YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 1:18-20

ရောမ 1:18-20 JBMLE

သ​မ္မာ​တ​ရား​ကို​အ​ဓ​မ္မ​ဖြင့် ဆီး​တား​နှိပ်​စက်​သော​သူ​တို့ ပြု​တတ်​သော ဘု​ရား​မဲ့​နေ​ခြင်း​အ​မှု၊ တ​ရား​ကို လွန်​ကျူး​ခြင်း အ​မှု​အ​မျိုး​မျိုး​တို့ တစ်​ဖက်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ကောင်း​ကင်​မှ ထင်​ရှား​လျက်​ရှိ၏။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သိ​အပ်​သော ဘု​ရား​သ​ခင်၏ အ​ကြောင်း​အ​ရာ​တို့​သည် သူ​တို့​တွင် ထင်​ရှား​လျက်​ရှိ၏။ ဘု​ရား​သ​ခင်​သည် သူ​တို့​အား ပြ​တော်​မူ​ပြီ။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​ကို ထောက်​ရှု​သ​ဖြင့်၊ ထာ​ဝ​ရ​တန်​ခိုး​တော်​နှင့် ထာ​ဝ​ရ​အ​ဖြစ်​တော်​တည်း​ဟူ​သော မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏​အ​ရာ​တို့​သည် က​မ္ဘာ​တည်​သည်​ကာ​လ​မှ​စ၍ ထင်​ရှား​လျက်​ရှိ​ကြ၏။ ထို​ကြောင့်​သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။