YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရဲရင့်စွာရပ်တည်လိုက်ပါ - ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိနမူနာ

Stand: Courage From The Book Of Daniel

7 ၏ နေ့ 1

ယနေ့၏ လှုံးဆော်ဓမ္မစာကို မဖတ်မီ (ဒံ၊ ၁) ကို ဖတ်ပါ။

ဒံယေလ၏ ခေတ်ကာလသည် ကျွန်တော်တို့၏ ခေတ်ကာလနှင့် အလွန်တူလှပါသည်။ လောကီယဉ်ကျေးမှုသည် ကျွန်တော်တို့ကို သမ္မာတရားလမ်းမှ လွဲသွားစေ၍ ကျွန်တော်တို့၏ ကာယကံ၊ ဝစံကံ၊ မနောကံနှင့် ယုံကြည်ချက်များကို လိုက်လျောညီထွေဖြစ်အောင် အနိုင်အထက် သွေးဆောင်ပါသည်။ သို့သော်၊ ခရစ်ယာန်အနေနှင့် လောကီတရားသို့ မလိုက်သင့်ဘူး။ မိတ်ဆွေသည် ဒံယေလကဲ့သို့ ရဲရဲရင့်ရင့် ရပ်တည်စေရန် လိုအပ်ပါသည်။

လောကီပုံသဏ္ဌာန်ကို ဆောင်ကြလိုက်ပါဟု လောကီသားတိုကို ပြောဆိုလေ့ ရှိကြသည်။ ဒံယေလနှင့် သူ၏အဖော်များသည် အခြားဣသရေလလူငယ်များနှင့် ရောနှောနိုင်သော်လည်း ထိုသို့လုပ်ဆောင်ပါက ဘုရားသခင်၏ ထူးဆန်းလှသောအမှုတော်များကို ဖြစ်ပေါ်လာမည် မဟုတ်ပါ။ ဘုရားသခင်သည် မိတ်ဆွေအား ဒံယေလကဲ့သို့ အသုံးပြုနိုင်ပါသည်။ သို့သော်၊ မိတ်ဆွေသည် လောကီပုံသဏ္ဌာန်ကို မဆောင်ဘဲ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ရဲရင့်သတ္တိရှိသူများသည် သူတစ်ပါးကို လှုံ့ဆော်ပေးတတ်သည်။ ရဲရင့်စွာ ရပ်တည်ခြင်းသည် လောကီပုံသဏ္ဌာန်ဆောင်ခြင်းထက် ပိုမိုမွန်မြတ်သည်မဟုတ်ပါလား။ ရဲရင့်စွာ ရပ်တည်သောသူများသည် အသရေရှိလျက် အစဉ်အမြဲ အောက်မေ့ဖို့ရာ ဖြစ်လိမ့်မည်။ လောကီသားတို့ကို မေ့လျောတတ်သည်။

ယနေ့၊ ဆုတောင်းလျက် သမ္မာကျမ်းစာဖတ်ပြီးမှ ကိုယ့်ကိုကိုယ် မေးမြန်းပါ - ကျွန်တော်/ကျွန်မသည် လောကီပုံသဏ္ဌာန်ကို ဆောင်နေပါသလား။ ခရစ်တော်အတွက် ဘယ်လိုရပ်တည်နိုင်မလဲ။ ဘယ်အချိန်စတင်ရပ်တည်နိုင်မလဲ။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Stand: Courage From The Book Of Daniel

ကျွန်တော်တို့ဟာ ထွက်ပေါက်မရှိသကဲ့သို့ ချောင်ပိတ်ခံရသော်လည်း၊ ရွေးချယ်စရာ ရှိပါသေးသည်။ အရှုံးပေးလျက် လောကီလမ်းကိုလိုက်မလား (သို့) သမ္မာတရားလမ်းကိုပဲ ရဲရင့်စွာ လိုက်မလား။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိအကြောင်းကို လေ့လာပါလိမ့်မည်။

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church