YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 15:11-17

ရှင်လုကာ 15:11-17 JBMLE

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။- သား​အ​ငယ်​သည် အ​ဘ​ထံ​သို့ သွား၍၊ အ​ဘ၊ အ​ကျွန်ုပ်​ရ​ထိုက်​သော အ​မွေ​ဥ​စ္စာ​ကို​ဝေ၍ ပေး​ပါ​ဟု တောင်း​ပန်​လျှင်၊ အ​ဘ​သည် ဥ​စ္စာ​များ​ကို​ဝေ၍ သား​တို့​အား ပေး​လေ၏။- ထို​နောက်​များ​မ​ကြာ၊ သား​အ​ငယ်​သည် မိ​မိ​ဥ​စ္စာ​များ​ကို သိမ်း​ယူ၍ ဝေး​စွာ​သော​ပြည်​သို့ သွား​ပြီး​လျှင်၊ ထို​ပြည်​မှာ ကာ​မ​ဂုဏ်၌ လွန်​ကျူး​သော​အား​ဖြင့် ဥ​စ္စာ​ပြုန်း​တီး၍၊- ရှိ​သ​မျှ​ကုန်​သော​အ​ခါ၊ ထို​ပြည်၌ ကြီး​စွာ​သော အ​စာ​ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ သူ​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်၏။- ထို​အ​ခါ ပြည်​သား​တစ်​ယောက်​ထံ​သို့​သွား၍ အ​စေ​ခံ​လျှင်၊ ဝက်​တို့​ကို ကျောင်း​စေ​ခြင်း​ငှာ သူ့​သ​ခင်​သည် တော​သို့ စေ​လွှတ်​သ​ဖြင့်၊- သူ​သည် ဝက်​စား​တတ်​သော ပဲ​တောင့်​ကို​ပင် စား​ချင်​မ​တတ် ငတ်​မွတ်​လျက်​နေ​ရ၏။ အ​ဘယ်​သူ​မျှ အ​စာ​ကို​မ​ကျွေး။- ထို​အ​ခါ သ​တိ​ရ​လျှင်၊ ငါ့​အ​ဘ၏​အိမ်၌ အ​ခ​စား​သော​သူ​များ​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။ ငါ​မူ​ကား ဤ​ပြည်၌ သေ​အောင်​အ​ငတ်​ခံ​ရ၏။