နှုတ်ကပတ်တော်တရားကို သိကျွမ်းစေပါနမူနာ
ရှင်သောမသည် အရှင်ယေရှုဘုရားကို သိကျွမ်းသူတစ်ဦး ဖြစ်ပေမဲ့၊ ယေရှုသည် လမ်းခရီးဖြစ်သည်ကို သိပ်မသိကျွမ်းခဲ့ဘူး။ ထို့နည်းတူစွာ၊ ယခုခေတ် လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တရားကို နည်းနည်းပါးပါး သိပေမဲ့၊ ထိုနှုတ်ကပတ်တော်တရားသည် အောင်ပွဲလမ်းသို့ ပို့ဆောင်ပေးသောတရားဖြစ်သည်ကို ဂဃနဏ မသိကြပေ။ လူတော်တော်များများသည် ထာဝရဘုရားထံသို့ အသံကို လွှင့်၍ အော်ဟစ်သော်လည် နှုတ်ကပတ်တော်တရားကို ဥပေက္ခာပြုကြသည်။ ဘုရားသခင်သည် မိမိနှုတ်ကပတ်တော်အားဖြင့် ကျွန်တော်တို့ကို မိန့်တော်မူပြီ။ အရာရာ၌ အောင်မြင်စေဖို့ နှုတ်ကပတ်တော်တရားကို ယုံကြည်ကြပါစို့။
အရှင်ယေရှုဘုရားက၊ ငါသည် လမ်းတစ်လမ်း၊ အမှန်တရားတစ်ခု၊ အသက်တစ်မျိုးဖြစ်၏ဟု မိန့်နေတာ်မမူ။ ကိုယ်တော်က၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရဟု မိန့်တော်မူခဲ့သည်။ ဆိုလိုသည်မှာ လူတစ်စုံတစ်ယောက်သည် အရှင်ယေရှုဘုရားကို ယုံကြည်သော်လည်း ယေရှုမှတစ်ပါး အခြားနည်းလမ်း (သို့) အခြားသောအမှန်တရား (သို့) အခြားသောအသက်ဖြင့် ခမည်းတော်ထံသို့ ရောက်နိုင်သည်ဟု ပြောဆိုလျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူ (သို့) သူတစ်ပါးကို လှည့်စားသောသူ ဖြစ်သည်။
၎င်းပြောဆိုခြင်းဖြင့် ထိုသခင်၏ နာမတော်မှတစ်ပါး ကျွန်တော်တို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိတည်းဟူသော သမ္မာတရားကို အတည်ပြုစေသည်။ ကိုယ်တော်၏ စကားတော်သည် သမ္မာစကားဖြစ်သည် (သို့) သူသည် သမိုင်းတွင် အကြီးမာဆုံး လှည့်စားသူ ဖြစ်ခဲ့သည်။ ငါမှတစ်ပါး အခြားနည်းလမ်းများ မရှိဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ ထို့ကြောင့်၊ အရှင်ယေရှုဘုရားနှင့် သူ၏ သွန်သင်ချက်များကို နှစ်သက်မြတ်နိုးသော်လည်း ကိုယ်တော်မှတစ်ပါး အခြားကယ်တင်ခြင်းသို့ ရောက်သော နည်းလမ်းများ မရှိဟု ယူဆသည့် အခြားဘာသာတရားများသည် မှားယွင်းကြသည်။
သမ္မာကျမ်းစာသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ စာရေးကြသည်။ ကျွန်တော်တို့၏ ဦးနှောက်များသို့ စာရေးသည် မဟုတ်ဘဲ ကျွန်တော်တို့၏ စိတ်နှလုံးများသို့ စာရေးခဲ့သည်။ ထို့ကြောင့်၊ လူအချို့သည် သမ္မာကျမ်းစာကို နားလည်သဘောပေါက်ရန် အလွန်ခက်ခဲလှသည်။ ထိုသူတို့သည် မိမိဦးနှောက်ဖြင့် နှုတ်ကပတ်တော်တရားကို နားလည်စေဖို့ ကြိုးစားနေကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်တော်တို့၏ ဉာဏ်ကို မပွင့်မီ ကျွန်တော်တို့၏ စိတ်နှလုံးကို လှုံ့ဆော်ပေးရမည်ဖြစ်သည်။
ဆရာ Andrew Wommack သည် ဤအစီစည်ကို ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ ပိုမိုသိလိုပါက၊ https://www.awmi.net/.
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
နှုတ်ကပတ်တော်တရားကို သိကျွမ်းစေဖို့၊ နှုတ်ကပတ်တော်တရားအကြောင်းကို လေ့လာပါစို့။ ဤ (၅) ရက်တာ အစီစဉ်အားဖြင့် ခွန်အားရယူလျက် နှုတ်ကပတ်တော်တရားကို သိကျွမ်းစေပါ။
More