ရဲရင့်စွာရပ်တည်လိုက်ပါ - ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိနမူနာ
ယနေ့၏ လှုံးဆော်ဓမ္မစာကို မဖတ်မီ (ဒံ၊ ၃) ကို ဖတ်ပါ။
ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့၏ ယုံကြည်ခြင်းသည် ဘုရားသခင်၌ အလွန်နက်ရှိုင်းစွာ အမြစ်တွယ်သောကြောင့် အခြားသူများ ပျပ်ဝပ်ကိုးကွယ်သောအခါတွင် ထိုသူတို့သည် ရဲရင့်စွာ ရပ်တည်နိုင်စေခဲ့သည်။ နေဗုခဒ်နေဇာမင်းကြီးသည် ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းအတွက် အပြင်းအထန် ဒဏ်ခတ်တော်မူလိမ့်မည်ဟု သူတို့သိကြသော်လည်း ယုံကြည်၌ တည်ရန် အဆင်သင့်ဖြစ်ကြခဲ့သည်။ မီးဖြင့် စစ်ကြောစုံစမ်းခဲ့သော ယုံကြည်ခြင်းသည် စိတ်ချခိုင်မာသော ယုံကြည်ခြင်း ဖြစ်သည်။ မိမိအသက်တာအကြောင့်ကို ဆင်ခြင်စဉ်းစားလိုက်ပါ။ မိတ်ဆွေ၏ ယုံကြည်ခြင်းအား စစ်ကြောစုံစမ်းသောမီးကို ခံနိုင်ပါသလား။ အဖြေမရသေးသောဆုတောင်းပြုခြင်း၊ မိမိချစ်ရသူတစ်ဦးကို ဆုံးရှုံးခြင်း၊ အခြားသူတစ်ပါး၏ သစ္စာဖောက်ခြင်းကို ခံရခြင်းကို ကြုံနေပါသလား။ ၎င်းအမှုကိစ္စများကို ခံရသောအခါ မိမိယုံကြည်ခြင်းကို စစ်ကြောစုံစမ်းနိုင်ပါသည်။
မိတ်ဆွေ၏ ယုံကြည်ခြင်းကို မီးဖြင့် စစ်ကြောစုံစမ်းခံသောအခါ၊ ဤအချက် (၃) ချက်ကို အောက်မေ့သတိရစေပါ။ ပထမအချက်ကား၊ လူ၏ စကားထက် ဘုရားသခင်၏ စကားတော်ကို နားထောင်သင့်ပါ၏။ နေဗုခဒ်နေဇာမင်းကြီးသည် သူ၏စကားကိုသာ နားထောင်လျက် ပျပ်ဝပ်ကိုးကွယ်ဖို့ ထင်သောလည်း ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့သည် ဘုရားသခင်၏ စကားတော်ကိုသာ နားထောင်လျက် ဘုရားသခင်ဘက်၌ ရဲရင့်စွာ ရပ်တည်ကြခဲ့သည်။ ဒုတိယအချက်ကား၊ မိမိလက်ရှိအခြေနေကို မထောက်ရှုဘဲ ဘုရားသခင်၏ သမ္မာတရားကို စိတ်စွဲလမ်းလိုက်ပါ။ ထိုသူတို့၏ အခြေအနေကား မပျပ်ဝပ်မကိုးကွယ်ဘဲနေသောသူ မည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ချင်းချပစ်စေဟု ဓမ္မတာအောက် နေထိုင်ကြသည်။ သို့ရာတွင်၊ ဘုရားသခင်၏ သမ္မာတရားကား ကိုယ်တော်ဘက်၌ ရပ်တည်သောသူများသည် ဘေးဥဘဒ်နှင့် ကင်းလွတ်လိမ့်မည်။ အနောက်ဆုံးချက်ကား၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်အားကိုးလိုက်ပါ။
ယနေ့၊ ဆုတောင်းလျက် သမ္မာကျမ်းစာဖတ်ပြီးမှ ကိုယ့်ကိုကိုယ် မေးမြန်းပါ - ကျွန်တော်/ကျွန်မ၏ ယုံကြည်ခြင်းသည် မီးဖြင့် စစ်ကြောစုံစမ်းနေပါသလား။ ၎င်းစစ်ကြောစုံစမ်းကို ရဲရင့်စွာ ခံနိုင်မည်အကြောင့် ဘယ်လိုလုပ်နိုင်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ကျွန်တော်တို့ဟာ ထွက်ပေါက်မရှိသကဲ့သို့ ချောင်ပိတ်ခံရသော်လည်း၊ ရွေးချယ်စရာ ရှိပါသေးသည်။ အရှုံးပေးလျက် လောကီလမ်းကိုလိုက်မလား (သို့) သမ္မာတရားလမ်းကိုပဲ ရဲရင့်စွာ လိုက်မလား။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိအကြောင်းကို လေ့လာပါလိမ့်မည်။
More