ရဲရင့်စွာရပ်တည်လိုက်ပါ - ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိနမူနာ
ယနေ့၏ လှုံးဆော်ဓမ္မစာကို မဖတ်မီ (ဒံ၊ ၂) ကို ဖတ်ပါ။
ဒံယေလသည် ရှင်ဘုရင်ကြီးရှေ့တော်သို့ ရောက်သောအခါ၊ သူ့အသက်ကို ချမ်းသာပေးစေရန် မတောင်းဘဲ ရဲရင့်သောစိတ်နှင့် ယုံကြည်သောစိတ်ဖြင့် ရပ်တည်ခဲ့သည်။ ဒံယေလသည် နက်နဲခက်ခဲသောအရာတို့ကို ထင်ရှားစွာ ပြတော်မူသော အနန္တတန်ခိုးရှင်ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပြီး နေဗုခဒ်နေဇာမင်းကြီး၏ အိပ်မက်တော်နှင့် အိပ်မက်တော်၏ အနက်ကို ဖော်ပြခဲ့သည်။
ယုံကြည်ခြင်းသည် ရဲရင်သတ္တိကို ပြုစုတတ်သည်။ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို သိကျွမ်းလျက် ယုံကြည်လိုက်ပါ။ အရာရာ၌ ဘုရားသခင်အတွက် အလွန်ရဲရင့်စွာ ရပ်တည်လိုက်ပါ။ မိမိရဲရင့်သတ္တိသည် လောက၏အလင်း ဖြစ်ပါလိမ့်မည်။ သူတစ်ပါးရှေ့၌ မိတ်ဆွေ၏ အလင်းကို လင်းစေပါ။
ယနေ့၊ ဆုတောင်းလျက် သမ္မာကျမ်းစာဖတ်ပြီးမှ ကိုယ့်ကိုကိုယ် မေးမြန်းပါ - ကျွန်တော်/ကျွန်မသည် ဘုရားသခင်အတွက် ရဲရင့်စွာ ရပ်တည်တတ်ပါသလား။ ကျွန်တော်/ကျွန်မ၏ ရဲရင့်သတ္တိကို ပိုမိုတိုးပွားစေဖို့ ဘယ်လိုလုပ်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ကျွန်တော်တို့ဟာ ထွက်ပေါက်မရှိသကဲ့သို့ ချောင်ပိတ်ခံရသော်လည်း၊ ရွေးချယ်စရာ ရှိပါသေးသည်။ အရှုံးပေးလျက် လောကီလမ်းကိုလိုက်မလား (သို့) သမ္မာတရားလမ်းကိုပဲ ရဲရင့်စွာ လိုက်မလား။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိအကြောင်းကို လေ့လာပါလိမ့်မည်။
More