YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထူးဆန်းမေတ္တာနမူနာ

Crazy Love With Francis Chan

7 ၏ နေ့ 3

ထူးဆန်းမေတ္တာ

မိတ်ဆွေက ဘုရားကျောင်းကို ရောက်ဖူးပါက၊ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်တယ်ဆိုတဲ့အကြောင်း အကြိမ်ပေါင်းများစွာ နည်းလမ်းအမျိုးမျိုးနဲ့ ကြားဖူးမှာပါ။ ဒါပေမဲ့၊ ကျွန်တော့်အတွက် တစ်ခုတည်းသောပြဿနာမှာ၊ ဘုရားသခင်ရဲ့ မေတ္တာတော်ဟာ သင်ကြားခဲ့တဲ့ အယူအဆတစ်ခုသာ ဖြစ်ပြီး အမှန်ဖြစ်ကြောင်း လုံးလုံးလျားလျား သိထားတဲ့အရာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ၊ ဘုရားသခင်ရဲ့ မေတ္တာတော်ကို ဦးနှောက်နဲ့ သိပြီး၊ စာမေးပွဲမှာ ဘုရားသခင်က ဘယ်လိုလဲဖြစ်ကြောင်း စစ်တဲ့အခါ မှန်ကန်စွာ ဖြေနိုင်ပေမဲ့၊ ကျွန်တော့်စိတ်နှလုံးမှာတော့ အပြည့်အဝ နားမလည်ခဲ့ပါဘူး။

ကျွန်တော်က ဘုရားသခင့်မေတ္တာတော်ကို နားမလည်တဲ့ တစ်ဦးတည်းသောသူလို့ မထင်ပါဘူး။ ကျွန်တော်တို့အများစုဟာ ဘုရားသခင်ရဲ့ အဆုံးမရှိ မဟာမေတ္တာတော်ကို အကြွင်းမဲ့နားလည်ဖို့၊ ယုံကြည်ဖို့နှင့် လက်ခံဖို့ အခက်အခဲ ရှိကြပါတယ်။

ကျေးဇူးတော်အားဖြင့်၊ ကျွန်တော်ကိုယ်တိုင် ဖခင်တစ်ယောက် ဖြစ်သွားတဲ့အခါ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို မိုမိုသဘောပေါက်လာစေခဲ့ပါတယ်။ သမီးအကြီးမွေးပြီးတဲ့အခါ ဘုရားသခင်နဲ့ပတ်သက်တဲ့ ကျွန်တော့်အတွေးအခေါ်တွေ ဘယ်လောက်မှားနေပြီလဲဆိုတာ သိလာရတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်လိုမြင်သလဲကို ပထမဆုံးအကြိမ် မြည်းစမ်းခွင့် ရရှိခံစားခဲ့တယ်။ ကျွန်တော်က သမီးလေးအကြောင်း မကြာခဏ တွေးဖူးခဲ့တယ်။ ညဘက်အိပ်ယာဝင်ချိန်မှာ သမီးအတွက် အမြဲတမ်းဆုတောင်းပေးခဲ့တယ်။ သူ့ဓာတ်ပုံကို ကြည့်တဲ့သူတိုင်းကို ပြခဲ့တယ်။ သူမကို ကမ္ဘာကြီးတစ်ခုလုံး ပေးချင်ခဲ့တယ်။

ကျွန်တော့်ရဲ့ ကိုယ်ပိုင်ချစ်ခြင်းမေတ္တာနဲ့ ကျွန်တော့်ကလေးတွေရဲ့ ချစ်ခြင်းမေတ္တာကို ခံစေဖို့ အရမ်းခိုင်မာတဲ့အတွက် ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ မျက်စိပွင့်နားလည်လာစေခဲ့တယ်။ သမီးလေးရဲ့ ချစ်ခြင်းမေတ္တာပြခြင်းနဲ့ ကျွန်တော်နဲ့အတူရှိချင်တဲ့စိတ်ဟာ လုံးဝအံ့သြဖို့ကောင်းပါတယ်။ သားသမီးများဟာ မိမိမိဘကို စိတ်နှလုံးအကြွင့်မဲ့ အလိုရှိခြင်းက ဘယ်အရာနဲ့မှ နှိုင်းယှဥ်၍ မရပါဘူး။

ဒီအတွေ့ကြုံဖြင့်၊ ကျွန်တော့်သားသမီးတွေအဖို့ သံယောဇဉ်ကြီးခြင်းဟာ ကျွန်တော်နှင့် ကိုယ်တော်ဖန်ဆင်းပေးတဲ့ လူတွေအားလုံးအတွက် ဘုရားသခင်ရဲ့ ကြီးမားလှတဲ့ မဟာမေတ္တာတော်ရဲ့ ပဲ့တင်မှုဖြစ်တယ်လို့ နားလည်သဘောပေါက်လာခဲ့ပါတယ်။ ကျွန်တော်က အပြစ်ရှိတဲ့ လောကီဖခင်တစ်ယောက်သာ ဖြစ်ပေမဲ့ ကျွန်တော်ရဲ့ သားသမီးတွေကို အရမ်းချစ်တယ်။ ကျွန်တော့်သားသမီးများကို ချစ်နိုင်တာထက် အဆမတန်ပိုချစ်တတ်တဲ့ စုံလင်တဲ့ကောင်းကင်ဘုံအဘကို မယုံကြည်ဘဲ မနေနိုင်ပါဘူး။

ဘုရားသခင်ရဲ့ မဟာမေတ္တာတော်ဟာ မိတ်ဆွေအဖို့ ဖြစ်တယ်ဆိုတာ တကယ်ယုံကြည်ပါသလား။ ဒီသမ္မာတရားက မိမိဦးနှောက်ကနေ မိမိစိတ်နှလုံထဲ ရွှေ့သွားစေဖို့ ဘယ်လိုလုပ်နိုင်မလဲ။

နောက်ဆုံးအနေနဲ့၊ ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး ဆွေးနွေးထားတဲ့အချက်တွေကို စဉ်းစားလိုက်ပါ။

သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Crazy Love With Francis Chan

ဆရာ ဖရန့်စစ်ချမ် (Francis Chan) ၏ နယူးယောက်တိုင်းစ်၌ အရောင်းရဆုံးစာအုပ် တစ်အုပ်ဖြစ်သည့် ထူးဆန်းမေတ္တာ ( Crazy Love) မှ ကူးယူဖော်ပြထားသည့် ကျွန်ုပ်တို့အဖို့ ဘုရားသခင်၏ အံ့သြဖွယ်မေတ္တာတော်ကို နက်ရှိုင်းစွာ မြှုပ်နှံထားလျက် ထိုကဲ့သို့မေတ္တာတော်အတွက် ကျွန်ုပ်တို့၏ သင့်လျော်သောတုံ့ပြန်မှု မည်သို့ရှိသင့်သည်ကို ဖော်ပြထားသည်။ သို့ရာတွင်၊ သူသည် ထိုနေရာတွင် ရပ်မနေဘဲ၊ ဘုရားသခင်၏ ကြီးမြတ်မှု၊ ထာဝရဘုန်းအာနုဘော်နှင့် ဤသင်္ခါရလောကရှိ ကျွန်ုပ်တို့၏ ယာယီအသက်တာတို့ကြား ကြီးမားသောခြားနားချက်ကို ပြန်လည်သုံးသပ်စေဖို့ ကျွန်ုပ်တို့ကို စိန်ခေါ်နေပါသည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော David C Cook ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.dccpromo.com/crazy_love/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။