YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရဲရင့်စွာရပ်တည်လိုက်ပါ - ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိနမူနာ

Stand: Courage From The Book Of Daniel

7 ၏ နေ့ 5

ယနေ့၏ လှုံးဆော်ဓမ္မစာကို မဖတ်မီ (ဒံ၊ ၅) ကို ဖတ်ပါ။

ဗေလရှာဇာမင်းကြီးသည် သူ့ခမည်းတော်နေဗုခဒ်နေဇာ၏ အမှားများမှ မသင်ယူခဲ့ပါ။ နေဗုခဒ်နေဇာသည် နောင်တရ၍ ဘုရားသခင်ဘက်၌ ရပ်တည်ပြုခြင်းအစား ဗေလရှာဇာမင်းကြီးသည် သူ့ကိုယ်သူ ရပ်တည်ပြီး မိမိမာန်မာနနှင့် ဂုဏ်ကို ဦးစားပေးရန် မှားစွာဆုံးဖြတ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မချီးမွမ်းဘဲ မိမိနှင့် ရုပ်တုများကို ချီးမွမ်းခဲ့သည်။ ထို့ကြောင့်၊ ဘုရားသခင်သည် ဗေလရှာဇာမင်းကြီးကို ကျပ်တည်းစွာ အပြစ်စီရင်တော်မူခဲ့သည်။ ထို့နောက်၊ ဗေလရှာဇာမင်းကြီးသည် အလွန်ကြောက်လန့်၍ ယေရုရှလင်မြို့၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကို မသုံးပြုရဲသလို၊ ဘုရားသခင်၏ လူတော်များ၏ အသရေကိုလည်း ဆက်လက်မဖျက်ရဲဘူး။

မိတ်ဆွေသည် ဘာအမှုကိစ္စအတွက် ရပ်တည်နေပါသလဲ။ ယခုခေတ်တွင် လူတော်တော်များများ သမ္မာဒိဋ္ဌိအတွက် မရပ်တည်ဘဲ မိစ္ဆာဒိဋ္ဌိအတွက်သာ ရပ်တည်နေကြသည်။ မိတ်ဆွေ၏ အကျင့်တရားသည် သမ္မာတရားနှင့် ညီပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်တရားကို လိုက်နေပါသလား (သို့) လောကီတရားကို လိုက်နေပါသလား။ လောကီတရားနှင့်အညီ အသက်ရှင်သောအခါ မှားသောလမ်းသို့ ရောက်၍ အပြစ်ဒုစရိုက်များကို ပြုမိလျက် မိမိအပြစ်မရှိဟန် ပြုလိုသောစိတ် ရှိပါလိမ့်မည်။ မိတ်ဆွေသည် လောကီသီချင်းနှင့် ဇာတ်ကားများ ကြိုက်သော်လည်း ၎င်းလောကီမီဒီယာများသည် ဘုရားသခင်၏ စိတ်တော်ကို တွေ့နိုင်ပါသလား။ လောကီသားများသည် မိမိဝစီကံကို လက်ခံနိုင်သော်လည်း ဘုရားသခင်သည် မိမိဝစီကံကို လက်ခံနိုင်ပါသလား။ မိတ်ဆွေ၏ ကာယကံ၊ ဝစီကံနှင့် မနောကံတို့သည် စင်ကြယ်လော၊ မစင်ကြယ်လောဟု ကိုယ်ကိုကိုယ် စစ်ကြောကြပါ။ ယနေ့တွင်၊ ဘုရားသခင်သည် မိတ်ဆွေကို စီရင်လျှင် ဒုက္ခဆင်းရဲသို့ ရောက်မလား။

ယနေ့၊ ဆုတောင်းလျက် သမ္မာကျမ်းစာဖတ်ပြီးမှ ကိုယ့်ကိုကိုယ် မေးမြန်းပါ - ဘုရားသခင်သည် ကျွန်တော်/ကျွန်မ၏ ကာယကံ၊ ဝစီကံနှင့် မနောကံတို့ကို ယခုစီရင်တော်မူလျှင် ဘယ်လိုဖြစ်မလဲ။ ယနေ့၊ ဘုရားသခင်မကြိုက်သော အပြစ်ဒုစရိုက်တို့ကို ဘယ်လိုရှောင်နိုင်မလဲ။

ကျမ်းစာများ

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

Stand: Courage From The Book Of Daniel

ကျွန်တော်တို့ဟာ ထွက်ပေါက်မရှိသကဲ့သို့ ချောင်ပိတ်ခံရသော်လည်း၊ ရွေးချယ်စရာ ရှိပါသေးသည်။ အရှုံးပေးလျက် လောကီလမ်းကိုလိုက်မလား (သို့) သမ္မာတရားလမ်းကိုပဲ ရဲရင့်စွာ လိုက်မလား။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိအကြောင်းကို လေ့လာပါလိမ့်မည်။

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church