ထူးဆန်းမေတ္တာနမူနာ
မိမိဆုတောင်းခြင်းကို ရပ်ပါ
မိမိဆုတောင်းခြင်းကို ရပ်လို့ ပြောရင် ဘယ်လိုတုံ့ပြန်မလဲ။ ဘုရားသခင်ကို ခဏလောက် ဇွတ်မပြောဘဲလျက် နောက်ထပ်စကားမမြွက်ခင် ကိုယ်တော်မြတ်ကို အကြာကြီးဖူးမြင်ဖို့ ပြောရင် ဘယ်လိုလုပ်မလဲ။ ဘုရားသခင့်ရှေ့တော်၌ စကားပြောခြင်းငှာ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်လို့ ရှင်ဘုရင်ရှောလမုန် သတိပေးခဲ့တယ်။ အဲဒါက လူမိုက်လုပ်တာပဲ။ ကျွန်တော်တို့လည်း မကြာခဏ ထိုနည်းလည်းကောင်း လုပ်တာပါပဲ။
ပညာရှိတဲ့သူဟာ စကားတစ်ခွန်းမှ မပြောဘဲ ဘုရားသခင်အထံတော် လာပြီး ကြောက်ရွံ့တတ်ပါတယ်။ မျက်မြင်မရသောဘုရားသခင်ကို စေ့စေ့ကြည့်ရှုဖို့ မျှော်လင့်ချက်မဲ့ အားထုတ်မှုတစ်ခုလို့ ထင်ရနိုင်ပါတယ်။ ဒါပေမဲ့၊ (ရော၊ ၁:၂၀) မှာ၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏လို့ ဖော်ပြထားပါတယ်။
ဒီအစီစဉ်ကို စတင်စေဖို့၊ ဘုရားသခင်ကို တိတ်ဆိတ်စွာ ကြည့်ရှုကြပါစို့။ ဒီဗီဒီယိုလေးကို ကြည့်ရအောင်။
သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
အံ့သြလျက် စကားမပြောနိုင်ဘဲ မိမိကိုယ်ကို နှိမ့်ချနေပြီလား။
အဲဒီဓာတ်ပုံတွေ မြင်တဲ့အခါမှာ မရှိခိုးဘဲ မနေနိုင်ခဲ့ဘူး။ သူတစ်ပါးထံ မဝေမျှချင်သလို ဘယ်သူနဲ့မှ စကားမပြောချင်ဘူး။ ငြိမ်ဝပ်လျက်နေပြီး ဖန်ဆင်းရှင်မြတ်ကို ချီးကျူးချင်မိတယ်။
ဆရာကြီး အာစီးစဖရော(လ်) (R. C. Sproul) က၊ လူတို့ဟာ ဘုရားသခင်ရဲ့ ဘုန်းအာနုဘော်တော်နှင့် မနှိုင်းယှဉ်ခင်မှာ အံ့ဩပြီး မိမိတို့ရဲ့ အရေးမပါမှုကို လေးနက်စွာ မစဉ်စားမိခဲ့သေးဘူးတဲ့။
ဘုရားသခင်ရဲ့ မဟာဘုန်းတန်ခိုးအာနုဘော်ကို တွေးတောဆင်ခြင်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ။ ဤရိုသေလေးစားမှုနှင့် အံ့သြမှုကို မိမိနေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်စေရန်အတွက် အဘယ်အလေ့အကျင့်ကို ပြုလုပ်နိုင်မလဲ။
နောက်ဆုံးအနေနဲ့၊ ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး ဆွေးနွေးထားတဲ့အချက်တွေကို စဉ်းစားလိုက်ပါ။
သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆရာ ဖရန့်စစ်ချမ် (Francis Chan) ၏ နယူးယောက်တိုင်းစ်၌ အရောင်းရဆုံးစာအုပ် တစ်အုပ်ဖြစ်သည့် ထူးဆန်းမေတ္တာ ( Crazy Love) မှ ကူးယူဖော်ပြထားသည့် ကျွန်ုပ်တို့အဖို့ ဘုရားသခင်၏ အံ့သြဖွယ်မေတ္တာတော်ကို နက်ရှိုင်းစွာ မြှုပ်နှံထားလျက် ထိုကဲ့သို့မေတ္တာတော်အတွက် ကျွန်ုပ်တို့၏ သင့်လျော်သောတုံ့ပြန်မှု မည်သို့ရှိသင့်သည်ကို ဖော်ပြထားသည်။ သို့ရာတွင်၊ သူသည် ထိုနေရာတွင် ရပ်မနေဘဲ၊ ဘုရားသခင်၏ ကြီးမြတ်မှု၊ ထာဝရဘုန်းအာနုဘော်နှင့် ဤသင်္ခါရလောကရှိ ကျွန်ုပ်တို့၏ ယာယီအသက်တာတို့ကြား ကြီးမားသောခြားနားချက်ကို ပြန်လည်သုံးသပ်စေဖို့ ကျွန်ုပ်တို့ကို စိန်ခေါ်နေပါသည်။
More