YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 21

21
မု​ဆိုး​မ​အ​လှူ​ငွေ
(မာ၊ ၁၂:၄၁-၄၄)
1ထို​နောက် ကိုယ်​တော်​သည် မျှော်​ကြည့်၍၊ ငွေ​ရ​တတ်​သော​သူ​တို့​သည် အ​လှူ​ဒါ​န​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သည်​ကို မြင်​တော်​မူ၏။- 2ဆင်း​ရဲ​သော မု​ဆိုး​မ​တစ်​ယောက်​သည်​လည်း ကြေး​နီ​ဒင်္ဂါး​နှစ်​ပြား သွင်း​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊- 3ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​ဆင်း​ရဲ​သော မု​ဆိုး​မ​သည် အ​ခြား​သော​သူ​အ​ပေါင်း​တို့​ထက် သာ၍ သွင်း​ချ​ပြီ။- 4အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​သော စည်း​စိမ်​ထဲ​က​နုတ်၍ ဘု​ရား​သ​ခင်၏ အ​လှူ​တော်​စု​ထဲ​သို့ သွင်း​ချ​ကြ၏။ ထို​မိန်း​မ​မူ​ကား၊ အ​လွန်​ဆင်း​ရဲ​လျက်​ပင် မိ​မိ​အ​သက်​မွေး​စ​ရာ ဥ​စ္စာ​ရှိ​သ​မျှ​ကို သွင်း​ချ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။
ဗိ​မာန်​တော်​ပြို​ပျက်​မ​ည့်​အ​ကြောင်း
(မ၊ ၂၄:၁-၂။ မာ၊ ၁၃:၁-၂)
5လူ​အ​ချို့​တို့​သည် လာ၍ ဗိ​မာန်​တော်​သည် တင့်​တယ်​သော ကျောက်​ပြား​နှင့်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​များ​နှင့်​လည်း​ကောင်း ဆင်​ပြင်​လျက် ရှိ​ပါ၏​ဟု လျှောက်​ကြ​လျှင်၊- 6ကိုယ်​တော်​က၊ ဤ​အ​ရာ​များ​ကို သင်​တို့​သည် ယ​ခု​မြင်​ရ​ကြ၏။ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ မ​တည်​မ​နေ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
ဆင်း​ရဲ​ဒု​က္ခ​နှ​င့်​ညှဉ်း​ဆဲ​ခြင်း
(မ၊ ၂၄:၃-၁၄။ မာ၊ ၁၃:၃-၁၃)
7သူ​တို့​က​လည်း၊ အ​ရှင်​ဘု​ရား၊ ထို​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​ပါ​မည်​နည်း။ ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- 8ကိုယ်​တော်​က၊ သင်​တို့​သည် လှည့်​ဖြား​ခြင်း​သို့ မ​လိုက်​မ​ပါ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏။ အ​ချိန်​ကာ​လ​လည်း ရောက်​လာ​ပြီ​ဟု​ဆို​လျက် ငါ၏​အ​ယောင်​ကို ဆောင်၍ ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​နောက်​သို့ မ​လိုက်​ကြ​နှင့်။- 9သင်​တို့​သည် စစ်​တိုက်​ခြင်း​အ​ကြောင်း၊ ပုန်​ကန်​ခြင်း​အ​ကြောင်း​ကို သ​တင်း​ကြား​ရ​သော​အ​ခါ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​အ​မှု​အ​ရာ​များ​သည် အ​ရင်​ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည် အ​လျင်​အ​မြန်​မ​ဖြစ်​သေး။
