နှုတ်ကပတ်တော်၌ပါရှိသော ပါဠိ ဝေါဟာရများနမူနာ
• အာမင် (အာမ) – သဘောတူပါသည်။ ဖြစ်ပါစေ။ မှန်ပါစေသော်။ ဝန်ခံခြင်း။ ဟုတ်ပေ၏။ မှန်ပေ၏။
အာမ – ဟုတ်ပါသည်ဟု ဝန်ခံသောစကား။
အာမ > အာမင်။
Amen.
အာမင် ဟူသော ဝေါဟာရပါသော ကျမ်းပိုဒ်များ
(နေဟမိမှတ်စာ၊ ၈း၆၊ တိမောသေဩဝါဒစာပထမစောင်၊ ၁း၁၇)
• ဥဒါန်း (ဥဒါန) – ဝမ်းမြောက်ရွှင်လန်းသောစကား။ ပီတိအဟုန်ဖြင့် ချီးမြှောက်သောစကား။ အလွန်ဝမ်းမြောက်ကြည်နူးခြင်းကြောင့် ထွက်ပေါ်လာသောစကား။ ကျုးရင့်ခြင်း။ မိမိအဖြစ်ကို ဝမ်းမြောက်ဝမ်းသာ မြွက်ဆိုခြင်း။ ဆီခွက်မဆံ့၍ ဆီများလျှံထွက်လာသကဲ့သို့ နားထောင်မည်သူ တစ်ဦးဦးကို ပြောဟောရန် မရည်ရွယ်ဘဲ ပီတိအဟုန်ကြွ၍ မျိုသိပ်မရသဖြင့် စိတ်နှလုံးအတွင်းမှ လျှံထက်ကျူးရင့် မြွက်ဆိုအပ်သောစကား။
A joyful utterance; to utter words of joy or exultation; to praise with a happy heart; an emotionally heartfelt utterance; as a cup cannot withhold overflowing oil, the joy overflows from the heart, resulting in an abundance of jubilant exultation.
ဥဒါန်း ဟူသော ဝေါဟာရပါသော ကျမ်းပိုဒ်
(ဆာလံကျမ်း၊ ၁၀၄း၃၄)
• ဥပဇ္ဈာယ် (ဥပဇ္ဈာယ) – အမြဲမပြတ် ကြည့်ရှုဆုံးမတတ်သောဆရာ။ ချဉ်းကပ်၍ အတတ်သင်ပေးသောဆရာ။ ချဉ်းကပ်၍ ကြီးကဲသင်ပြသောဆရာ။ နည်းပေးလမ်းညွှန်သောဆရာရင်း။ အပြစ်ကြီးအပြစ်ငယ်ကို ကပ်၍ ရှုတတ်သောသူ။ သုခဒုက္ခဖြစ်လတ်သော် ကပ်၍ အပ်သောသူ။
ဥပ – ကပ်၍။ ဈာ – ကြည့်ရှုတတ်သော။
One's first spiritual teacher, guide, preceptor or mentor; a head monk at a monastery; A senior monk who's duty is to be close with and watch over his disciples, to provide guidance through the scriptures, to judge between big or small matters and to chastise or provide encouragement when need be.
ဥပဇ္ဈာယ် ဟူသော ဝေါဟာရပါသော ကျမ်းပိုဒ်များ
(ဟေရှာယအနာဂတ္တိကျမ်း၊ ၅၅း၎၊ ရှင်မဿဲခရစ်ဝင်၊ ၂၃း၁၀၊ ရှင်ယောဟန်ခရစ်ဝင်၊ ၁၄း၁၆)
ဤအစီအစဉ်အကြောင်း
ဆရာကြီးယုဒသန်သည် သမ္မာကျမ်းစာကို မြန်မာဘာသာအားဖြင့် ဘာသာပြန်သောအခါ နက်နဲလှသော ပါဠိဝေါဟာရများစွာကို အသုံးပြုခဲ့သည်။ ယနေ့ခေတ်ခရစ်ယာန်များသည် ပါဠိဘာသာစကား၏ အနက်ကို ဂဃနဏ မသိကြပေ။ သမ္မာကျမ်းစာကို အပြည့်အဝ သိကျွမ်းစေရန် နှုတ်ကပတ်တော်၌ပါရှိသော ပါဠိဝေါဟာရများကို သိစေဖို့ ရည်စူးပါသည်။
More
ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် Nwe Eain အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ- https://sites.google.com/view/nwayeain/home