YouVersion လိုဂို
ရှာရန် အိုင်ကွန်

နှုတ်ကပတ်တော်တရားကို သိကျွမ်းစေပါနမူနာ

Know the Word

5 ၏ နေ့ 4

(ရော၊ ၆း၂၃) တွင်၊ အပြစ်တရား၏ အခကား သေခြင်းပေတည်းဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ (ရော၊ ၁း၁၈-၂၀) တွင်၊ သမ္မာတရားကို အဓမ္မဖြင့် ဆီးတားနှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်းအမှုအမျိုးမျိုးတို့ တစ်ဖက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက် ရှိ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက် ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာဟု ဖော်ပြထားသည်။

ထို့ကြောင့်၊ လူတစ်စုံတစ်ယောက်သည် ပျောက်ဆုံးသားသကဲ့သို့ အပြစ်တရားကို ကျင့်၍ နေသူသည် မိမိနှလုံးကို လှည့်ဖြားသည်။ (၂ကော၊ ၄း၄) တွင်၊ ဤအမှုကိစ္စကို ဖော်ပြထားသည်။ အရှင်ယေရှုဘုရားသည် ပျောက်သောသားအား သတိရလျှင်ဟု မိန့်တော်မူသောအခါ၊ ထိုသား၏ ဓမ္မစက္ခုကို ပွင့်လင်း၍ မိမိအထဲရှိ မိစ္ဆဒိဋ္ဌိကို ပယ်ရှားခြင်းအကြောင်းကို ရည်ညွှန်းခဲ့သည်။

ပျောက်သောသားဇာတ်တော်သကဲ့သို့၊ လူသားများသည် ဒုက္ခရောက်သောအခါ၊ မိစ္ဆာလမ်းမှ ထွက်၍ သမ္မာတရားလမ်းသို့ ပြန်ရောက်စေသည်။ ဘုရားသခင်က ပရောဖက်ယေရမိတစ်ဆင့် မိန့်တော်မူသည်ကား၊ သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့်တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ (ယေ၊ ၄း၁၈)။ သို့သော်၊ ဒုက္ခရောက်ခြင်းအားဖြင့်၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ (ယေ၊ ၁ဝး၂၃) တည်းဟူသော သမ္မာတရားကို ထင်ရှားစေသည်။ ဆင်းရဲဒုက္ခကို ခံစဉ်တွင်၊ ဘုရားသခင်၏ သဘာဝအလွန် ကူညီမစတော်မူခြင်းကို ရှာဖွေစေသည်။ ဘုရားသခင်ထံ ပြန်လာခြင်းသည် အကျိုးကျေးဇူးကို ပြုစုတတ်သည်။ သို့ရာတွင်၊ ခဲယဉ်းသောကာလများပေးသော သင်ခန်းစားများသည် မိမိဝိညာဉ်ရေးကို ပိုမိုရင့်ကျက်စေဖို့အတွက် အကောင်းဆုံးနည်းလမ်း မဟုတ်ပါ။

(၂တိ၊ ၃း၁၆-၁၇) တွင်၊ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည် စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏ဟု တမန်တော်ကြီး ရှင်ပေါလုသည် ဖော်ပြထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တရားသည် ဩဝါဒပေးခြင်းနှင့် အပြစ်ကိုဖော်ပြခြင်းကို ပေးစေခြင်းငှာ စီရင်တော်မူသည်။ ကျွန်တော်တို့သည် လောကဓံဒုက္ခခံခြင်းအားဖြင့် မဟုတ်ဘဲ နှုတ်ကပတ်တော်တရားကို ခံယူခြင်းအားဖြင့် စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ်ကြပါစို့။

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Know the Word

နှုတ်ကပတ်တော်တရားကို သိကျွမ်းစေဖို့၊ နှုတ်ကပတ်တော်တရားအကြောင်းကို လေ့လာပါစို့။ ဤ (၅) ရက်တာ အစီစဉ်အားဖြင့် ခွန်အားရယူလျက် နှုတ်ကပတ်တော်တရားကို သိကျွမ်းစေပါ။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Andrew Wommack Ministries ကို အထူးကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.awmi.net သို့ ကြည့်ရှုနိုင်ပါသည်။