10ထို​မှ​တစ်​ပါး၊ လူ​တစ်​မျိုး​နှင့် တစ်​မျိုး၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။- 11အ​ရပ်​ရပ်​တို့၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ မိုး​ကောင်း​ကင်၌​လည်း ကြောက်​မက်​ဖွယ်​သော​အ​ရာ​နှင့် ကြီး​စွာ​သော​ပု​ပ္ပ​နိ​မိတ်​တို့​သည် ပေါ်​ထွန်း​ကြ​လိမ့်​မည်။- 12ထို​အ​မှု​အ​ရာ​များ​မ​ဖြစ်​မီ လူ​များ​တို့​သည် ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို ဖမ်း​ဆီး​ညှဉ်း​ဆဲ၍ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ထောင်​ထဲ၌​လည်း​ကောင်း အပ်​နှံ​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်၊ ဝန်​မင်း​ထံ​သို့ ပို့​ဆောင်​ကြ​လိ​မ့်​မည်။- 13ထို​သို့​သော​အား​ဖြင့် သင်​တို့​သည် သက်​သေ​ခံ​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။- 14ထို​ကြောင့် သင်​တို့​သည် အ​ဘယ်​သို့​ပြန်​ပြော​ရ​မည်​ကို ရှေ့​မ​ဆွ​က မ​ဆင်​ခြင်​ခြင်း​ငှာ သ​တိ​ထား​ကြ​လော့။-#လု၊ ၁၂:၁၁-၁၂။ 15အ​ကြောင်း​မူ​ကား၊ ရန်​သူ​အ​ပေါင်း​တို့​သည် မ​ငြင်း​ခုံ​မ​ဟန့်​တား​နိုင်​သော နှုတ်​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​ကို ငါ​ပေး​မည်။- 16သင်​တို့​မိ​ဘ၊ ညီ​အစ်​ကို၊ ပေါက်​ဖော်၊ အ​ဆွေ​ခင်​ပွန်း​တို့​သည် သင်​တို့​ကို အပ်​နှံ​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို​လည်း သတ်​ကြ​လိမ့်​မည်။- 17လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။- 18သို့​သော်​လည်း သင်​တို့ ဆံ​ခြည်​တစ်​ပင်​မျှ မ​ပျက်​စီး​ရ။- 19သင်​တို့​သည် တည်​ကြည်​သော​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့။
ယေ​ရု​ရှ​လင်​ပျက်​စီး​မည်
(မ၊ ၂၄:၁၅-၂၁။ မာ၊ ၁၃:၁၄-၁၉)
20ယေ​ရု​ရှ​လင်​မြို့​ကို ဗိုလ်​ခြေ​များ ဝန်း​ရံ​လျက်​ရှိ​သည်​ကို သင်​တို့​မြင်​သော​အ​ခါ၊ ထို​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လု​သည်​ကို သိ​မှတ်​ကြ​လော့။- 21ထို​အ​ခါ ယု​ဒ​ပြည်၌​ရှိ​သော​သူ​တို့​သည် တောင်​ပေါ်​သို့​ပြေး​ကြ​စေ။ မြို့​ထဲ၌​ရှိ​သော​သူ​တို့​သည် မြို့​ပြင်​သို့ ထွက်​ကြ​စေ။ တော​ရွာ​မှာ ရှိ​သော​သူ​တို့​သည် မြို့​ထဲ​သို့ မ​ဝင်​ကြ​စေ​နှင့်။- 22အ​ကြောင်း​မူ​ကား၊ ထို​နေ့​ရက်​ကာ​လ​သည် ကျမ်း​စာ​ချက်​များ ပြည့်​စုံ​ရ​သော ဒဏ်​စီ​ရင်​ခြင်း​နေ့​ရက်​ကာ​လ ဖြစ်​သ​တည်း။-#ဟော၊ ၉:၇။ 23ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော​မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​ပြည်၌ ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဖြစ်၍ ယု​ဒ​အ​မျိုး​အ​ပေါ်၌ အ​မျက်​ဒေါ​သ သင့်​ရောက်​လိမ့်​မည်။- 24သူ​တို့​သည် ဓား​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​ခြား​သော​ပြည်​အ​ရပ်​ရပ်​သို့ ဖမ်း​သွား​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မိ​မိ​တို့ အ​ချိန်​ကာ​လ မ​ပြည့်​စုံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​ကို ခြေ​နှင့် နင်း​ကြ​လိမ့်​မည်။
လူ​သား​ကြွ​လာ​မည်
(မ၊ ၂၄:၂၉-၃၁။ မာ၊ ၁၃:၂၄-၂၇)
