YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 21:1-4

ရှင်လုကာ 21:1-4 JBMLE

ထို​နောက် ကိုယ်​တော်​သည် မျှော်​ကြည့်၍၊ ငွေ​ရ​တတ်​သော​သူ​တို့​သည် အ​လှူ​ဒါ​န​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သည်​ကို မြင်​တော်​မူ၏။- ဆင်း​ရဲ​သော မု​ဆိုး​မ​တစ်​ယောက်​သည်​လည်း ကြေး​နီ​ဒင်္ဂါး​နှစ်​ပြား သွင်း​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊- ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​ဆင်း​ရဲ​သော မု​ဆိုး​မ​သည် အ​ခြား​သော​သူ​အ​ပေါင်း​တို့​ထက် သာ၍ သွင်း​ချ​ပြီ။- အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​သော စည်း​စိမ်​ထဲ​က​နုတ်၍ ဘု​ရား​သ​ခင်၏ အ​လှူ​တော်​စု​ထဲ​သို့ သွင်း​ချ​ကြ၏။ ထို​မိန်း​မ​မူ​ကား၊ အ​လွန်​ဆင်း​ရဲ​လျက်​ပင် မိ​မိ​အ​သက်​မွေး​စ​ရာ ဥ​စ္စာ​ရှိ​သ​မျှ​ကို သွင်း​ချ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။