နှုတ်ကပတ်တော်တရားကို သိကျွမ်းစေပါနမူနာ
(တရား၊ ၄း၂) ကား၊ ငါမှာထားသောစကား၌ သင်တို့သည် အသစ်မသွင်းရ။ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်ဟု ဖော်ပြထားသည်နှင့်အညီ၊ ဓမ္မသစ်ကျမ်းရှိ (ဗျာ၊ ၂၂း၁၈-၁၉) တွင်၊ ၎င်းသမ္မာတရားကို အလွန်ပြင်းထန်လှသော ပြစ်ဒဏ်များဖြင့် ပြန်လည်ဖော်ပြထားသည်။ အကြင်သူသည် ဘုရားသခင်၏ ပညတ်တော်များကို မလျှော့မစေနှင့်ဟုသော ပညာကို လိုက်နာသောကြောင့် သီလဆောက်တည်ဟန်ပြုသော်လည်း၊ ကိုယ်တော်၏ စကား၌ အသစ်မသွင်းရဟူသော ပညာတော်ကို နားမထောင်ဘဲလျက် အတင်းအဓမ္မ ကျူးလွန်ကြသေးသည်။ လျှို့ဝှက်သော ဖာရိရှဲတို့သည် အပြင်၌ လူတို့ရှေ့မှာ ဖြောင့်မတ်ဟန်ရှိစေခြင်းငှာ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြပြီး အဆက်ဆက်ခံသော နည်းဥပဒေသကို ကျင့်ကြခဲ့သလို၊ အသင်းတော်ဂိုဏ်းအမျိုးမျိုးသည် နှုတ်ကပတ်တော်တရား၌ မပါရှိသော စောင့်ရန်ရှောင်ရန်ကို ဖန်တီးခဲ့သည်။
နှုတ်ကပတ်တော်တရား၌ ထပ်၍အသစ်သွင်းခြင်းကို အပြစ်ကြီးဖြစ်သလို၊ နှုတ်ကပတ်တော်တရားမှ နုတ်ပယ်ခြင်းလည်း အပြစ်ကြီးဖြစ်သည်ဟု အောက်မေ့သတိရစရာ လိုအပ်သည်။ သမ္မာကျမ်းစာသည် စကားပြောသည့်အခါ ကျွန်တော်တို့သည်လည်း စကားပြောရမည်။ သမ္မာကျမ်းစာသည် တိတ်တဆိတ် နေသည့်အခါ၊ ကျွန်တော်တို့သည်လည်း တိတ်တဆိတ် နေရမည်။
ဘုရားသခင်၏ ပညတ်တော်နှင့် လူသား၏ အဆက်ဆက်ခံသော နည်းဥပဒေသများကို လုံးဝမတူညီဘဲလျက် ရှင်းလင်းစွာ ခွဲခြားထားရမည်ဖြစ်သည်။ လူသား၏ အဆက်ဆက်ခံသော နည်းဥပဒေသများကို ဘုရားသခင်၏ ပညတ်တော်အဆင့်အထိ မြှင့်တင်ခြင်းအမှုသည် အချည်းနှီးသက်သက် ဖြစ်သည်။ အဓိက၊ လူသား၏ အဆက်ဆက်ခံသော နည်းဥပဒေသများကို ကျင့်စေခြင်းငှာ၊ ဘုရားသခင်၏ ပညတ်တော်ကို ပယ်ရမည် (သို့) ဘုရားသခင်၏ ပညတ်တော်ကို ကျင့်စေခြင်းငှာ လူသား၏ အဆက်ဆက်ခံသော နည်းဥပဒေသများကို ပယ်ရမည် (ထွ၊ ၂ဝး၃)။ အသင်းတော်၏ ဘာသာရေးဓလေ့များသည် အဆက်ဆက်ခံသော နည်းဥပဒေသများဖြစ်သလို၊ ယခုခေတ်ရှိ အသင်းတော်များ၏ စောင့်ရန်ရှောင်ရန်လည်း အဆက်ဆက်ခံသော နည်းဥပဒေသများသာ ဖြစ်သည်။ လူသား၏ အဆက်ဆက်ခံသော နည်းဥပဒေသများသည် ဘုရားသခင်၏ ပညာတော်ထက် ပိုမိုချီးမြှောက်လျှင် နှုတ်ကပတ်တော်တရား၏ တန်ခိုးသည် မိမိအဖို့ ဆီးတားလိမ့်မည်။ သို့ရာတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်ပြီး (ရော၊ ၃း၃-၄)၊ အကျိုးမရှိဘဲ ကိုယ်တော်ထံသို့ မပြန်ရ (ဟေရှာ၊ ၅၅း၁၁)။
နှုတ်ကပတ်တော်သည် မယုံကြည်သူတိုင်းအတွက် အကျိုးမရှိတော့ဘူး။ သို့သော်၊ နှုတ်ကပတ်တော်၏ တန်ခိုးကို ဘယ်တော့မှ မလျှော့နိုင်ပေ။ လောကီသားများသည် နှုတ်ကပတ်တော်ကို မယုံကြည်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပျက်ပြယ်နေပါသလားဟု လူတချို့တို့သည် မေးကောင်းမေးနိုင်သည်။ ၎င်းမေးခွန်၏အဖြေက မဟုတ်ပါဘူးလို့ ဖြစ်သည်။ နှုတ်ကပတ်တော်တရားသည် ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သည်။
ဤအစီအစဉ်အကြောင်း
နှုတ်ကပတ်တော်တရားကို သိကျွမ်းစေဖို့၊ နှုတ်ကပတ်တော်တရားအကြောင်းကို လေ့လာပါစို့။ ဤ (၅) ရက်တာ အစီစဉ်အားဖြင့် ခွန်အားရယူလျက် နှုတ်ကပတ်တော်တရားကို သိကျွမ်းစေပါ။
More