YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရဲရင့်စွာရပ်တည်လိုက်ပါ - ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိနမူနာ

Stand: Courage From The Book Of Daniel

7 ၏ နေ့ 6

ယနေ့၏ လှုံးဆော်ဓမ္မစာကို မဖတ်မီ (ဒံ၊ ၆) ကို ဖတ်ပါ။

(ဒ၊ ၆) တွင်၊ ဒံယေလ၏ နောက်ပိုင်းနှစ်များကို ကျွန်တော်တို့တွေ့မြင်ရပါသည်။ သူသည် နိုင်ငံတော်၏ အုပ်ချုပ်သူသုံးပါးတွင် တစ်ပါးအဖြစ် ထင်ရှားကျော်ကြားခဲ့ပါသည်။ သမ္မာတရားနှင့်အညီ ရှင်သန်ခြင်းသည် အောင်မြင်ခြင်းနှင့် ချီးမြှောက်ခြင်းတို့ကို ပြုစုတတ်သည်ဟု ဒံယေလဖော်ပြခဲ့ပါသည်။ ဒံယေလသည် သမ္မာတရားနှင့်အညီ သစ္စာရှိစွာ အသက်ရှင်ခဲ့သောကြောင့် အနှောင့်အယှက်အမျိုးမျိုးတို့ကို ခံရခဲ့ပါသည်။ မိတ်ဆွေသည်လည်း ခရစ်တော်အတွက် သစ္စာရှိစွာ အသက်ရှင်လျှင် အနှောင့်အယှက်အမျိုးမျိုးတို့ကို ခံရပါလိမ့်မည်။ သို့သော်၊ ဒံယေလသည် အနှောင့်အယှက်အမျိုးမျိုးတို့ကို ခံစဉ်တွင် သစ္စာဖောက်၍ အပြစ်ဒုစရိုက်ကို မပြုဘဲ နေခဲ့သည်။

ဒံယေလသည် ဘုရားသခင်ကို နာခံမည်လား (သို့) လူတို့ကို နာခံမည်လားတည်းဟူသော ခဲယဉ်းသောအခြေနေကို ရင်ဆိုင်ခဲ့သည်။ အချိန်တန်မှာ၊ ကျွန်တော်တို့သည် ၎င်းခဲယဉ်းသောအခြေနေကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တရားကို နာခံခြင်းအားဖြင့် ဆင်းရဲဒုက္ခကို ခံဖူးပါသလား။ အလုပ်အခွင့်အရေးတစ်ခု၊ ရာထူးတိုးခြင်း (သို့) ခင်မင်ရင်းနှီးမှုတစ်ခုကို ဆုံးရှုံးသွားနိုင်ခဲ့ပါသည်။ မိတ်ဆွေသည် ဘုရားသခင်ကို နာခံခြင်းကြောင့် လှောင်ပြောင်ခြင်းကို ခံရကောင်းခံရနိုင်ပါသည်။ ဒံယေလ၏ ရပ်တည်မှုသည် သူ့အသက်ကို ဆုံးရှုံးစေနိုင်သော်လည်း ဘုရားသခင်အတွက် ရပ်တည်မှုတွင် သူဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူး။

ဒံယေလသည် ယုံကြည်၌ ရဲရင့်စွာ ရပ်တည်နိုင်သောကြောင့် အလွန်ခက်ခဲလှသောအရာများကို ရင်ဆိုင်ခဲ့ရသည်။ (ဒံ၊ ၆း၁၅) တွင်၊ အရှင်မင်းကြီး၏ ဓမ္မသတ်သည် ဒံယေလကို ဆန့်ကျင်ခဲ့သလို၊ (ဒံ၊ ၆း၁၇) တွင်၊ ဓမ္မတာလည်း ဒံယေလကို ဆီးတားခဲ့သည်ဟု ဖော်ပြထားပါသည်။ ခြင်္သေ့တွင်းဝကို ပိတ်ခဲ့သော ကျောက်ပြားသည် အလွန်လေးလံသောကြောင့် ပြန်လည်းရွေ့လျားရန်မဖြစ်နိုင်ဘဲ ဆာလောင်နေသော ခြင်္သေ့များသည်လည်း သူတို့၏ သားကောင်များကို အမြဲစားလေ့ ရှိကြပါသည်။ ၎င်းသည် ဒံယေလအဖို့ မဖြစ်နိုင်သည့်အခြေအနေတစ်ခုဖြစ်သော်လည်း ဘုရားသခင်သည် မဖြစ်နိုင်သည့်အခြေအနေများတွင် အထူးသဖြင့် တတ်နိုင်တော်မူသည်။

မိတ်ဆွေ၏ အသက်တာတွင် မဖြစ်နိုင်သည့်အခြေအနေကို ရင်ဆိုင်နေပါသလား။ ခရစ်တော်ဘက်၌ ရပ်တည်နေသောကြောင့် မဖြစ်နိုင်သည့်အခြေအနေကို ကြုံနေပါသလား။ စိတ်မပူပါစေနှင့်။ ဘုရားသခင်သည် ဒံယေလကို အသက်အန္တရာယ်မှ ကယ်နုတ်နိင်ခဲ့သလို မိတ်ဆွေကိုလည်း အသက်အန္တရာယ်မှ ကယ်နုတ်နိုင်ပါသည်။

ယနေ့၊ ဆုတောင်းလျက် သမ္မာကျမ်းစာဖတ်ပြီးမှ ကိုယ့်ကိုကိုယ် မေးမြန်းပါ - ယခု ဘုရားသခင်သည် ကျွန်တော်/ကျွန်မ၏ အသက်တာ၌ အသက်အန္တရာယ်မှ ဘယ်လိုကယ်နုတ်ခဲ့ပါသလဲ။ ရင်ဆိုင်နေသော ဤမဖြစ်နိုင်သည့်အခြေအနေတွင် ကျွန်တော်/ကျွန်မ၏ ယုံကြည်ခြင်းနှင့် ရဲရင့်သတ္တိတို့ကို ဘယ်လိုတိုးပွားစေနိုင်မလဲ။

ကျမ်းစာများ

နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

Stand: Courage From The Book Of Daniel

ကျွန်တော်တို့ဟာ ထွက်ပေါက်မရှိသကဲ့သို့ ချောင်ပိတ်ခံရသော်လည်း၊ ရွေးချယ်စရာ ရှိပါသေးသည်။ အရှုံးပေးလျက် လောကီလမ်းကိုလိုက်မလား (သို့) သမ္မာတရားလမ်းကိုပဲ ရဲရင့်စွာ လိုက်မလား။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိအကြောင်းကို လေ့လာပါလိမ့်မည်။

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church