YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 15:11-17

ရှင်လုကာခရစ်ဝင် 15:11-17 MSBU

တစ်ဖန် ကိုယ်တော်​က“လူ​တစ်​ဦး​၌ သား​နှစ်​ယောက်​ရှိ​၏။ သားငယ်​သည် ဖခင်​အား ‘အဖေ၊ အကျွန်ုပ်​ရ​ထိုက်​သော​အမွေ​ပစ္စည်း​ကို ခွဲဝေ​ပေး​ပါ’​ဟု ဆို​သဖြင့် ဖခင်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား ခွဲဝေ​ပေး​လေ​၏။ ထို့နောက် ရက်​များ​မကြာမီ သားငယ်​သည် မိမိ​၌​ရှိသမျှ​တို့​ကို​စုစည်း​ပြီးလျှင် ဝေးလံ​သော​တိုင်းပြည်​သို့​ခရီးထွက်​၍ ထို​အရပ်​၌ အထိန်း​အကွပ်​မ​ရှိ​အသက်ရှင်​လျက် မိမိ​၏​အမွေ​ပစ္စည်း​များ​ကို ဖြုန်းတီး​လေ​၏။ မိမိ​၌​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ပြီး​သောအခါ ထို​ပြည်​အနှံ့​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် သူ​သည် ဆင်းရဲ​နွမ်းပါး​ခြင်း​သို့​ရောက်​လေ​၏။ ထိုအခါ သူ​သည် ထို​ပြည်​မှ​ပြည်သား​တစ်​ဦး​ထံ သွားရောက်​မှီခို​ရာ ထို​သူ​သည် ဝက်​တို့​ကို​ထိန်းကျောင်း​ရန် သူ့​ကို မိမိ​လယ်​သို့​စေလွှတ်​လေ​၏။ သူ​သည် ဝက်​များ​စား​နေ​သော​ပဲတောင့်​များ​ဖြင့် မိမိ​ဝမ်း​ကို​ဖြည့်​ရန် တောင့်တ​ခဲ့​၏​။ သို့သော် မည်သူ​က​မျှ သူ့​ကို စားစရာ​မ​ပေး​ခဲ့​ချေ။ ထိုအခါ သူ​သည် အသိတရား​ပြန်​ရ​၍ ‘ငါ့​အဖေ​ထံ၌ အလုပ်သမား​မည်မျှပင်​များ​စေကာမူ သူ​တို့​တွင် စားစရာ​အလျှံပယ်​ရှိ​၏။ ငါ​မူကား ဤ​အရပ်​၌ အစာငတ်​လျက် သေ​လုမတတ်​ဖြစ်​နေ​ရ​၏။