YouVersion လိုဂို
ရှာရန် အိုင်ကွန်

နှုတ်ကပတ်တော်၌ပါရှိသော ပါဠိ ဝေါဟာရများနမူနာ

နှုတ်ကပတ်တော်၌ပါရှိသော ပါဠိ ဝေါဟာရများ

12 ၏ နေ့ 8

• သမာဓိ - ကောင်းစွာထားခြင်း။ သမာသမတ်ရှိခြင်း။ တည်ကြည်ဖြောင့်မတ်ခြင်း။ အာရုံတစ်ခုတည်း၌ စိတ်တည်ကြည်ခြင်း။ စိတ်ကိုအာရုံအမျိုးမျိုးသို့မပြန့်လွင့် မပြေးသွားစေဘဲ တစ်အာရုံတည်းမှာသာကောင်းစွာထားနိုင်ခြင်း။ (စိတ်၏) ကောင်းစွာ ငြိမ်သက်တည်ကြည်ခြင်း။

To concentrate the mind onto a single thing; To have a pure and intense focus; one-pointedness of the mind; integrity; fairness of mind or attitude.

သမာဓိ ဟူသော ဝေါဟာရပါသော ကျမ်းပိုဒ်

(တိမောသေဩဝါဒစာပထမစောင်၊ ၃း၎)

• သမ္မာ - ကောင်စွာ။ စေ့စပ်စွာ။ ဟုတ်မှန်စွာ။ သင့်လျော်စွာ။ သင့်သောအကြောင်းအားဖြင့်။ မဖောက်မပြန် မှန်ကန်စွာသောအားဖြင့်။ ကောင်းမြတ်သော။ မှန်သောအယူ။ ချီးမွမ်းအပ်သော။ တင့်တယ်သော။ မြင့်မတ်သော။ ပြည့်စုံသော။ ရိုသေစွာ။ ဖြောင့်စွာ။

Goodness; rightness; pleasantness; an unchanging truth; faithfulness; nobility; to be praiseworthy; beauty; completeness; respectful; Having the right/correct view; righteousness.

သမ္မာ ဟူသော ဝေါဟာရပါသော ကျမ်းပိုဒ်များ

(သုတ္တံကျမ်း၊ ၁၈း၁၅၊ ဧဖက်ဩဝါဒစာ၊ ၁း၁၃)

• သုတ္တံ (သုတ္တ၊ သုတ္တန္တ) - ပုဂ္ဂိုလ်အားလျော်စွာ ဟောတော်မူသောစကား။ အကျဉ်းအားဖြင့် ပြသောစကား။ သုတ်။

သုတ္တ - ချည်မျှင်ကြိုး။

Discourses, A wisdom book containing discourses; a formula. Lit: a ruling line/thread.

သုတ္တံ ဟူသော ဝေါဟာရပါသော ကျမ်းပိုဒ်များ

(ဓမ္မရာဇဝင်တတိယစောင်၊ ၄း၃၂၊ ဒေသနာကျမ်း၊ ၁၂း၉)

နေ့ 7နေ့ 9

ဤအစီအစဉ်အကြောင်း

နှုတ်ကပတ်တော်၌ပါရှိသော ပါဠိ ဝေါဟာရများ

ဆရာကြီးယုဒသန်သည် သမ္မာကျမ်းစာကို မြန်မာဘာသာအားဖြင့် ဘာသာပြန်သောအခါ နက်နဲလှသော ပါဠိဝေါဟာရများစွာကို အသုံးပြုခဲ့သည်။ ယနေ့ခေတ်ခရစ်ယာန်များသည် ပါဠိဘာသာစကား၏ အနက်ကို ဂဃနဏ မသိကြပေ။ သမ္မာကျမ်းစာကို အပြည့်အဝ သိကျွမ်းစေရန် နှုတ်ကပတ်တော်၌ပါရှိသော ပါဠိဝေါဟာရများကို သိစေဖို့ ရည်စူးပါသည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် Nwe Eain အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ- https://sites.google.com/view/nwayeain/home