ရှင်လုကာ 15:11-17
ရှင်လုကာ 15:11-17 Judson Bible (JBMLE)
တစ်ဖန် မိန့်တော်မူသည်ကား၊ တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။- သားအငယ်သည် အဘထံသို့ သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ၍ ပေးပါဟု တောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အား ပေးလေ၏။- ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊- ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသော အစာခေါင်းပါးခြင်းဖြစ်၍၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်၏။- ထိုအခါ ပြည်သားတစ်ယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှာ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊- သူသည် ဝက်စားတတ်သော ပဲတောင့်ကိုပင် စားချင်မတတ် ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကိုမကျွေး။- ထိုအခါ သတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤပြည်၌ သေအောင်အငတ်ခံရ၏။
ရှင်လုကာ 15:11-17 Common Language Bible (BCL)
ကိုယ်တော်က ``လူတစ်ယောက်မှာသားနှစ်ယောက်ရှိ၏။- သားငယ်သည်အဖအား `အဖ၊ ကျွန်တော်ရထိုက် သောအမွေကိုခွဲဝေပေးပါ' ဟုဆို၏။ ထိုအခါ ဖခင်သည် မိမိ၏ဥစ္စာပစ္စည်းများကိုသားနှစ် ယောက်အားခွဲဝေပေး၏။- ထိုနောက်ရက်အနည်းငယ်ကြာသောအခါ သား ငယ်သည်မိမိ၏ဥစ္စာပစ္စည်းအားလုံးရောင်းချ ၍ရသောငွေကိုယူပြီးလျှင် ဝေးလံရပ်ခြား တိုင်းတစ်ပါးသို့ထွက်သွား၏။ သူသည်ထိုပြည် တွင်အပျော်အပါးလိုက်စားကာ မိမိ၏ငွေကို ဖြုန်းတီးပစ်၏။- ရှိသမျှငွေကုန်ချိန်၌ထိုပြည်တွင်အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် သဖြင့်သူသည်ငတ်ပြတ်လေ၏။- သို့ဖြစ်၍ထိုပြည်သားတစ်ယောက်ထံတွင်ခိုကိုး ရ၏။ ထိုသူကသူ့အားလယ်တောသို့စေလွှတ် ၍ဝက်များကိုကျောင်းစေ၏။- သူသည်ဝက်များစားနေသည့်ပဲတောင့်ကိုပင် စားချင်စိတ်ပေါက်လာ၏။ သို့သော်သူ့အားစား စရာတစ်စုံတစ်ခုကိုမျှပေးမည့်သူမရှိ။- ထိုအခါသူသည်အမြင်မှန်ရရှိလာသဖြင့်`ငါ့ အဖ၏လုပ်သားအားလုံးပင်ဝစွာစားရကြ၏။ ငါမူကားဤအရပ်တွင်ငတ်ပြတ်လျက်နေပါ ပြီတကား။
ရှင်လုကာ 15:11-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ဖန် ကိုယ်တော်က“လူတစ်ဦး၌ သားနှစ်ယောက်ရှိ၏။ သားငယ်သည် ဖခင်အား ‘အဖေ၊ အကျွန်ုပ်ရထိုက်သောအမွေပစ္စည်းကို ခွဲဝေပေးပါ’ဟု ဆိုသဖြင့် ဖခင်သည် သူ၏ဥစ္စာပစ္စည်းများကို သူတို့အား ခွဲဝေပေးလေ၏။ ထို့နောက် ရက်များမကြာမီ သားငယ်သည် မိမိ၌ရှိသမျှတို့ကိုစုစည်းပြီးလျှင် ဝေးလံသောတိုင်းပြည်သို့ခရီးထွက်၍ ထိုအရပ်၌ အထိန်းအကွပ်မရှိအသက်ရှင်လျက် မိမိ၏အမွေပစ္စည်းများကို ဖြုန်းတီးလေ၏။ မိမိ၌ရှိသမျှတို့ကို အကုန်သုံးစွဲပြီးသောအခါ ထိုပြည်အနှံ့တွင် ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် သူသည် ဆင်းရဲနွမ်းပါးခြင်းသို့ရောက်လေ၏။ ထိုအခါ သူသည် ထိုပြည်မှပြည်သားတစ်ဦးထံ သွားရောက်မှီခိုရာ ထိုသူသည် ဝက်တို့ကိုထိန်းကျောင်းရန် သူ့ကို မိမိလယ်သို့စေလွှတ်လေ၏။ သူသည် ဝက်များစားနေသောပဲတောင့်များဖြင့် မိမိဝမ်းကိုဖြည့်ရန် တောင့်တခဲ့၏။ သို့သော် မည်သူကမျှ သူ့ကို စားစရာမပေးခဲ့ချေ။ ထိုအခါ သူသည် အသိတရားပြန်ရ၍ ‘ငါ့အဖေထံ၌ အလုပ်သမားမည်မျှပင်များစေကာမူ သူတို့တွင် စားစရာအလျှံပယ်ရှိ၏။ ငါမူကား ဤအရပ်၌ အစာငတ်လျက် သေလုမတတ်ဖြစ်နေရ၏။