YouVersion လိုဂို
ရှာရန် အိုင်ကွန်

နှုတ်ကပတ်တော်၌ပါရှိသော ပါဠိ ဝေါဟာရများနမူနာ

နှုတ်ကပတ်တော်၌ပါရှိသော ပါဠိ ဝေါဟာရများ

12 ၏ နေ့ 1

ကပ် (ကပ္ပ) – ကာလအချိန်။ ကာလအပိုင်းအခြား။ ကမ္ဘာ၏ သက်တမ်းအပိုင်းအခြား။ ကမ္ဘာပျက်ခြင်း။

ပိဋကတ်လာ သင်္ချာကိန်းဂဏန်းတွင် ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ၊ ကုဋာ၊ ကောဋိ၊ ပကောဋိ၊ ကပ္ပ (ကပ်)။

ကမ္ဘာ ဟုရှိရာ 'ကပ်' သည် သင်္ချာကိန်း၏ နောက်ဆုံးဂဏန်းဖြစ်သည့် အချိန်ကာလကိုခေါ်ပါသည်။

A world cycle; an epoch; an aeon; an age; the end of the world.

ကပ် ဟူသော ဝေါဟာရပါသော ကျမ်းပိုဒ်များ

(မိက္ခာအနာဂတ္တိကျမ်း၊ ၅း၂၊ ရှင်မဿဲခရစ်ဝင်၊ ၂၈း၂၀)

ကံကျွေး (ကမ္မ + ကျွေး) - အခွန်အထုတ်နှင့်တကွ မင်းပေးသောမြို့ရွာနယ်ပယ်။

ကမ္မ (ပါဠိဘာသာ) + ကျွေး (မြန်မာဘာသာ)။

ကမ္မ - အလုပ်၊ အမှု၊ ကိစ္စ။ ကျွေး - စားစေသည်။

Land granted by the king; a person's sphere of influence and control; one who furnishes food for man or beast, in government employ.

ကံကျွေး ဟူသော ဝေါဟာရပါသော ကျမ်းပိုဒ်

(တရားသူကြီးမှတ်စာ၊ ၁ဝး၎)

• ကိလေသာ (ကိလေသ) – လူတို့ကို ညှင်းဆဲနှိပ်စက်ညစ်နွမ်းပင်ပန်းအောင်ပြုလုပ်တတ်သည့် အကုသိုလ် တရားဆိုးများ။ စိတ်အစဉ်ကို ညစ်နွမ်းစေတတ်သောတရားများ။ ဆင်းရဲပင်ပန်းခြင်း။ အပြစ်။ ပူပန်ခြင်း။ စိတ်ကိုညစ်ညူးစေတတ်သောတရား။ လိုချင်တပ်မက်ခြင်း။ ညစ်ညူးကြောင်းဖြစ်သောတရား။

Passion; lust; evil desire; the flame of sin; depravity; impurity; A sinful mental state that clouds the mind and manifest in unwholesome actions.

ကိလေသာ ဟူသော ဝေါဟာရပါသော ကျမ်းပိုဒ်များ

(ဟောရှေအနာဂတ္တိကျမ်း၊ ၄း၁၂၊ တိမောသေဩဝါဒစာဒုတိယစောင်၊ ၂း၂၂)

နေ့ 2

ဤအစီအစဉ်အကြောင်း

နှုတ်ကပတ်တော်၌ပါရှိသော ပါဠိ ဝေါဟာရများ

ဆရာကြီးယုဒသန်သည် သမ္မာကျမ်းစာကို မြန်မာဘာသာအားဖြင့် ဘာသာပြန်သောအခါ နက်နဲလှသော ပါဠိဝေါဟာရများစွာကို အသုံးပြုခဲ့သည်။ ယနေ့ခေတ်ခရစ်ယာန်များသည် ပါဠိဘာသာစကား၏ အနက်ကို ဂဃနဏ မသိကြပေ။ သမ္မာကျမ်းစာကို အပြည့်အဝ သိကျွမ်းစေရန် နှုတ်ကပတ်တော်၌ပါရှိသော ပါဠိဝေါဟာရများကို သိစေဖို့ ရည်စူးပါသည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် Nwe Eain အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ- https://sites.google.com/view/nwayeain/home