25ထို​အ​ခါ၊ နေ၊ လ၊ ကြယ်​န​က္ခတ်​တို့၌ ပု​ပ္ပ​နိ​မိတ် ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ​လည်း လူ​အ​မျိုး​မျိုး မ​ငြိမ်​မ​သက် စိုး​ရိမ်​ကြောင့်​ကြ​ခြင်း၊ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကြီး​ခြင်း၊-#ဟေ​ရှာ၊ ၁၃:၁၀။ ယေ​ဇ၊ ၃၂:၇။ ယော​လ၊ ၂:၃၁။ ဗျာ၊ ၆:၁၂-၁၃။ 26မြေ​ကြီး​ပေါ်​မှာ ဖြစ်​လ​တ္တံ့​သော ဘေး​များ​ကို​မျှော်၍ ကြောက်​လန့်​သ​ဖြင့်၊ လူ​များ​တို့၏ အ​သက်​ဆုံး​ခြင်း အ​မှု​အ​ရာ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။- 27ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး​လျက် ကြွ​လာ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။-#ဒံ၊ ၇:၁၃။ ဗျာ၊ ၁:၇။ 28ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​စ​ရှိ​သော​အ​ခါ၊ သင်​တို့​ကို ရွေး​နုတ်​သော​အ​ချိန်​ကာ​လ ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ မျှော်​ကြည့်၍ ခေါင်း​ကို​ကြွ​ကြ​လော့​ဟု မိန့်​တော်​မူ၏။
သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ
(မ၊ ၂၄:၃၂-၃၅။ မာ၊ ၁၃:၂၈-၃၁)
29တစ်​ဖန် ထပ်၍ မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊ သင်္ဘော​သ​ဖန်း​ပင်​မှ​စ၍ သစ်​ပင်​များ​တို့​ကို မှတ်​ကြ​လော့။- 30အ​ရွက်​ပေါက်​သော​အ​ခါ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သည် အ​လို​အ​လျောက်​သိ​မြင်​ကြ၏။- 31ထို​နည်း​တူ ထို​အ​ကြောင်း​အ​ရာ​များ​ဖြစ်​သည်​ကို မြင်​ရ​လျှင်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​လု​နီး​သည်​ကို သိ​မှတ်​ကြ​လော့။- 32ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​များ မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- 33ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။
သ​တိ​ပြု​ကြ​လော့။
34သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် အ​စား​အ​သောက်​လွန်​ကြူး​ခြင်း၊ လော​ကီ စိုး​ရိမ်​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​ပင်​ပန်း​လျက်​နေ​စဉ်၊ ထို​နေ့​ရက်​သည် အ​မှတ်​တ​မဲ့ သင်​တို့​နှင့် တွေ့​ကြုံ​လိမ့်​မည်။- 35ထို​နေ့​ရက်​သည် ပိုက်​ကွန်​ကဲ့​သို မြေ​တစ်​ပြင်​လုံး၌​နေ​သော လူ​အ​ပေါင်း​တို့​ကို အုပ်​မိ​လိမ့်​မည်။- 36ထို​ကြောင့် သင်​တို့​သည် ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​နှင့် ကင်း​လွတ်၍ လူ​သား​ထံ​သို့ ရောက်​ခြင်း​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်​အ​ကြောင်း၊ အ​စဉ်​ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။
37ထို​သို့ ကိုယ်​တော်​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ ည​အ​ချိန်​ရောက်​လျှင် သံ​လွင်​အ​မည်​ရှိ​သော​တောင်​သို့ သွား၍ ည​ကို လွန်​စေ​တော်​မူ၏။-#လု၊ ၁၉:၄၇။ 38နံ​နက်​စော​စော လူ​များ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​သို့​သွား၍ အ​ထံ​တော်၌ ဒေ​သ​နာ​တော်​ကို နား​ထောင်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာ 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။