ္တာတော်အတွက် ကျွန်ုပ်တို့၏ သင့်လျော်သောတုံ့ပြန်မှု မည်သို့ရှိသင့်သည်ကို ဖော်ပြထားသည်။ သို့ရာတွင်၊ သူသည် ထိုနေရာတွင် ရပ်မနေဘဲ၊ ဘုရားသခင်၏ ကြီးမြတ်မှု၊ ထာဝရဘုန်းအာနုဘော်နှင့် ဤသင်္ခါရလောကရှိ ကျွန်ုပ်တို့၏ ယာယီအသက်တာတို့ကြား ကြီးမားသောခြားနားချက်ကို ပြန်လည်သုံးသပ်စေဖို့ ကျွန်ုပ်တို့ကို စိန်ခေါ်နေပါသည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော David C Cook ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.dccpromo.com/crazy_love/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။