YouVersion လိုဂို
ရှာရန် အိုင်ကွန်

နှုတ်ကပတ်တော်တရားကို သိကျွမ်းစေပါနမူနာ

Know the Word

5 ၏ နေ့ 1

ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ယနေ့၏ ကျမ်းပိုဒ်များရှိ လောကီသားများသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာဘဝများဖြင့် လွှမ်းမိုးထားသောကြောင့် ကိုယ်တော်၏ လောကုတ္တရာတရားနှင့် စပ်ဆိုင်သော ဝိညာဉ်စကား၏ အရေးပါမှုကို ကျော်သွားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကိုယ်ကာယအဖို့ အကျိုးရှိသော်လည်၊ နှုတ်ကပတ်တော်တရားသည် ဝိညာဉ်စကားဖြစ်ပြီး ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍နားလည်နိုင်သည်။ ဘုရားသခင်ပြောသောစကားတော်သည် ဝိညာဉ်ဖြစ်လျက် နှုတ်ကပတ်တော်၏ သမ္မာတရားကို မိမိစိတ်နှလုံးထဲ၌ ပိုင်းခြား၍နားလည်နိုင်ဖို့ မိမိဝိညာဉ်ကို လိုအပ်သည်။

နှုတ်ကပတ်တော်တရားသည် စက္ကူနှင့် မင်၌သာ တည်သည် မဟုတ်ဘူး။ အရှင်ယေရှုဘုရားသည် နှုတ်ကပတ်တော်ဖြစ်ပြီး၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ မစာရေးမီ ကာလအတန်ကြာမှ ယေရှုသည် နာမ်ဝိညာဉ်ဖြင့် တည်ရှိခဲ့သည်။ သမ္မာကျမ်းစာသည် အရှင်ယေရှုဘုရားနှင့် ဝိညာဉ်ရေးသမ္မာတရားတို့၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်စားပြုမှုတစ်ခု ဖြစ်သည်။ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်သောကြောင့် စုံလင်သောသမ္မာတရား ဖြစ်သည်။ သို့သော်၊ ဝိညာဉ်တော်ဘုရားအားဖြင့် နှုတ်ကပတ်တော်တရားကို မခံမယူလျှင် အကျိုးကို မရနိုင်ချေ။ ထို့ကြောင့်၊ လူတချို့တို့သည် နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး အလွတ်ကျက်ရသော်လည်း ဝိညာဉ်အကျိုးကျေးဇူးများကို မရရှိကြပေ။

ကျွန်တော်တို့၏ ပြင်လူသည် မုန့်အားဖြင့် အသက်ကို မွေးရသလို၊ အတွင်းလူလည်း အသက်မုန့်တည်းဟူသော အရှင်ယေရှုဘုရားအားဖြင့် အသက်ကို မွေးရသည်။ ငါ၏စကားသည် လောကီစကား မဟုတ်ဘဲ လောကုတ္တရာစကား ဖြစ်သည်ဟု အရှင်ယေရှုဘုရားသည် ရှင်းလင်းစွာ မိန့်တော်မူသည်။

ဝိညာဉ်ရေးသမ္မာတရားကို သိကျွမ်းစေဖို့ နှုတ်ကပတ်တော်တရားကို ယုံကြည်ရမည်။ နှုတ်ကပတ်တရားသည် ဝိညာဉ်ဖြစ်သည်။ အသက်လည်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းကို ခံယူစေဖို့ နှုတ်ကပတ်တော်တရားကို စေ့စေ့ကြည့်ရှုရမည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အသံတော်ကို ကြားစေဖို့၊ မိမိနှုတ်ကပတ်တော်တရား၌ ဘုရားသခင် မိန့်တော်မူသောအရာများကို နားထောင်ရမည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားနှင့် နှုတ်ကပတ်တော် (အရှင်ယေရှုဘုရား) သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူသည် (ယော၊ ၁း၁)။

နေ့ 2

ဤအစီအစဉ်အကြောင်း

Know the Word

နှုတ်ကပတ်တော်တရားကို သိကျွမ်းစေဖို့၊ နှုတ်ကပတ်တော်တရားအကြောင်းကို လေ့လာပါစို့။ ဤ (၅) ရက်တာ အစီစဉ်အားဖြင့် ခွန်အားရယူလျက် နှုတ်ကပတ်တော်တရားကို သိကျွမ်းစေပါ။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Andrew Wommack Ministries ကို အထူးကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.awmi.net သို့ ကြည့်ရှုနိုင်ပါသည်။