ရဲရင့်စွာရပ်တည်လိုက်ပါ - ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိနမူနာ
ယနေ့၏ လှုံးဆော်ဓမ္မစာကို မဖတ်မီ (ဒံ၊ ၄) ကို ဖတ်ပါ။
ဒံယေလသည် နေဗုခဒ်နေဇာမင်းကြီးကို ရဲရင့်စွာ ရင်ဆိုင်ခဲ့ပြီး သမ္မာတရားကို ပြောခဲ့သောကြောင့် သေခြင်းတရားကိုလည်း ရင်ဆိုင်ခဲ့သည်။ ဒံယေလသည် နေဗုခဒ်နေဇာမင်းကြီးကို ရဲရဲရင့်ရင့် ရင်ဆိုင်လျက် သူ၏ ဒုစရိုက်အပြစ်တို့ကို ပြသခဲ့သည်။ သူတစ်ပါး၏ အပြစ်ကို ပြ၍ ဆုံးမခြင်းအမှုသည် လူတော်တော်များများအတွက် မလွယ်ချေ။ အကယ်၍၊ လူအများစုသည် အပြစ်ရှိသောကယာကံရှင်များကို ရင်ဆိုင်ရသောအခါ အစွန်းနှစ်ဖက်သို့ ရောက်တတ်ကြပါသည်။ သူတစ်ပါး၏ အပြစ်များကို မပြရဲသူများရှိကြသလို၊ မေတ္တာစိတ်မရှိဘဲ ကြမ်းတမ်းစွာ ဆုံးမသောသူများလည်း ရှိကြပါသည်။
မိတ်ဆွေ၏ အသက်တာတွင် သူတစ်ပါးတို့၏ အပြစ်နှင့်ပတ်သက်ပြီး ရင်ဆိုင်ရမည့်သူ ရှိကောင်းရှိနိုင်ပါသည်။ ခရစ်တော်ကို ယုံကြည်သည်ဟု ပြောဆိုသော်လည်း အလဇ္ဇီစကားပြောသူ၊ ညစ်ပတ်သော ဟာသများပြောသူ (သို့) အမျိုးသမီးများကို ကိလေသာစိတ်ဖြင့် ကြည့်ရှုသော အလုပ်ဖော်တစ်ဦး ဖြစ်နိုင်ပါသည်။ သို့မဟုတ်၊ မိမိအသင်းတော်၌ ပါဝင်သောလည်း အရက်ကို ခိုးသောက်ခြင်းနှင့် မုသားစကား မကြခဏ ပြောဆိုသောလူငယ်တစ်ဦး ဖြစ်နိုင်ပါသည်။ သို့မဟုတ်၊ သူ၏ နှုတ်ဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးတတ်သော်လည်း ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို ကျိန်ဆဲတတ်သောအသိတစ်ဦး ဖြစ်နိုင်ပါသည်။
သူတစ်ပါး၏ အပြစ်ကို ပြသသောအခါ၊ အစွန်းနှစ်ဖက်သို့ ရောက်ဘဲ များစွာသောဆုတောင်းပတ္ထနာပြုခြင်းဖြင့် ထိုကာယကံရှင်ထံ နှိမ့်ချစွာ သွားပါ။ ထိုကာယကံရှင်ကို မတွေ့ခင်မှာ ဤသို့ဆုတောင်းလိုက်ပါ။ ဘုရားသခင်၊ ပြန်လည်ထူထောင်ရေးပန်းတိုင်ကို ရင်ဆိုင်ဖို့ ကူညီတော်မူပါ။ ကျွန်ုပ်အား သမ္မာသတိရှိရှိ ရင်ဆိုင်နိုင်စေရန် မစတော်မူပါ။
ယနေ့၊ ဆုတောင်းလျက် သမ္မာကျမ်းစာဖတ်ပြီးမှ ကိုယ့်ကိုကိုယ် မေးမြန်းပါ - ကျွန်တော်/ကျွန်မ၏ အသက်တာမှာ အပြစ်ကို ပြ၍ ဆုံးမလိုသောသူ ရှိနေပါသလား။ ဆုတောင်းခြင်းနှင့်တကွ ထိုသူကို ဘယ်လိုရင်ဆိုင်နိုင်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ကျွန်တော်တို့ဟာ ထွက်ပေါက်မရှိသကဲ့သို့ ချောင်ပိတ်ခံရသော်လည်း၊ ရွေးချယ်စရာ ရှိပါသေးသည်။ အရှုံးပေးလျက် လောကီလမ်းကိုလိုက်မလား (သို့) သမ္မာတရားလမ်းကိုပဲ ရဲရင့်စွာ လိုက်မလား။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိအကြောင်းကို လေ့လာပါလိမ့်မည်။
More