YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 21:1-4

ရှင်လုကာ 21:1-4 Judson Bible (JBMLE)

ထို​နောက် ကိုယ်​တော်​သည် မျှော်​ကြည့်၍၊ ငွေ​ရ​တတ်​သော​သူ​တို့​သည် အ​လှူ​ဒါ​န​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သည်​ကို မြင်​တော်​မူ၏။- ဆင်း​ရဲ​သော မု​ဆိုး​မ​တစ်​ယောက်​သည်​လည်း ကြေး​နီ​ဒင်္ဂါး​နှစ်​ပြား သွင်း​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊- ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​ဆင်း​ရဲ​သော မု​ဆိုး​မ​သည် အ​ခြား​သော​သူ​အ​ပေါင်း​တို့​ထက် သာ၍ သွင်း​ချ​ပြီ။- အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​သော စည်း​စိမ်​ထဲ​က​နုတ်၍ ဘု​ရား​သ​ခင်၏ အ​လှူ​တော်​စု​ထဲ​သို့ သွင်း​ချ​ကြ၏။ ထို​မိန်း​မ​မူ​ကား၊ အ​လွန်​ဆင်း​ရဲ​လျက်​ပင် မိ​မိ​အ​သက်​မွေး​စ​ရာ ဥ​စ္စာ​ရှိ​သ​မျှ​ကို သွင်း​ချ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 21:1-4 Common Language Bible (BCL)

ကိုယ်​တော်​သည်​မော်​၍​ကြည့်​လိုက်​ရာ​ချမ်း​သာ ကြွယ်​ဝ​သူ​များ​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့ အ​လှူ​ဒါ​န​ထည့်​ဝင်​နေ​ကြ​သည်​ကို​မြင်​တော် မူ​၏။- ကြေး​ပြား​နှစ်​ပြား​ကို​ဆင်း​ရဲ​သူ​မု​ဆိုး​မ တစ်​ယောက်​ထည့်​ဝင်​လှူ​ဒါန်း​သည်​ကို​လည်း မြင်​တော်​မူ​၏။- ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ သည်​ဤ​သူ​အ​ပေါင်း​တို့​ထက်​ပို​၍​ထည့်​ဝင် လှူ​ဒါန်း​လေ​ပြီ။- ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ငွေ​ပို​ငွေ​လျှံ​ထဲ​မှ ပေး​လှူ​ကြ​၏။ ဤ​အ​မျိုး​သ​မီး​မူ​ကား​ဆင်း​ရဲ လျက်​နှင့်​မိ​မိ​၏​ချွေး​နှဲ​စာ​ရှိ​သ​မျှ​ကို​ပင် ပေး​လှူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 21:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် မျှော်ကြည့်​၍ ချမ်းသာ​သော​သူ​တို့​သည် အလှူခံ​သေတ္တာ​ထဲသို့ မိမိ​တို့​၏​အလှူ​ငွေ​များ​ထည့်​နေ​ကြ​သည်​ကို မြင်​တော်မူ​၏။ ဆင်းရဲ​သော​မုဆိုးမ​တစ်​ဦး​သည်​လည်း ထို​အလှူခံ​သေတ္တာ​ထဲသို့ လတ္တာ​နှစ်​ပြား​ထည့်​နေ​သည်​ကို မြင်​တော်မူ​၏။ ထိုအခါ ကိုယ်တော်​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ဆင်းရဲ​သော​မုဆိုးမ​သည် အခြား​သူ​အားလုံး​ထက် ပို၍​ထည့်​လေ​ပြီ။ အကြောင်းမူကား ဤ​သူ​အားလုံး​တို့​သည် မိမိ​တို့​၏​ကြွယ်ဝ​ပြည့်စုံ​မှု​ထဲမှ အလှူ​ငွေ​ကို​ထည့်​ကြ​၏။ ဤ​မုဆိုးမ​မူကား မိမိ​၏​ဆင်းရဲ​ချို့တဲ့​မှု​ထဲမှ သူ​၌​ရှိ​သော​အသက်မွေး​စရာ​အားလုံး​ကို ထည့်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။