နှုတ်ကပတ်တော်တရားကို သိကျွမ်းစေပါနမူနာ
မိမိတပည့်တော်များအား မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေမည်အကြောင်း အရှင်ယေရှုဘုရားသည် မိမိခမည်တော်ထံ နှစ်ကြိမ်တိုင်အောင် ဆုတောင်းပတ္ထနာ ပြုခဲ့သည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင်၊ ဘုရားသခင်သည် မိမိနှုတ်ကပတ်တော်တည်းဟူသော သမ္မာကျမ်းစာအားဖြင့် ၎င်းအမှုကို ပြုတော်မူလိမ့်မည်ဟု အရှင်ယေရှုဘုရားအား ဖော်ပြထားသည်။ ဘုရားသခင်အဖို့ အသက်ရှင်ပြီး၊ မာရ်နတ်ကို ဆီးတား၍ ကိုယ်တိုင်လည်း လောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှာ စောင့်ရှောက်လိုသူတို့သည် နှုတ်ကပတ်တော်တရားကို သိကျွမ်းရမည်ဖြစ်သည်။
နှုတ်ကပတ်တော်တရားသည် ဘုရားသခင်၏ အလိုတော်နှင့် လူသား၏ အကျင့်စာရိတ္တနှင့် စိတ်သဘောများကို ဖော်ပြထားသောကြောင့် ၎င်းတရားကို စေ့စေ့ဖတ်ရှုလေ့လာရမည်။ အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် ကျွန်တော်တို့အထဲ၌ ကြွယ်ဝစွာ တည်နေရမည်။ ဘုရားသခင်၏ အလိုတော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တရားပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မသိသူများသည် ဘုရားသခင်၏ အလိုတော်ကိုလည်း မသိနိုင်ကြပေ။
ဘုရားသခင်၏ အလိုတော်နှင့်ဆိုင်သော အသိပညာသည် ခရစ်ယာန်၏ စိတ်သဘောနှင့် အကျင့်စာရိတ္တကို ပြုစုပျိုးထောင်ရာတွင် အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်မသိကျွမ်းလျှင် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဘယ်လိုအသက်ရှင်နိုင်မလဲ။ မိမိအသက်တာအတွက် ဘုရားသခင်၏ အလိုတော်ကို သိကျွမ်းခြင်းသည် ခရစ်ယာန်အားလုံးအတွက် မရှိမဖြစ် လိုအပ်သော ဉာဏ်ပညာ ဖြစ်သည်။ ၎င်းဉာဏ်ပညာကို ဘယ်လိုရနိုင်မလဲ။ ပထမဦးဆုံးအဆင့်က ၎င်းဉာဏ်ပညာအဖို့ လိုသောစိတ် ရှိရမည်ဖြစ်သည်။ (ယေ၊ ၂၉း၁၃) ကား၊ ငါ့ကို ရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်ဟု ဖော်ပြထားသည်။ လူသည် ကိုယ်တော်၏ လိုတော်ကို သိစေဖို့ သခင်ဘုရားကို တောင်းဆိုသော်လည်း နှလုံးအကြွင်းမဲ့ မရှာတာကြောင့် မိမိအလိုမပြည့်စုံနိုင်ကြဘူး။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာသောသူများသည် စိတ်ပျက်ခြင်းသို့ ဘယ်တော့မှ မရောက်နိုင်ပေ။
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ ဉာဏ်ပညာကို ဝေငှ၍ ပေးတော်မူသည်။ ဘုရားသခင်၏ ဗျာဒိတ်တော်မူသောအရာများသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်သာ သိကျွမ်းနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အဓိကအမှုတော်တစ်ပါးကား ဘုရားသခင်၏ အလိုတော်ကို ကျွန်တော်တို့အဖို့ ဖော်ပြပေးခြင်း ဖြစ်သည်။
ဘုရားသခင်၏ အလိုတော်ကို မသိလျှင်၊ ခေါ်တော်မူခြင်းကျေးဇူးတော်ကို ကျွန်တော်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည်အကျင့်ကို အကျင့်နိုင်ကြဘူး။ ထိုနည်းတူစွာ၊ ဘုရားသခင်၏ အလိုတော်ကို မသိလျှင်၊ အသီးကို မသီးနိုင်ဘူး။ ကျွန်တော်တို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသောဘုရားကို သိသောဉာဏ်အားဖြင့်၊ ကျွန်တော်တို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သောအရာရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။ နှုတ်ကပတ်တော်တရားကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လိုက်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
နှုတ်ကပတ်တော်တရားကို သိကျွမ်းစေဖို့၊ နှုတ်ကပတ်တော်တရားအကြောင်းကို လေ့လာပါစို့။ ဤ (၅) ရက်တာ အစီစဉ်အားဖြင့် ခွန်အားရယူလျက် နှုတ်ကပတ်တော်တရားကို သိကျွမ်းစေပါ။
More